TNI သည် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် နိုင်ငံတွင်းရှိ မူးယစ်ဆေးဝါးရေးရာ မူဝါဒများနှင့် အပြန်အလှန်ဆက်စပ်မှုကို တစ်စိုက်မတ်မတ် အာရုံစိုက်စောင့်ကြည့်လေ့လာခဲ့သည်။ TNI သည် ပဋိ ပက္ခနှင့် ဆင်းရဲနွမ်းပါးမှုဒဏ်သင့် နယ်မြေဒေသများရှိ မိမိတို့၏ လူမှုစီးပွားရေးဆိုင်ရာ အကျိုးရလဒ်များ အတွက် ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုရှင်သန်နေကြရသည့် လူထုလူတန်းစားများ၏ ဘိန်းစိုက်ခင်းများကို အတင်းအဓမ္မ လိုက်လံဖျက်ဆီးမှုအပါအ၀င် ဖိနှိပ်ချုပ်ခြယ်မှုပြင်းထန်သည့် ထုတ်လုပ်ဖြန့်ဖြူးမှုလျှော့ချ ရေးမူဝါဒများကို မြန်မာနိုင်ငံ ဘိန်းစိုက်တောင်သူများညီလာခံ(MOFF)ကဲ့သို့သော အရပ်ဖက်လူမှုအဖွဲ့အ စည်းများနှင့်အတူ လေ့လာဆန်းစစ်၍ အစားထိုးနိုင်မည့် အခြားရွေးချယ်စရာနည်းလမ်းများကို အဆိုပြု တင်ပြလျက်ရှိပါသည်။ TNI သည် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ လူ့အခွင့်အရေးနှင့် အန္တရာယ်လျှော့ချ ရေး လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါးဥပဒေ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများ အရှိန်ရလာစေရန်အတွက် မြန်မာမူးယစ်ဆေးဝါးရေးရာမူဝါဒ ပြောင်းလဲရေး စည်းရုံးအ ရေးဆိုမှုအဖွဲ့(DPAG) အပါအ၀င် ပြည်တွင်းအဖွဲ့အစည်းပေါင်းများစွာနှင့် ထဲထဲဝင်ဝင် လက်တွဲဆောင် ရွက်လျက်ရှိသည်။