ကချင်ပြည်နယ်ရှိ လူထုအခြေပြု မူးယစ်ဆေးဝါး စစ်ပွဲ၊ အောင်မြင်မှုမရှိသည့် မူဝါဒများ၏ သက်သေ

21 March 2016
Article

ပတ်ဂျဆန်ကို ဖွဲ့စည်းတည်ထောင်မှုနှင့် ယင်းတို့၏ ‘လူထုအခြေပြု မူးယစ်ဆေးဝါးစစ်ပွဲ’သည် ကချင် ပြည်နယ်၌သာမက နိုင်ငံတစ်နံတစ်လျား အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာပေါင်းများစွာကို ဖော်ထုတ်မီးမောင်းထိုးပြခဲ့သည်။ အဆုံး၌ မူးယစ်ဆေးဝါးပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းလာပြီဟု ယူဆသည့် ကချင်လှုပ်ရှားတက်ကြွသူများ၏ ချီးမွမ်းထောက်ခံမှုကို ပတ်ဂျဆန်တို့ ရရှိထားသော်လည်း တစ်ဖက်တွင်မူ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဘိန်းစိုက်တောင်သူများအပါအ၀င် အပယ်ခံရပ်ရွာလူထုများအတွက် မည်သည့်ဝန်ဆောင်မှုမျှ ပေးအပ်ထောက်ပံ့မှုမရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အခြားအဖွဲ့အစည်းများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရလျက်ရှိသည်။

A staff member coaxes information from a drug user at a drug rehabilitation center in Kachin State, Myanmar / Photo credit Pailin Wedel
မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးစခန်း၌ ၀န်ထမ်းတစ်ဦးက မူးယစ်ဆေးဝါးသုံးစွဲ သူအား ချော့မော့၍ သတင်းယူနေပုံ/ မူရင်းဓာတ်ပုံပိုင်ရှင် - Pailin Wedel

ကချင်ပြည်နယ်အတွင်းရှိ ရပ်ရွာလူထုများက ‘လူထုအခြေပြု မူးယစ်ဆေးဝါးစစ်ပွဲ’ကို စတင်ဖွင့်လှစ်ခဲ့သည်။ နယ်ခံလူထုအကြား ပိုမိုဆိုးရွားလာသည့် မူးယစ်ဆေးဝါးပြဿ      နာကို တိုက်ဖျက်ရန်အတွက် ပတ်ဂျဆန် (သုတ်သင်ရှင်းလင်းရေး) ဟုခေါ်သည့် အဖွဲ့သစ်တစ်ခုကို လွန်ခဲ့သည့် (၂)နှစ်ခန့်က စတင်ဖွဲ့စည်းခဲ့ကြသည်။ မိမိတို့၏ ရပ်ရွာများ၌ ဘေးအန္တရာယ်ကြီးမားသည့် မူးယစ်ဆေးဝါးများ ထိုးဖောက်စိမ့်ဝင်မှုကို တားဆီးနှိမ်နှင်းရာ၌ အစိုးရအနေဖြင့် လောက်လောက်လားလား အရေးယူဆောင်ရွက်မှုမရှိဟု ခံစားရသဖြင့် ကိုယ်တိုင်တားဆီးနှိမ်နှင်းရေးလုပ်ငန်းများ ဖော်ဆောင်ရန် မိမိတို့သဘောအလျောက် ရွေးချယ်ဖွဲ့စည်းထားသည့် ပတ်ဂျဆန်ကော်မတီမှ ဆုံးဖြတ်ခဲ့သည်။

ပတ်ဂျဆန်တပ်ဖွဲ့များသည် စစ်ဝတ်စုံပုံစံဖြင့် ဆင်တူဝတ်ဆင်၍ တုတ်ချောင်းနှင့် ရော်ဘာတုတ်တိုများ ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးရိုက်နှက်၍ အတင်းအကျပ်ဆေးဖြတ်ပေးသည့် ဌာနများသို့ ထည့်သွင်းခြင်းများပြုလုပ်လျက်ရှိသည်။ ထို့အပြင် ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် ဒေသများမှ ဘိန်းခင်းများကို ဖျက်ဆီးရန်အတွက်လည်း ၄င်းတို့၏တပ်ဖွဲ့များကို စေလွှတ်လျက်ရှိသည်။ အဆုံး၌ မူးယစ်ဆေးဝါးပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းလာပြီဟု ယူဆသည့် ကချင်လှုပ်ရှားတက်ကြွသူများ၏ ချီးမွမ်းထောက်ခံမှု ရရှိထားသော်လည်း တစ်ဖက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဘိန်းစိုက်တောင်သူများအပါအ၀င် အပယ်ခံရပ်ရွာလူထုများအတွက် မည်သည့်ဝန်ဆောင်မှုမျှ ပေးအပ်ထောက်ပံ့မှုမရှိခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အခြားအဖွဲ့အစည်းများ၏ ပြစ်တင်ဝေဖန်ြခင်းကို ခံရလျက်ရှိသည်။ လတ်တလော၌ပင် ၎င်းတို့၏ ဘိန်းခင်းဖျက်ဆီးရေး ကြိုးပမ်းမှုကြောင့် ဘိန်းစိုက်တောင်သူများ၊ ဒေသခံပြည်သူ့စစ်အဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။

ပတ်ဂျဆန်ကို ဖွဲ့စည်းတည်ထောင်မှုနှင့် ‘လူထုအခြေပြု မူးယစ်ဆေးဝါးစစ်ပွဲ’သည် ကချင်ပြည်နယ်၌သာမက နိုင်ငံတစ်နံတစ်လျား အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးဆိုင်ရာ ပြဿ      နာပေါင်းများစွာကို ဖော်ထုတ်မီးမောင်းထိုးပြခဲ့သည်။

ပထမအချက်အနေဖြင့် မြန်မာနိုင်ငံ၌ ဆိုးရွားသည့် မူးယစ်ဆေးဝါးဆိုင်ရာ ပြဿ      နာရပ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိသည်။ အစီရင်ခံစာများအရ အနည်းဆုံး လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း ပြဿ      နာရှိသော မူးယစ်ဆေးဝါးသုံးစွဲမှုမှာ ထိန်းချုပ်လို့မရအောင်မြင့်တက်ခဲ့သည်။ သို့သော်လည်း ယင်းအခြေအနေ၏ တိုးတက်မှုကို ပြဆိုနိုင်သည့် အထောက်အထားများ အလွန်နည်းပါးလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းရှိ ဒေသများ (အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကဲ့သို့သော နယ်မြေဒေသများ) အတွင်း နေထိုင်လျက်ရှိသည့် နယ်ခံရပ်ရွာလူထုများမှာ ဘိန်းဖြူကပ်ဆိုက်မှုနှင့် ၄င်း၏ဆိုးရွားသော နောက်ဆက်တွဲသက်ရောက်မှုများကို တွေ့ကြုံခံစားနေကြရသည်။ ဘိန်းဖြူအကြောထဲ ထိုးသွင်းမှုသည် မြန်မာနိုင်ငံအတွင်း HIV/AIDS ကူးစက်ပြန့်ပွားမှု၏ အဓိကကျသည့် မောင်းနှင်အားတစ်ခုဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ နှစ်အလိုက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ကချင်ပြည်နယ်အတွင်းရှိ မူးယစ် ဆေးဝါးအကြောထဲ ထိုးသွင်းသူများအကြား HIV ကူးစက်ပျံ့နှံ့မှုနှုန်းသည် နိုင်ငံအတွင်းရှိ အခြားဒေသများနှင့် အရှေ့တောင်အာရှတစ်ခွင် အမြင့်ဆုံးဖြစ်နေကြောင်း သိရှိရသည်။ ဆေးလွန်ခြင်းအပါအ၀င် မူးယစ်ဆေး ၀ါးသုံးစွဲမှု ပြဿ      နာရပ်များကြောင့် အရွယ်မတိုင်မီ သေဆုံးသွားခဲ့သော လူငယ်လူရွယ်အမြောက်အများရှိသော် လည်း ယုံကြည်အားထားနိုင်သည့် ကိန်းဂဏန်းအချက်အလက်များမရှိပေ။ မူးယစ်ဆေးစွဲမှုကြောင့် မိသားစုများနှင့် ရွပ်ရွာလူထုများအကြား ကြုံတွေ့ရသည့် ပြဿ      နာများသည် မကြုံစဖူးထူးကဲ ပြင်းထန်လှသည်။ ကချင်အရပ်ဘက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးက “လက်နက်ကိုင်ပဋိပက္ခကြောင့် သေ သွားတဲ့သူတွေထက် မူးယစ်ဆေးဝါးနဲ့ ဆိုင်တဲ့ပြဿနာတွေကြောင့် သေသွားတဲ့ ကချင်တွေပိုများတယ်”ဟု ပြောဆိုခဲ့သည်။

ဒုတိယအချက်အနေဖြင့် ဤပြဿ      နာရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားသည့် လက်ရှိမူဝါဒများ အောင်မြင် မှုမရှိကြောင်း ရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်။ ဤကဲ့သို့သော ကြေကွဲဝမ်းနည်းဖွယ်ရာ ကိစ္စရပ်အပေါ် ဗဟိုအစိုးရနှင့် နယ်ခံအစိုးရများ၏ အရေးယူဆောင်ရွက်မှု အလွန်အားနည်းလျက်ရှိသည်။ လက်ရှိတရားရေးမူ ဘောင်သည် မူးယစ်ဆေးဝါးသုံးစွဲသူများကို ရာဇ၀တ်ကြောင်းအရ အရေးယူခြင်းနှင့် ဖမ်းဆီးနှိပ်ကွပ်မှုကို အ သားပေးလျက်ရှိသည်။ တားဆီးနှိမ်နှင်းရေးအဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းမှုများသည် အများအားဖြင့် မူးယစ်ဆေး ၀ါးသုံးစွဲသူများ သို့မဟုတ် အသေးစားရောင်းဝယ်ရေးသမားများကိုသာ ပစ်မှတ်ထားလျက်ရှိသည်။ ခြားနားချက်အနေဖြင့် မူးယစ်ဆေးဝါးကုန်သွယ်မှုအတွင်း ပါဝင်ပတ်သက်နေသည့် အကြီးစား မူးယစ်ဆေးဝါးကုန်ကူးသူများ၊ အဂတိလိုက်စားသည့် အရာရှိများ သို့မဟုတ် ပြည်သူ့စစ်ခေါင်းဆောင်များကိုမူ မဆိုစလောက်ပမာဏကိုသာ ဖမ်းဆီးအရေးယူခဲ့ဖူးသည်။ ရလဒ်အနေဖြင့် မြန်မာနိုင်ငံ၏ (အထူးသဖြင့်မြောက်ဖျားပိုင်းဒေသများတွင်) အကျဉ်းထောင်လူဦးရေ အများစုသည် မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်လာကြသည်။

မူးယစ်ဆေးဝါးကုသရေးဆိုင်ရာ အရင်းအမြစ်နှင့် ၀န်ဆောင်မှုများမှာလည်း အလွန်ပင်မလုံမလောက် ဖြစ်လျက်ရှိသည်။ ကချင်ပြည်နယ်တစ်ခုလုံးအတွက် ဆေးဖြတ်ပေးသည့် ၀န်ဆောင်မှုရရှိနိုင်သော အစိုးရဆေးရုံနှစ်ခုသာ မြစ်ကြီးနားနှင့် ဗန်းမော်၌ လည်ပတ်လျက်ရှိပြီး လက်ရှိအချိန်ထိ အစိုးရဦးဆောင် ကမကထပြုသည့် ပြန်လည်ထူထောင်ရေးဌာနတစ်ခုတစ်လေမျှ လည်ပတ်နေခြင်းမရှိပေ။ ခြုံငုံပြောရမည်ဆိုပါက နိုင်ငံတော်၏ အရေးယူဆောင်ရွက်မှုသည် ၀န်ဆောင်မှုအပိုင်းတွင် အလွန်တရာ အားနည်းသော်လည်း အခြားတစ်ဖက်တွင်မူ ကျောက်စိမ်း၊ သစ် နှင့် ရွှေအပါအ၀င် ကချင်ပြည်နယ်အတွင်း ပေါကြွယ်ဝလျက်ရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်များကို ခေါင်းပုံဖြတ်အမြတ်ထုတ်ရန် နေရာယူလာသည့် အချောင်သမားဝါဒနှင့် စီးပွားရေးအကျိုးအမြတ်ကိုသာ အသားပေး လုပ်ဆောင်ချက်များစွာရှိနေသည်။

တတိယအချက်အနေဖြင့် နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် မူးယစ်ဆေးဝါး အကြား များစွာဆက်နွယ်ပတ်သက်လျက်ရှိသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်အောင် ပြည်တွင်းစစ်ဖြစ် ပွားလာခဲ့ပြီးနောက် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်လျက်ရှိသည့် အဖွဲ့အစည်းအများအပြားသည် မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ရေးလှုပ်ရှားမှုများကို ငွေကြေးထောက်ပံ့ရန်အတွက် မူးယစ်ဆေးဝါးကုန်သွယ် မှုအပေါ် အားထားခဲ့ကြသည်။ အကျင့်ပျက်ခြစားမှုသည် မြန်မာနိုင်ငံအတွင်း အကြီးမားဆုံးပြဿနာရပ်တစ်ခု ဖြစ်နေပြီး အစိုးရဌာနပေါင်းများစွာနှင့် တပ်မတော်ကိုယ်စားလှယ်အများအပြားသည်လည်း မူးယစ်ဆေးဝါးကုန် သွယ်ရေးမှ အကျိုးအမြတ်ရရှိနေကြသည်။ နောက်ဆက်တွဲရလဒ်အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သူများနှင့် ကုန်ကူးသူများသည် အာဏာပိုင်များ၏ တရားဝင်ခွင့်ပြုချက်ရသကဲ့သို့ ယူဆလာရသည်။

တပ်မတော်မှ ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်တပ်ဖွဲ့အများအပြားသည် အမ်ဖီတမင်းနှင့် ဘိန်း ဖြူထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ၌ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လျက်ရှိသည်ဟု မြန်မာအစိုးရအ ရာရှိများက တိုးတိုးတိတ်တိတ် ၀န်ခံခဲ့ကြသည်။ သို့ရာတွင် မူးယစ်ဆေးဝါးထက်စာလျှင် လုံခြုံရေးကို အဓိကဦး စားပေးလျက်ရှိသည့် တပ်မတော်နှင့် ဆက်ဆံရေးက အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့များကို မည်သူမျှ တို့ထိ၍မရအောင် ကာကွယ်ပေးလျက်ရှိသည်။ ယင်းပြည်သူ့စစ် တပ်ဖွဲ့အများစုမှာ မည်သည့်နိုင်ငံရေး ရည်မှန်းချက်မျှမရှိဘဲ သောင်တင်ရေမကျ အနေအထားကို ထိန်းသိမ်း၍ စီးပွားရေးကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အချို့သော ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်များသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်အနေဖြင့်ပင် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ကြသည်။

အခြားတစ်ဖက်တွင်လည်း မူးယစ်ဆေးဝါးကုန်ကူးမှုအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ခေါင်းပုံချသည့် အလေ့အကျင့်ရှိနေသည်။ ယင်းတို့ထဲမှ အချို့အဖွဲ့အစည်းများသည် အားကောင်းသည့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးမူဝါဒများကို ရေးဆွဲဖော်ဆောင်လျက်ရှိပြီး နိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေးပြဿ      နာရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဒီမိုကရေစီအခြေခံမူများအပေါ် မူတည်သည့် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုနေကြသူများဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုလျက်ရှိသူများအား ဤကဲ့သို့ ခွဲခြားပစ်ပယ်မှုသည် နယ်ခံရပ်ရွာလူထုများအတွက် စိတ်ပျက်အားလျော့စေခဲ့ပြီး နိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ပြဿ      နာရပ်များကို ကိုင်တွယ်ဖြေရှင်းရန်၊ တိုင်းရင်းသားလူမျိုးများ၏ နစ်နာဆုံးရှုံးမှုများနှင့် မျှော်လင့်ချက်များကို အလေးပေးနားထောင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင်ရန် ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဗဟိုအစိုးရ၏ ရိုးသားဖြောင့်မတ်မှုအပေါ် အလေးအနက်မေးခွန်းထုတ်လာခဲ့ကြသည်။

ဤကျရှုံးမှုနောက်ခံကို ဆန့်ကျင်ရန်အတွက် ကချင်ပြည်နယ်လူထုက ပြဿ      နာများကို မိမိတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အဖွဲ့ဝင်များ၏ ဦးဆောင်ကမကထပြုမှုဖြင့် ပတ်ဂျဆန်ကို ထူထောင်ခဲ့ကြသည်။ သို့ရာတွင် လှုပ်ရှားမှုသည် တစ်ရှိန်ထိုး အရှိန်အဟုန်ရလာခဲ့ပြီး KBC၏ ကနဦး လုပ်ဆောင်ချက်ထက်ပင် ကျော်လွန်၍ ထောက်ခံမှုတစ်ခဲနက်ရရှိလာခဲ့သည်။ ပတ်ဂျဆန်လှုပ်ရှားမှု၏ ကျော်ကြားမှုမှာ ပစ်ပယ်ခံရခြင်းနှင့် ထိရောက်မှုမရှိသော မူးယစ်ဆေးဝါးရေးရာမူဝါဒများအပေါ် ကချင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသည့် ရပ်ရွာလူထုများ၏ နှစ်ပေါင်းများစွာ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းနှင့် ဒေါသတို့စုပေါင်းရာမှ ထွက်ပေါ်လာသည့်ရလဒ်ဖြစ်သည်။

ပတ်ဂျဆန်ကို ထောက်ခံအားပေးသူများအနေဖြင့် နောက်ဆုံး၌ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးပြဿ      နာကို အရေးယူဖြေရှင်းပေးသူများ ပေါ်ထွက်လာပြီဟူ၍ ၀မ်းသာနေကြသည်။ သို့ရာတွင် ကချင်ပြည် နယ်အတွင်းသာမက တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပျက်လျက်ရှိသည့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှုနှင့် ကုန်ကူးမှု ဆိုင်ရာ ပြဿ      နာရပ်၏ မူလဇစ်မြစ်အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းမှုမပြုဘဲ ပြဿ      နာအလွယ်တကူ ပြီးဆုံးသွားနိုင်မည်မဟုတ်ပါ။ မူးယစ်ဆေးဝါးကုန်သွယ်မှုအတွင်း အားအနည်းဆုံးကွင်းဆက်များဖြစ်သော မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဘိန်းစိုက်တောင်သူများကို ပစ်မှတ်ထား ပြစ်တင်ဝေဖန်ခြင်းနှင့် ပြစ်ဒဏ်ပေးမှုသည် လူမှုရေးဆိုင်ရာ အထောက်အပံ့များ လိုအပ်လျက်ရှိသည့် ယင်းလူစုများအတွက် ပြဿ      နာကြီးတစ်ခုဖြစ်နေသည်။ အပြစ်ဒဏ်ပေးခြင်းသည် ပြသနာ၏ ဇစ်မြစ်ကို ပြေလည်သွားစေလိမ့်မည် မဟုတ်ပါ။ ပြစ်ဒဏ်ပေးခြင်းသည် ၎င်းတို့အား ပိုမိုဝေဒနာခံစားရစေပြီး ဆင်းရဲတွင်းမှ ကုန်းမထနိုင်အောင် တွန်းပို့လျက်ရှိသည်။ ယင်းအစား အစိုးရနှင့် သက်ဆိုင်ရာအစုအဖွဲ့များအနေဖြင့် နောက်ကွယ်မှ အမှန်တကယ် ထိန်းချုပ်နေသူများ၊ မူးယစ်ဆေးဝါးကုန်သွယ်မှုမှ အကျိုးအမြတ်ရရှိနေသည့် အကြီးစားကုန်သည်များနှင့် ယင်းတို့ကို ထောက်ပံ့ပေးလျက်ရှိသူများကို ဦးတည်ပစ်မှတ်ထားသင့်သည်။

ပြဿ      နာရပ်များသည် အောက်ခြေအဆင့်၌သာ ရပ်တန့်နေခြင်းမရှိပေ။ လွန်ခဲ့သည့် လများအတွင်း ပတ်ဂျဆန် ၏ စစ်ရေးဆန်ဆန်လှုပ်ရှားမှုများသည် နယ်ခံလူထုများအကြား ပဋိပက္ခသစ်များ ပေါ်ပေါက်လာစေနိုင်သည့် အ ရဲစွန့်ရမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ကချင်ပြည်နယ်ရှိ ရှမ်းရပ်ရွာလူထုများက ကချင်ပတ်ဂျဆန် အဖွဲ့ဝင်များမှ ၎င်းတို့၏ ရွာသူရွာသားများအား ဖမ်းဆီးထိန်းသိမ်းမှုနှင့် တစ်ခါတစ်ရံ၌ လက်နက်ကိုင် အတိုက် အခံအဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်းသို့ လွှဲပြောင်းပေးခြင်းအပေါ် စောဒကတက်တိုင်ကြားခဲ့ သဖြင့် ရှမ်းနှင့် ကချင်ရပ်ရွာလူထုများအကြားရှိ ရှိရင်းစွဲတင်းမာမှုများကို ပိုမိုအားကောင်းလာစေခဲ့သည်။ နိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက် အလွန်အရေးပါသည့် ယခုလိုအခါသမယ၌ ဤကဲ့သို့သော ကိစ္စရပ်မျိုးသည် အ လွန်အကဲဆတ်ပြီး အထူးဂရုပြု ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင် ကူးပြောင်းမှု ဆက်လက်ခရီးနှင်နေဆဲကာလမျိုး၌ ပဋိပက္ခများနှင့် လူထု၏ ထိခိုက်နစ်နာမှုများကို ပိုမိုဆိုးရွားလာ အောင် လုပ်ဆောင်ခြင်းထက် ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးကို အားပေးမြှင့်တင်ရန် ပိုမိုအရေးကြီးသည်။

ချုပ်၍ဆိုရသော် ယနေ့နိုင်ငံအတွင်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် စိန်ခေါ်မှုများစွာထဲမှ ကချင်ပြည်နယ်နှင့် အခြားမြောက်ပိုင်းဒေသများရှိ မူးယစ်ဆေးဝါးသုံးစွဲမှု ပျံ့နှံ့ကျယ်ပြန့်လာမှုကို အသိအမှတ်ပြုရန် အလွန်အရေး ကြီးသကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿ      နာများ၏ ဆိုးရွားပြင်း ထန်မှုကို တုန့်ပြန်နိုင်မည့် မူဝါဒများကိုလည်း ရေးဆွဲထုတ်ပြန်ရန် လိုအပ်လျက်ရှိသည်။ အောင်မြင်သည့် မူဝါဒ များကို ရေးဆွဲဖော်ထုတ်နိုင်ရန်အတွက် ထိခိုက်ခံစားရသည့် ရပ်ရွာလူထုများနှင့် ဆွေးနွေးတိုင်ပင်၍ မူးယစ်ဆေး ၀ါးသုံးစွဲသူများနှင့် အသက်ရှင်ရပ်တည်ရန်အတွက် ဘိန်းစိုက်ပျိုးသည့် တောင်သူများကိုလည်း ထည့်သွင်းပါဝင် စေရန် လိုအပ်သည်။

မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ထုတ်လုပ်ဖြန့်ဖြူးမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးရွားသောပြဿ      နာရပ်များကို ကိုင် တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများရေးဆွဲဖော်ထုတ်ရန်အတွက် မတူညီသည့် မဟာဗျူဟာများအပေါ် အကျယ် တ၀င့် ဆွေးနွေးသုံးသပ်သည့် စစ်မှန်သောစကားဝိုင်းများ ဖော်ဆောင်ရန်လိုအပ်လျက်ရှိသည်။ အပြည်ပြည်ဆိုင် ရာ ‘မူးယစ်ဆေးဝါးစစ်ပွဲများ’ ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံအတော်များများက ရှုထောင့် တစ်ခုတည်းမှ ချဉ်းကပ်သည့် လုပ်ဆောင်ချက်မှ ဖယ်ခွာ၍ နှိပ်ကွပ်တင်းကျပ်မှုအပေါ် အခြေခံသည့် မဟာဗျူ ဟာများသည် ဖြေရှင်းချက်တစ်ခုမဟုတ်ဘဲ ပြဿ      နာကို ပိုမိုဆိုးရွားသွားစေလျက်ရှိကြောင်း အသိအမှတ်ပြုလာ ခဲ့ကြသည်။ လတ်တလောမှာပင် အပြည်ပြည်ဆိုင်ရာ မူးယစ်နှိပ်ကွပ်မှုကို နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့သည့် အမေရိကန်ပြည်ထောင်စုကလည်း အောင်မြင်မှုမရှိသည့် သမိုင်းကြောင်းနောက်ခံအရ မူးယစ်ဆေးဝါးထိန်းချုပ်ရေး နှင့်ပတ်သက်၍ ချဉ်းကပ်လုပ်ဆောင်မှုပုံစံသစ်များကို စတင်စဉ်းစားလာပြီဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာမဟာဗျူဟာများ ပြောင်းလဲလာပြီဖြစ်သကဲ့သို့ ကချင်ပြည်နယ်အတွင်း ဤကဲ့သို့သော စိတ်ပျက်ဖွယ် ကောင်းသည့် နောက်ထပ်‘မူးယစ်ဆေးဝါးစစ်ပွဲ’တစ်ခု ထပ်မံဆင်နွှဲခြင်းသည် အမှန်တကယ် အကောင်းဆုံးနည်းလမ်းဟုတ်မဟုတ် မေးခွန်းထုတ်ရန် လိုအပ်သည်။

စိတ်အားတက်ဖွယ်ကောင်းသည့် သတင်းအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာ သည့် အဆိုးရွားဆုံးသော ပြဿ      နာရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ ထိရောက်အောင်မြင်မှုရှိကြောင်း သက် သေပြလျက်ရှိသည့် အခြားရွေးချယ်စရာ နည်းလမ်းကောင်းများရှိနေခြင်းဖြစ်သည်။ နိုင်ငံအတော်များများသည် အဆိုပါနည်းလမ်းတစ်ချို့ကို အောင်အောင်မြင်မြင် စတင်ကျင့်သုံးလျက်ရှိပြီး ယင်းနှင့်ပတ်သက်၍ လေ့လာနိုင် သည့် အတွေ့အကြုံများနှင့် ထောက်ကူပစ္စည်းကိရိယာ အများအပြားလည်းရှိနေပြီဖြစ်သည်။ ယေဘုယျ အနေ ဖြင့် ပြောရမည်ဆိုလျှင် ထိုကဲ့သို့သော မူဝါဒများ၌ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထွန် ယက်သည့် ဆင်းရဲသားတောင်သူများကဲ့သို့သော ထိခိုက်ရန် အလွယ်ကူဆုံးသောသူများကို ပြစ်ဒဏ်ပေးခြင်း ထက်စာလျှင် ထောက်ပံ့ကူညီသည့် လုပ်ဆောင်ချက်များအပေါ် အလေးပေးဖော်ဆောင်မှုများ ပါဝင်လျက်ရှိသ ကဲ့သို့ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများကိုလည်း အကြီးစားမူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများကိုသာ အဓိကထားကိုင်တွယ်သည့်ပုံစံသို့ ဦးတည်ပြောင်းလဲလျက်ရှိသည်။

ဤအတွေ့အကြုံများအပေါ် အခြေခံ၍ နောင်လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံရှိ အောက်ခြေလူထုများအ တွက် လိုအပ်လျက်ရှိသည့် အချက်မှာ နိုင်ငံတစ်နံတစ်လျားရှိ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ထိရောက်မှုရှိပြီး မိမိဆန္ဒအလျောက်ခံယူနိုင်သော ဆေးဝါးကုသရေးနှင့် ၀န်ဆောင်မှုများကို လိုအပ်ချက်များနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာမှုများနှင့်အညီ ပံ့ပိုးပေးရန်သာ လိုအပ်သည်။ ထိုနည်းတူပင် ဘိန်းစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် ရပ်ရွာလူထုအများစုသည် အသက်မွေးဝမ်းကျောင်းသည့် ဗျူဟာအနေဖြင့် ဘိန်းကို စိုက်ပျိုးကြခြင်း ဖြစ်သောကြောင့် ယင်းတောင်သူတစ်ဦးချင်းကို ဖမ်းဆီးထိန်းသိမ်း၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဖျက်ဆီးမည့်အစား ၎င်းတို့၏ ဖွံ့ဖြိုးရေးကို ဦးစားပေးဖြည့်ဆည်းပေးသင့်သည်။

ချုပ်၍ဆိုရသော် ကချင်ပြည်နယ်အတွင်း ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးကပ်ဆိုးသည် ကုန်လွန်ခဲ့သည့် အ တိတ်ကာလအတွင်း အောင်မြင်မှုမရှိသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါဒများ၏ အရေးပေါ် သတိပေးချက်ဖြစ်ပြီး အနာဂတ်ကာလများတွင် နယ်ခံလူထုများနှင့် မိတ်ဖက်ဆောင်ရွက်ခြင်းဖြင့် အားလုံးပူးပေါင်းပါဝင်မှုရှိ၍ ကြိုတင်အသိပေး အကြောင်းကြားမှုရှိသည့် ထိမိလွှမ်းခြုံမှုရှိသော အရေးယူ ဆောင်ရွက်ချက်များ ဖော်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း နှိုးဆ်ာလိုက်ခြင်းဖြစ်သည်။

ဤသုံးသပ်ချက်သည် ဆွီဒင်မှ ရန်ပုံငွေထောက်ပံ့ပေးထားသည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။