(၇)ကြိမ်မြောက် ဘိန်းစိုက်တောင်သူများညီလာခံ သဘောထားထုတ်ပြန်ချက် ဖယ်ခုံမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း

13 May 2019
Declaration

ကျွန်ုပ်တို့ ကရင်၊ ကယား၊ ပအိုဝ်း၊ ရှမ်း၊ လားဟူနှင့် ကချင် ဘိန်းစိုက်တောင်သူ ကိုယ်စားလှယ်များသည် ကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများကို နှီးနှောတိုင်ပင်၍ ဆွေးနွေးအဖြေရှာနိုင် စေရန် ၂၀၁၉ ခုနှစ် မေလ ၈-၁၀ ရက်နေ့အတွင်း တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ ဘိန်းစိုက်တောင်သူများ၏ ဘ၀များအပေါ် ရိုက်ခတ်လျက်ရှိသည့် ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်များအားလုံး၌ ဘိန်းစိုက်တောင်သူ များ၏ သဘောထားများကို ထည့်သွင်းစဉ်းစားပေးရန် အလွန်အရေးကြီးသည်ဟု ကျွန်ုပ်တို့ယူဆပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံဘိန်းစိုက်တောင်သူများညီလာခံ(MOFF)ကို ၂၀၁၃ ခုနှစ်မှစ၍ စီစဉ်ကျင်းပလာခဲ့ သည်မှာ ယခု(၇)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။

Opium harvest in southern Shan State, Myanmar / Photo credit Tom Kramer (TNI)

ကျွန်ုပ်တို့ ဘိန်းစိုက်ပျိုးရသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ကမ္ဘာ့လူထုတစ်ရပ်လုံးကို အမြင်ရှင်းစေလိုပါသည်။ ကျွန်ုပ်တို့သည် ဝေးလံခေါင်ဖျားသည့် တောင်တန်းကုန်းမြင့်ဒေသများ၌ နေထိုင်ကြရသည့် လက်လုပ်လက် စားတောင်သူများသာဖြစ်ကြပြီး မိသားစုကို ကျွေးမွေးထောက်ပံ့ရန်နှင့် သားသမီးများ၏ ပညာရေးနှင့် ကျန်း မာရေးကို ထောက်ပံ့နိုင်သည့် ၀င်ငွေရသီးနှံတစ်ရပ်အဖြစ် ဘိန်းကိုစိုက်ပျိုးကြရခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ဆင်းရဲနွမ်းပါးမှုသည်သာလျှင် အဓိကအကြောင်းရင်းဖြစ်နေပါသည်။ မြို့ပြနေလူထုများအနေဖြင့် ကျွန်ုပ်တို့၌ ရွှေတွဲလွဲ ငွေတွဲလွဲဖြစ်နေကြမည်ဟု ယူဆလျက်ရှိသော်လည်း အကယ်စင်စစ် ကျွန်ုပ်တို့သည် ဆင်းရဲနေမြဲ ပင်ဖြစ်သည်။ “သူဌေးတွေက ဘိန်းမစိုက်ကြဘူး”ဟု တောင်သူတစ်ဦးက ပြောဆိုခဲ့ပြီး “ဆင်းရဲသားတွေပဲ ဘိန်းစိုက်ကြတယ်”ဟု ဆက်လက်ပြောဆိုခဲ့သည်။ ကျွန်ုပ်တို့ကို ရာဇ၀တ်သားများအဖြစ် မရှုမြင်စေလိုပါ။ ကျွန်ုပ်တို့အနေဖြင့် အစိုးရကို သို့မဟုတ် ကမ္ဘာကို တော်လှန်ပုန်ကန်ရန် ဘိန်းစိုက်ပျိုးနေကြသည်မဟုတ်ပါ။ အသက်ရှင်ရပ်တည်ရေးအတွက် မလွှဲမရှောင်သာ စိုက်ပျိုးနေကြရခြင်းဖြစ်သည်။   

ကျွန်ုပ်တို့အများအပြားက အခြားတရားဝင်သီးနှံများကို စိုက်ပျိုးလိုသည့် ဆန္ဒကိုယ်စီရှိနေကြသော်လည်း လက်တွေ့မလုပ်နိုင်သည့် အခက်အခဲပေါင်းများစွာရှိနေကြပါသည်။ ပထမအချက်အနေဖြင့် တရားဝင်သီးနှံ ဈေးကွက်မရှိသလို ကုန်စည်နှုန်းထားများလည်း တည်ငြိမ်ခိုင်မာမှုမရှိပေ။ ကျွန်ုပ်တို့၏ ဈေးခေါ်၍ တင်းခံနိုင် သည့် အင်အားမျိုးမရှိပါ။ စီးပွားရေးသမားများသည် ကျွန်ုပ်တို့ထက် အဆက်အသွယ်ကောင်း၍ ပိုမိုစုစုစည်း စည်းရှိကြသဖြင့် ၎င်းတို့ကသာ သီးနှံနှုန်းထားများကို သတ်မှတ်ဆုံးဖြတ်နေကြပါသည်။ ကျွန်ုပ်တို့၌ အား ကောင်းသည့် တောင်သူအဖွဲ့အစည်းမျိုးမရှိသလို စုပေါင်းညှိနှိုင်းအရေးဆိုနိုင်သည့် အင်အားမျိုးလည်း ရှိမ နေကြပါ။ ကျွန်ုပ်တို့၏ ကျေးရွာများသည် အလွန်ဝေးလံခေါင်ဖျား၍ အခြေခံအဆောက်အအုံများ ချို့တဲ့လွန်း သဖြင့် ကြီးမားလွန်းလှသည့် သယ်ယူပို့ဆောင်ရေး စရိတ်စကများကြောင့် တရားဝင်သီးနှံများကို ဈေးကွက် သို့ တင်ပို့ရောင်းချနိုင်ရန် ခဲယဉ်းလွန်းလှပါသည်။ ဘိန်းကုန်သည်များမှလွဲ၍ မည်သည့်ဝယ်လက်မျှ ကျွန်ုပ် တို့ကျေးရွာထွက် တရားဝင်သီးနှံများကို လာရောက်ဝယ်ယူကြခြင်းမရှိပါ။

အစိုးရ၏ အခြေခံလူထုဝန်ဆောင်မှု လုပ်ငန်းများသည်လည်း မရှိသလောက်ရှား၍ ရှိပြန်ကလည်း ပြည့်စုံလုံ လောက်မှုမရှိပါ။ ကျွန်ုပ်တို့ အများစုသည် လျှပ်စစ်မီးထွန်းညှိနိုင်ခြင်းမရှိကြပါ။ အချို့အရပ်၌ မည်ကာမတ္တ လမ်းများရှိသော်လည်း စံချိန်မမီသလို ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများလည်း ချို့တဲ့နည်းပါးလွန်း ပါသည်။ ကျွန်ုပ်တို့ဖက်၍ ရေပေးဝေရေးစနစ်များမရှိခြင်းကလည်း ကျွန်ုပ်တို့၏ တစ်ကိုယ်ရေကျန်းမာသန့် ရှင်းရေးအတွက် ကြီးစွာသောအခက်အခဲတစ်ရပ်ဖြစ်နေပါသည်။ 

အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ရပြီး အကြွေးတင်ကျန်ရစ်ခဲ့သည်က ခပ်များများဖြစ်သည်။ အချို့သောသူများမှာ မိမိတို့၏ အိုးအိမ် ပစ္စည်းဥစ္စာများကိုပင် ဆုံးရှုံးခဲ့ကြရပါသည်။ စိုက်ပျိုးထွန်ယက်ရန် ငွေကြေးအရင်းအနှီးမရှိကြသဖြင့် ချေးငှား သုံးစွဲခဲ့ကြသော်လည်း ပြန်ရသည့်ဝင်ငွေမလုံလောက်သဖြင့် အကြွေးမဆပ်နိုင်ဘဲ မိမိတို့၏ မြေယာများကို ပေါင်နှံရောင်းချခဲ့ကြရပါသည်။ ထို့အပြင် သီးနှံဈေးအတက်အကျ မတည်ငြိမ်မှုကလည်း ဤပြဿနာကို ပိုမို ဆိုးရွားသွားစေလျက်ရှိသည်။

အချို့သော တောင်သူများသည် အခြားသီးနှံများ စိုက်ပျိုးစားသောက်ရန် မြေမရှိကြသဖြင့် ဘိန်းကိုစတင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မြေယာများသည် ကျေးရွာ ၁၂ ရွာနှင့် စိုက်ပျိုးမြေဧကပေါင်း ၃၀၀၀ ကျော်ကို ရေလွှမ်းသွားစေခဲ့သည့် မိုးဗြဲရေကာတာ(1964-1970) တည် ဆောက်မှုကြောင့် ဦးစွာဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ၁၉၈၀ ၀န်းကျင်ခုနှစ်များ၌ ဖော်ဆောင်ခဲ့သည့် တပ်မတော်၏ ‘ဖြတ်လေးဖြတ်’စီမံကိန်းကြောင့် ထပ်မံဆုံးရှုံးခဲ့ရပြီး နောက်ဆုံးအနေဖြင့် ၁၉၉၁ ခုနှစ်၌ တပ် မတော်၏ ဧကပေါင်း ၆၀၀၀ ကျော် သိမ်းဆည်းမှုကို ခံခဲ့ရပြန်သည်။ မရှေးမနှောင်းဆိုသလိုပင် အစိုးရမှ အောင်ပန်း-ကလော မီးရထားလမ်း ဖောက်လုပ်ရန်အတွက် မြေယာများကို ထပ်မံသိမ်းဆည်းခဲ့ပြန်သည်။ ယင်းမီးရထားလမ်းနယ်အတွက် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးကိုယ်တိုင် မြေ ၁၂ ဧက ဆုံးရှုံးခဲ့ရပါ သည်။ ရလဒ်အနေဖြင့် နေရပ်စွန့်ခွာခဲ့ကြရသည့် တောင်သူများသည် ပိုမိုမြင့်မားသည့် ကျေးရွာများသို့ ရွှေ့ ပြောင်းဝင်ရောက်ခဲ့ရပြီး ဆွေမျိုးနီးစပ်များဖြစ်သည့် နယ်ခံကျေးရွာသူရွာသားများ၏ မြေယာနှင့် အခြားအ ရင်းအမြစ်များကို ခွဲဝေသုံးစွဲခဲ့ကြရသည်။ ကုန်းမြင့်ကျေးရွာများဖြစ်သဖြင့် ဘိန်းတစ်မျိုးတည်းသာ စိုက်ပျိုး နိုင်သောကြောင့် ဘိန်းစိုက်ပျိုးမှုမြင့်တက်လာခဲ့သည်။ အဆုံး၌ တောင်သူအများအပြားအတွက် ဘိန်းမှလွဲ၍ အခြား ရွေးချယ်စရာမရှိသည့် အခြေအနေမျိုး ဆိုက်ရောက်သွားခဲ့သည်။ အခြားဒေသများ၌လည်း အလား တူပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ အချို့တောင်သူများ၏ မြေယာများကို သစ်တောဦးစီးဌာ နက သိမ်းဆည်းသွားခဲ့သည်။      

ကျွန်ုပ်တို့အားလုံးသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် လက် နက်ကိုင်ပဋိပက္ခဒဏ်သင့် နယ်မြေဒေသများ၌ နေထိုင်ကြပါသည်။ ငြိမ်းချမ်းရေးမရရှိဘဲ ကျွန်ုပ်တို့ဒေသ ဖွံ့ ဖြိုးတိုးတက်လာနိုင်မည်မဟုတ်ပါ။ လက်နက်ကိုင်ပဋိပက္ခသည် ဘိန်းစိုက်ပျိုးဖြစ်စေရန် နောက်ကွယ်မှ တွန်း အားပေးလျက်ရှိသည့် မောင်းနှင်အားများအနက် အဓိကအကျဆုံးဖြစ်သည်။ အချို့သော နယ်မြေဒေသများ ၌ နှစ်အတန်ကြာ သေနတ်သံများ ချုပ်ငြိမ်းသွားခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာ ရှိနေ ဆဲဖြစ်သဖြင့် အပြည့်အ၀ငြိမ်းချမ်းနေပြီဟု မဆိုနိုင်ပါ။ တန်းတူညီမျှမှုမရှိသမျှ ကျွန်ုပ်တို့နိုင်ငံအတွင်း ငြိမ်း ချမ်းရေးရှင်သန်လာနိုင်မည်မဟုတ်ပါ။ ငြိမ်းချမ်းမှုမရှိသမျှ ကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်မှုရှိလာမည် မဟုတ် သဖြင့် ဘိန်းကိုဆက်လက်စိုက်ပျိုးနေရဦးမည်သာဖြစ်သည်။  

 

လွိုင်လင်မြို့နယ်တွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီးနောက် ပိုင်း ဘိန်းစိုက်ပျိုးရေးစတင်ခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ ငယ်ငယ်တုန်းကဆို ဘိန်းပင်ဆိုတာကို တစ်ခါမျ မမြင်ဖူးခဲ့ပါဘူး။ ခေတ်အဆက်ဆက် ရိုးရာလက်ဖက်နဲ့ သနပ်ဖက်တွေကိုပဲ အစဉ်အဆက်စိုက်ပျိုးလာခဲ့ကြ တာပါ။” ၁၉၈၈ ခုနှစ်၌ တပ်မတော်၏ ‘ဖြတ်လေးဖြတ်’စီမံကိန်းကြောင့် ကျေးရွာတစ်ခုလုံး အတင်းအကျပ် ရွှေ့ပြောင်းနေရာချခံခဲ့ရပြီး ၄ နှစ်အကြာမှသာ နေရင်းရပ်ရွာဒေသသို့ ပြန်လည်ခြေချခွင့်ရရှိခဲ့ကြသည်။ “ပြန်ရောက်တော့ ကျနော်တို့ရဲ့ လက်ဖက်ပင်တွေ သနပ်ပင်တွေအပါအ၀င် တစ်ရွာလုံးဖျက်ဆီးခံခဲ့ရတဲ့အ တွက် တစ်ရွာလုံးကို အစကနေပြန်လည် တည်ဆောက်ခဲ့ရတယ်။ အဲဒီလို အခြေအနေမျိုးမှာ မိသားစုကို ကျွေးမွေးဖို့အတွက် မြန်မြန်နဲ့ ငွေဖြစ်လွယ်တာက ဘိန်းတစ်ခုတည်းပဲရှိတော့တယ်”ဟု တောင်သူတစ်ဦးက ရှင်းလင်းပြောဆိုသွားခဲ့သည်။ 

 

ဘိန်းဈေးများကျဆင်းလာခြင်း

၂၀၁၂ ခုနှစ်မှစ၍ ဘိန်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခဲ့သည်။ အထူးသဖြင့် ၂၀၁၆-၂၀၁၇ ဘိန်းရာသီ အတွင်း အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့သည်။ ၂၀၁၈-၂၀၁၉ ခုနှစ်ရာသီအရောက် အနည်းငယ်ပြန်လည်မြင့် တက်လာခဲ့သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်က ရရှိခဲ့သည့် ဈေးနှုန်းများထက်စာလျှင် များစွာနည်းပါးနေ ဆဲဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင်ရရှိခဲ့သည့် ဈေးနှုန်း၏ ထက်ဝက်မျှသာရှိသည်ဟု ဆိုနိုင်ပါသည်။

ဘိန်းကိုရောင်းချရာ၌ အဆင့်နှစ်ဆင့်ရှိပါသည်။ ကျွန်ုပ်တို့ ဘိန်းစိုက်တောင်သူများအနေဖြင့် နယ်ခံပွဲစားများ ကို ရောင်းချပေး၍ ယင်းကြားပွဲစားများက ကုန်သည်များအား ပြန်လည်ရောင်းချပေးသည်။ တောင်သူများအ နေဖြင့် ကျွန်ုပ်တို့သည် ယင်းကုန်သည်များနှင့် အဆက်အသွယ်မရှိသလို သိကျွမ်းခြင်းလည်းမရှိပါ။ ကျွန်ုပ် တို့အနေဖြင့် နယ်ခံကြားလူများကိုသာ သိရှိကြပါသည်။ ဘိန်းများကို ပိဿာ(၁.၆ ကီလို)ပေါ် အခြေခံ၍ ချိန် တွယ်ရောင်းချခြင်းဖြစ်သည်။  

၂၀၁၈-၂၀၁၉ ရာသီ၏ ပိဿာလိုက် ခြံပေါက်ဝဈေးနှုန်းများ - 

မြို့နယ် နှုန်းထားများ(ကျပ်)

ဖယ်ခုံ ၄၀၀၀၀၀

ပင်လောင်း ၃၅၀၀၀၀

ပင်လုံ ၃၅၀၀၀၀

ဆီဆိုင် ၄၅၀၀၀၀

ဟိုပုံး ၄၅၀၀၀၀

မိုင်းဆတ် ၆၀၀၀၀၀

ဆဒုံး ၈၀၀၀၀၀

ဘိန်းဈေးနှုန်းများ ကျဆင်းလာရသည့် အကြောင်းရင်းများစွာရှိနေသည်ဟု ကျွန်ုပ်တို့ရှုမြင်ပါသည်။ အစိုးရ နှင့် အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုပိုမိုတင်းကျပ်လာသဖြင့် ဘိန်း ကုန်သည်များ ကျေးရွာသို့လာရောက်မှု ပိုမိုနည်းပါးလာခဲ့သည်။ အဆိုပါလက်နက်ကိုင် အဖွဲ့အစည်းများက ဘိန်းဈေးကွက်ကို လက်ဝါးကြီးအုပ်လို၍ ယခုကဲ့သို့တင်းကျပ်လာခြင်းဖြစ်ပြီး ၎င်းတို့နှင့် အချိတ်အဆက်ရှိ သည့် ကုန်သည်များကိုသာ ဘိန်းဝယ်ယူရောင်းချခွင့်ပြုလျက်ရှိသည်။

ထို့အပြင် ကုန်သည်များက ဘိန်းထက် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းသည့် အမ်ဖီတမင်းအမျိုးအစားစိတ်ကြွ ဆေးပြား(ATS)ကို ပိုမိုစိတ်ဝင်စားလာခြင်းကလည်း နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်သည်။ ဒေသတွင်း ATS ၀ယ်လိုအား ဆက်တိုက်ကြီးထွားလာသလို ကုန်သည်များသည်လည်း အရှိန်မြှင့်ထုတ်လုပ် ရောင်းချ လာကြသည်။ ယခုဆိုလျှင် ATS ဈေးကွက်သည် ဘိန်းထက်ပိုမို ကြီးမားနေပြီဖြစ်သလို ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သုံးစွဲရာ၌လည်း ဘိန်းထက်များစွာ ပိုမိုလွယ်ကူလျက်ရှိသည်။ ထို့အပြင် ATS အ ကျိုးအမြတ်သည်လည်း ဘိန်းထက်များစွာ သာလွန်မြင့်မားလျက်ရှိသည်။ 

ထို့အပြင် ကုန်သည်များသည် ဘိန်းစီးပွားရေးထက် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းနေပြီဖြစ်သည့် မြေနှင့် အိမ်ခြံ မြေဈေးကွက်သို့ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ရွှေ့ပြောင်းနေကြပြီဖြစ်သည်။ “သူဌေးတွေက သူတို့ရဲ့ ပိုက် ဆံကို ဘိန်းထဲထည့်ပြီး ရင်းနှီးမြှုပ်နှံတာမျိုး မလုပ်တော့ဘူး။ မြေယာနဲ့ အိမ်ခြံမြေဈေးကွက်တွေထဲ စပြီးရင်း နှီးမြှုပ်နှံလာကြတယ်။ ဘိန်းဝယ်ဖို့လာတဲ့ ကုန်သည် တစ်ယောက် နှစ်ယောက်ပဲရှိတော့တယ်”ဟု တောင် သူတစ်ဦး ဆွေးနွေးပြောဆိုသွားခဲ့သည်။ 

ကချင်ပြည်နယ်၌ ငွေတိုးချေးပေးသူများက ချေးပေးထားသည့် ပိုက်ဆံကို ပြန်ဆပ်စေခြင်းထက် တောင်သူ များ၏ ဘိန်းများကို ဈေးနှိမ်ဝယ်ယူရန် စတင်ကြိုးပမ်းလာလျက်ရှိသည်။ ကျွန်ုပ်တို့အနေဖြင့် အစားအစာနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့နိုင်ရန် ဤကဲ့သို့သော ချေးငွေများကိုရရှိရန် မဖြစ်မနေလို အပ်ပါသည်။ ကျွန်ုပ်တို့၌ အခြားရွေးချယ်စရာများမရှိသလို ညှိနှိုင်းဆွေးနွေးနိုင်သည့် အင်အားမျိုးလည်းမရှိ သဖြင့် ပေးသည့်ဈေးဖြင့်သာ ၎င်းတို့ထံရောင်းချနေကြရသည်။

ကျေးရွာသို့ ၀ယ်လက်များ လာရောက်မှုနည်းပါးလာသည်နှင့်အမျှ ၎င်းတို့အချင်းချင်းကြား ပြိုင်ဆိုင်မှုလည်း နည်းပါးလာခဲ့သည်။ တစ်ခါတစ်ရံ၌ ၀ယ်လက်တစ်ဦးတည်းသာ ရောက်လာသည့်အခါ ငွေကြေးခက်ခဲလျက် ရှိသည့် တောင်သူများအနေဖြင့် ၎င်းကုန်သည်ပေးသမျှ ဈေးနှုန်းဖြင့်သာ မလွှဲမရှောင်သာ ရောင်းချလာရ သည်။

ဘိန်းဈေးများ ဆက်တိုက်ကျဆင်းလျက်ရှိသော်လည်း ကျွန်ုပ်တို့တောင်သူများအတွက် ဘိန်းသည်သာလျှင် စီးပွားရေးအရ တွက်ခြေအကိုက်ဆုံး သီးနှံဖြစ်နေဆဲပင်ဖြစ်သည်။ 

 

ဘိန်းတိုက်ဖျက်ရေး

အစိုးရအနေဖြင့် ကျွန်ုပ်တို့ကျေးရွာများသို့ ဖွံ့ဖြိုးရေးအထောက်အပံ့များ ဆောင်ကျဉ်းလာရမည့်အစား ဘိန်း ခင်းများကို လိုက်လံဖျက်ဆီးခြင်းဖြင့်သာလျှင် ဘိန်းစိုက်ပျိုးမှုကို အရေးယူဆောင်ရွက်လျက်ရှိသည်။ နှစ်စဉ် လိုလို ဘိန်းခြစ်ရာသီရောက်တိုင်း အစိုးရ၏ ဘိန်းခင်းဖျက်ဆီးရေး စီမံချက်များ ဆက်တိုက်ရောက်ရှိလာလေ့ ရှိသည်။ ဘိန်းခင်းဖျက်ဆီးရန် ရောက်ရှိလာသည့် ဌာနပေါင်းစုံအတွက် အစားအသောက်များဖြင့် တည်ခင်း ဧည့်ခံ၍ အသနားခံကြရပါသည်။ တတ်နိုင်သမျှ ကျွန်ုပ်တို့၏ ဘိန်းခင်းများ ဖျက်ဆီးမခံရစေရန် ညှိနှိုင်းအသ နားခံကြရပါသည်။ အသနားခံ၍မရပါက တစ်ခင်းလုံးကို အပြောင်ရှင်းဖျက်ဆီးခြင်းမပြုဘဲ တစ်ချို့တစ်ဝက် ကို ချန်ထားပေးပါရန် အနူးအညွတ်တောင်းပန်ရပြန်သည်။ ညှိနှိုင်းအသနားခံ၍ အောင်မြင်ခဲ့ပါက အပြန်အ လှန်အနေဖြင့် ၎င်းတို့တောင်းဆိုလာသည့် ငွေကြေးပမာဏအတိုင်း ပြန်လည်ပေးချေရပါသည်။   

ဘိန်းစိုက်ပျိုးရန် လိုအပ်သည့် အရင်းအနှီးများကို ချေးငှားသုံးစွဲထားကြရပြီး ကျွန်ုပ်တို့၏ ဘိန်းခင်းများသာ ဖျက်ဆီးခံခဲ့ရပါက ပြန်လည်ပေးချေနိုင်တော့မည် မဟုတ်သဖြင့် အင်အားသုံး၍ ဘိန်းခင်းဖျက်ဆီးမှုရောက် ရှိလာမည်ကို တစ်ချိန်လုံးလိုလို တွေးတောပူပန်နေကြရပါသည်။ ကျေးရွာသို့ ယူနီဖောင်းဝတ်များ ရောက်ရှိ လာသည့်အခါတိုင်း ၎င်းတို့တောင်းသမျှ ငွေကြေးပမာဏကို ပေးချေနိုင်ခြင်းမရှိသဖြင့် ဘိန်းခင်းဖျက်ဆီး သွားမည်ကို စိုးရိမ်ကြောက်လန့်နေကြရပါသည်။  

ဖွံ့ဖြိုးရေးအထောက်အပံ့များ ဦးစွာပေးအပ်ခြင်းမရှိဘဲ အတင်းအကျပ်အင်အားသုံး၍ ဘိန်းခင်းဖျက်ဆီးခြင်း ကြောင့် အသက် ၁၈ နှစ်မှ ၄၀ အကြား အလုပ်လုပ်ကိုင်နိုင်သူအများအပြားသည် ကျေးရွာများကို စွန့်ခွာ၍ ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ရောက်ရှိသွားကြသည်။ တောင်သူတစ်ဦးက “ရွာထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပဲ ကျန်ခဲ့တော့တယ်”ဟု မိမိတို့၏ ကျေးရွာအခြေအနေကို ပြောဆိုသွားခဲ့သည်။ ရွှေ့ပြောင်းအလုပ်အကိုင်က ကျွန်ုပ်တို့၏ ယဉ်ကျေးမှုဓလေ့၊ ရိုးရာပွဲလမ်းသဘင်များနှင့် ကျေးရွာတွင်း အလှူအတန်းပေးသည့် အစဉ်အလာများအပေါ် ဆိုးဆိုးရွားရွား သက်ရောက်ရိုက်ခတ်လာခဲ့သည်။ ထို့အပြင် ဘိန်းခင်းများဖျက်ဆီးခံရခြင်းကြောင့် ကျွန်ုပ်တို့သားသမီးများ၏ အဆင့်မြင့်ပညာရေး သင်ကြားခံယူမှုကို ဆက်လက်ထောက်ပံ့နိုင်ရန် ခက်ခဲလာသည်။ ရွှေ့ပြောင်းလုပ်ကိုင် မှုနှင့်အတူ လူကုန်ကူးမှုများလည်း တွဲဖက်ပေါ်ပေါက်လာခဲ့သည်။ တောင်သူများအနေဖြင့် မိသားစုများကို ကျွေးမွေးထောက်ပံ့နိုင်သည့် ၀င်ငွေမရှိတော့သဖြင့် အခြားအပြောင်းအလဲနည်းလမ်းတစ်ရပ်အဖြစ် ရွှေ့ ပြောင်းအလုပ်အကိုင်ကို ရွေးချယ်လာကြသလို ကြားပွဲစားများအပေါ်၌လည်း ယုံကြည်စိတ်ချတတ်ကြ သည်။ ရွှေ့ပြောင်းအလုပ်သမားအများစု၌ လောက်လောက်လားလား အထောက်အထားများမရှိကြသဖြင့် ထိခိုက်နိုင်ခြေမြင့်မားလျက်ရှိပြီး နိုင်ငံရပ်ခြားရှိ အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကိုလည်း ခါး စည်းခံနေကြရသည်။

ဘိန်းတိုက်ဖျက်ရေးသည် ကျွန်ုပ်တို့ကျေးရွာများရှိ ဘိန်းစိုက်ပျိုးမှုကို လျော့ကျသွားစေနိုင်ခြင်းမရှိပါ။ “ကျ နော် လူမှန်းသိစကတည်းက အစိုးရအဆက်ဆက် ကျနော်တို့ရဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးလာခဲ့ကြတာ အခုအချိန်ထိလည်း တိုက်ဖျက်နေကြတုန်းပဲ။ ဆိုတော့ ဘယ်မှာလာ အောင်မြင်လို့လဲ။ ဒါကြောင့် အစိုးရအ နေနဲ့ ကိုယ့်ရဲ့မဟာဗျူဟာကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။”   

ကချင်ပြည်နယ်၌ ပတ်ဂျဆန်အဖွဲ့လည်း ဘိန်းခင်းများကို လိုက်လံဖျက်ဆီးလျက်ရှိပြီး ကချင်လူထုများအ ကြား အငြင်းပွားဖွယ်ရာ အခြေအနေမျိုး ဖန်တီးလျက်ရှိသည်။ အခြားတစ်ဖက်တွင်လည်း ရဲတပ်ဖွဲ့မှ ပတ်ဂျဆန်အား ကချင်နယ်ခြားစောင့်တပ်ဖွဲ့ ကျောထောက်နောက်ခံပြု အကာအကွယ်ပေးထားသည့် ဘိန်း စိုက်တောင်သူများနှင့် ထိတွေ့တိုက်ခိုက်ရန် ခွင့်ပြုထားခဲ့သည်။ အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပတ် ဂျဆန်အဖွဲ့များအားလုံး ကျွန်ုပ်တို့ကို ရာဇ၀တ်သား မကောင်းဆိုးဝါးများအဖြစ် ပုံဖော်နေကြပါသည်။ ပတ်ဂျ ဆန်သည် ဘာသာရေးအခြေပြု အဖွဲ့အစည်းတစ်ရပ်ဖြစ်သော်လည်း ၎င်းတို့၏ အဖွဲ့ဝင်များသည် ဘိန်းစိုက် ပျိုးလျက်ရှိသည့် ရပ်ရွာအသိုက်အ၀န်းများမှ ပေါက်ဖွားလာကြသူများ မဟုတ်ကြပေ။ သို့ဖြစ်၍ ဘိန်းစိုက် တောင်သူများနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိသည့် တောင်သူများအကြား အပြန်အလှန်စာနာနား လည်မှုမရှိကြပေ။ ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် အခြေအနေနှင့် အခက်အခဲများကို အခြားသီးနှံ စိုက်ပျိုးကြသည့် တောင်သူများအား နားလည်သဘောပေါက်စေလိုပါသည်။    

 

ဖွံ့ဖြိုးရေးအခြေခံမူများ

ကျွန်ုပ်တို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘိန်းစိုက်ပျိုးမှုအပေါ် ကျွန်ုပ်တို့၏ မှီခိုရှင်သန်ရမှုကို လျှော့ ချနိုင်စေရန် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပံ့ပိုးကူညီမှု မရှိသလောက်နည်းပါးလွန်းလှပါသည်။ လက်ရှိဖော် ဆောင်လျက်ရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းအချို့၌ ပြဿနာမျိုးစုံဖြစ်ပေါ်လျက်ရှိသည်။ 

ရပ်ရွာဒေသတစ်ခု၌ ရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ကျွန်ုပ်တို့၏ ဘိန်းခင်းများကို ဖျက်ဆီးရန်လာရောက်ခဲ့စဉ်က ဘိန်းခင်းဖျက်ဆီးမှုကို ရှောင်လွှဲနိုင်ရန် သို့မဟုတ် လျှော့ချနိုင်စေရန်အတွက် ၀ိုင်းဝန်းညှိနှိုင်းတောင်းဆိုရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့သော်လည်း ရဲအရာရှိဖြစ်သူက ကျွန်ုပ်တို့သည် UNODC ၏ စီမံကိန်းအထောက်အ ပံ့များကို ရယူထားပြီးဖြစ်သောကြောင့် ဘိန်းခင်းများကို မဖြစ်မနေဖျက်ဆီးပစ်ရန် လိုအပ်သည်ဟု ပြောဆို သွားခဲ့သည်။ ယင်းအရာရှိကပင် အကယ်၍ ကျွန်ုပ်တို့၏ ဘိန်းခင်းများကို ဖျက်ဆီးခြင်းမပြုဘဲ ပြန်သွားခဲ့ လျှင် UNODC ၏ ဘိန်းစစ်တမ်းအတွင်း ဂြိုလ်တုပုံရိပ်များဖြင့် ထည့်သွင်းဖော်ပြလာမည်ကို စိုးရိမ်ပူပန်သည် ဟု ဆက်လက်ပြောဆိုသွားခဲ့သည်။ 

ယင်းကျေးရွာရှိ အိမ်ထောင်စုတစ်ခုစီတိုင်း UNODC ၏ အထောက်အပံ့ရရှိနေကြသည်မဟုတ်ဘဲ မိသားစု အားလုံးပေါင်း၏ ၁၀% ခန့်သာ စီမံကိန်း၌ ပါဝင်ခွင့်ရရှိခြင်းဖြစ်သည်။ ယင်းအချက်က စီမံကိန်းအထောက် အပံ့ရရှိသူများနှင့် မရရှိသူများအကြား ပြဿနာတက်လာစေခဲ့သည်။ “မင်းတို့ UNODC စီမံကိန်းထဲ ၀င်သွား တဲ့အတွက် ငါတို့ရဲ့ ဘိန်းခင်းတွေ အခုလိုဖျက်ဆီးခံရတာ”ဟု စီမံကိန်းအတွင်း ပါဝင်ခြင်းမရှိသည့် မိသားစု များက စီမံကိန်းဝင်အိမ်ထောင်စုများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

UNODC ကော်ဖီစီမံကိန်း၌ ပါဝင်လျက်ရှိသည့် မိသားစုများပင်လျှင် မိမိတို့၏ စားဝတ်နေရေးအတွက် လုံ လောက်မျှတသည့် ၀င်ငွေများကို ဖန်တီးရယူနိုင်ခြင်းမရှိသေးသဖြင့် အများအပြားသည် ဆက်၍ဘိန်းစိုက် နေကြဆဲဖြစ်သည်။ ကျွန်ုပ်တို့၏ ကော်ဖီများကို UNODC ညွှန်ကြားထားသည့် ကုမ္ပဏီသို့ ပြင်ပပေါက်ဈေး ထက်လျှော့၍ ရောင်းချနေကြရပါသည်။ 

အစားထိုးသီးနှံများမှ အကျိုးအမြတ်ရရှိရန် နှစ်အနည်းငယ်ခန့် စောင့်ဆိုင်းကြရသဖြင့် ပထမဦးဆုံးသီးထွက် မရရှိခင် ဘိန်းစိုက်ပျိုးမှုကို ချက်ခြင်းရပ်တန့်ရန် တောင်သူများအား တောင်းဆိုခြင်းသည် တရားမျှတမှုမရှိပါ။ 

အစိုးရနှင့် နိုင်ငံရေးပါတီများအား တွေ့ဆုံဆွေးနွေးခြင်း 

ယခင်က ကျွန်ုပ်တို့၏ အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရန် စိုးရွံ့ခဲ့ကြပါသည်။ မွေး ဖွားလာချိန်မှစ၍ အကြောက်တရားအောက်၌ ရှင်သန်ကြီးပြင်းခဲ့ကြရပြီး ဖမ်းဆီးခံရမည်ကို စိုးရိမ်ပူပန်ရ သဖြင့် မည်သည့်ကိစ္စရပ်ကိုမျှ ထုတ်ဖော်ပြောဆိုရဲသည့် သတ္တိမရှိခဲ့ကြပါ။ သို့သော်လည်း ယခုအချိန်၌ နိုင်ငံ ရေးရေချိန် ပြောင်းလဲလာပြီဖြစ်သောကြောင့် ကျွန်ုပ်တို့၏ အရေးအရာများကို ထုတ်ဖော်ပြောဆိုရန် လိုအပ် လာပြီဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ‘ဘိန်းစိုက်တောင်သူများ၏ ဘ၀’ဟူသည့် ဗီဒီယို မှတ်တမ်းတိုလေးတစ်ခု ထုတ်ပြန်ခဲ့သလို ကမ္ဘာ့မူးယစ်ဆေးဝါးရေးရာကော်မတီ(CND)သို့ ကျွန်ုပ်တို့၏ အ ခြေအနေနှင့် အကြံပြုချက်များပါဝင်သည့် ဗီဒီယိုမှတ်တမ်းတစ်ခုကိုလည်း ပေးပို့တင်သွင်းခဲ့ကြပါသည်။   

ကျွန်ုပ်တို့သည် ၂၀၁၅ ခုနှစ်အတွင်း နေပြည်တော်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးအလွဲသုံးစားမှုထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC)မှ အရာရှိကြီးများကို သွားရောက်တွေ့ဆုံခွင့် ရရှိခဲ့ကြပါသည်။ ယခုအကြိမ်သည် ကျွန်ုပ်တို့အတွက် အဆင့်မြင့်အစိုးရအရာရှိကြီးများအား ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအ ခက်အခဲများနှင့် အတွေ့အကြုံများကို ပထမဦးဆုံးအကြိမ်အဖြစ် ရှင်းလင်းပြောဆိုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ တောင်သူတစ်ဦးက “ကောင်းကင်နဲ့ မြေကြီး တွေ့ဆုံသွားသလိုပဲ”ဟု တင်စားပြောဆိုသွားခဲ့ပါ သည်။ ပထမဆုံးအကြိမ်အဖြစ် အဆိုပါအရာရှိကြီးများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်ခဲ့သဖြင့် ကျွန်ုပ်တို့အတွက် အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံကောင်းတစ်ရပ်ဖြစ်ခဲ့ပါသည်။  

ထိုအချိန်မှစ၍ MOFF ကိုယ်စားလှယ်များသည် နေပြည်တော်၌ အစိုးရဖက်မှ ကြီးမှူးကျင်းပလေ့ရှိသည့် အ မျိုးသားမူးယစ်ဆေးဝါးရေးရာ အလုပ်ရုံဆွေးနွေးပွဲများ၌ ဆက်တိုက်လိုလိုပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ကျွန်ုပ် တို့၏ အတွေ့အကြုံများနှင့် အကြံပြုချက်များကို သုံးသပ်တင်ပြနိုင်ခဲ့ပါသည်။ သို့သော်လည်း ပြည်နယ်နှင့် မြို့နယ်အဆင့် အစိုးရများနှင့် ထိတွေ့ဆောင်ရွက်နိုင်မှု နည်းပါး၍ စိန်ခေါ်မှုပြင်းထန်နေဆဲပင်ဖြစ်သည်။ သို့ ဖြစ်၍ နေပြည်တော် တွေ့ဆုံဆွေးနွေးမှုသည် ကျွန်ုပ်တို့ထိတွေ့ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်၏ ခရီးအစ သာဖြစ်ကြောင်း သုံးသပ်ဆင်ခြင်မိသလို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရန်လည်း ဆန္ဒရှိနေကြပါသည်။ 

ထို့အပြင် ကျွန်ုပ်တို့သည် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့ပါသည်။ အချို့ပါတီများက ကျွန်ုပ်တို့၏ အခက်အခဲများအပေါ် စာနာနားလည်မှုရှိကြသဖြင့် အကောင်းဆုံးရှေ့ဆက်နိုင်မည့် အလားအ လာများကို ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဘိန်းစိုက်ပျိုးမှုကို အဓိကမောင်းနှင်လျက်ရှိ သည့် အချက်တစ်ခုမှာ ဆင်းရဲနွမ်းပါးမှုနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်သောကြောင့် ဤပြဿနာကို ကိုင် တွယ်ဖြေရှင်းလိုပါက ဖွံ့ဖြိုးရေးပေါ်အခြေပြု၍ ချဉ်းကပ်ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများက လည်း သဘောတူလက်ခံကြပါသည်။ 

ကျွန်ုပ်တို့၏ တောင်းဆိုချက်များနှင့် ရှေ့လုပ်ငန်းစဉ် 

ကျွန်ုပ်တို့၏ ညီလာခံအတွင်း ဤပြဿနာရပ်များကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်စေမည့် နည်းလမ်း များကိုပါ ၀ိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါသည်။ 

ဖွံ့ဖြိုးရေးသည်သာလျှင် ပဓာန

ပထမဦးဆုံး အချက်အဖြစ် ရေရှည်တည်တံ့ခိုင်မြဲသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေး အထောက်အပံ့များ ဦးစွာပေးအပ်ခြင်းမပြုဘဲ အစိုးရနှင့် အခြားမည်သည့်အဖွဲ့အစည်းမျှ ကျွန်ုပ်တို့၏ ဘိန်း ခင်းများကို လာရောက်ဖျက်ဆီးခြင်းမပြုရန် တောင်းဆိုလိုပါသည်။ ဤအခြေခံမူကို လတ်တလောအတည်ပြု ခဲ့သည့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်၌လည်း အတိအလင်းပြဋ္ဌာန်းထားရှိပြီးဖြစ်သည်။  

ကျွန်ုပ်တို့၏ ရပ်ရွာအသိုက်အ၀န်းများအတွက် ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးအစီအစဉ်များ ဖော်ဆောင်ပေးစေလို ပါသည်။ ထို့အပြင် အဆိုပါအစီအစဉ်များ ဖော်ဆောင်ရာတွင်လည်း ဒေသအခင်းအကျင်းများ၊ ယဉ်ကျေးမှု ဓလေ့စရိုက်များနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိရှိ ဆောင်ရွက်သင့်ပါသည်။  

အစားထိုးသီးနှံများကို စိုက်ပျိုးကြရာ၌ ပထမဆုံးသီးထွက်ရရှိရန် နှစ်အနည်းငယ်ခန့် စောင့်ဆိုင်းကြရပါ သည်။ ထို့ကြောင့် တောင်သူများ၏ ဘိန်းအပေါ် မှီခိုရှင်သန်ရမှုကို တစ်ဖြည်းဖြည်းချင်း လျှော့ချသွားနိုင်စေ ရန်အတွက် သတ်မှတ်ကာလတစ်ခုအထိ ဖျက်ဆီးမှုမပြုဘဲ စောင့်ဆိုင်းပေးရန် လိုအပ်ပါသည်။ 

ဖွံ့ဖြိုးရေးအခြေခံမူများ

ဖွံ့ဖြိုးရေးအစီအစဉ်တိုင်း၏ ရေးဆွဲပြင်ဆင်မှု၊ အစီအစဉ်ချမှတ်မှု၊ အကောင်အထည်ဖော်မှု၊ စောင့်ကြည့်လေ့ လာ၍ သုံးသပ်အကဲဖြတ်မှုတို့ကို မဆောင်ရွက်မီ အစဦးကတည်းက ကျွန်ုပ်တို့ကို ပါဝင်ဆောင်ရွက်ခွင့်ပြု သင့်ပါသည်။ ကျွန်ုပ်တို့အား ဖွံ့ဖြိုးရေးအကူအညီကိုသာ မျှော်ကိုးလျက်ရှိသည့် လက်ဝယ်ခံများအဖြစ် ပြော ဆိုဆက်ဆံမှုမပြုစေလိုပါ။

ဖွံ့ဖြိုးရေးအစီအစဉ်များ၏ အောင်မြင်မှုကို တိုင်းတာရာ၌ လျော့ကျလာသည့် ဘိန်းစိုက်ပျိုးမှုပမာဏတစ်ခု တည်းကို မကြည့်ဘဲ လျော့ကျလာသည့် ဆင်းရဲနွမ်းပါးမှုအတိုင်းအတာနှင့် မြင့်မားတိုးတက်လာသည့် လူ သားဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ညွှန်းကိန်းများကိုပါ ထည့်သွင်းစဉ်းစား သင့်ပါသည်။ 

ကျွန်ုပ်တို့၏ ဒေသများသို့ ရောက်ရှိလာသည့် မည်သည့်ဖွံ့ဖြိုးရေး အထောက်အပံ့မျှ ဘိန်းတိုက်ဖျက်ရေးကို အားပေးမြှင့်တင်ခြင်း သို့မဟုတ် ဘိန်းတိုက်ဖျက်ရေးကို တနည်းနည်းဖြင့် ထည့်သွင်းဖော်ဆောင်ခြင်း အ လျဉ်းမပြုသင့်ပေ။  

စီးပွားရေးသမားများအား ကုန်ကြမ်းအတိုင်း ရောင်းချခြင်းမပြုဘဲ တန်ဖိုးဖြည့်စွက်ကုန်ချောများ ဖန်တီးထုတ် လုပ်နိုင်သည့် တောင်သူအစုအဖွဲ့များ ဖွဲ့စည်းတည်ထောင်ရန်နှင့် ယင်းတို့ကို အားပေးကူညီရန် ကျွန်ုပ်တို့၌ နည်းပညာနှင့် ရန်ပုံငွေအထောက်အပံ့များ လိုအပ်လျက်ရှိပါသည်။ 

အဆက်အစပ်မရှိ သီးခြားဖော်ဆောင်သည့် စီမံကိန်းများထက်စာလျှင် အမျိုးသားဖွံ့ဖြိုးရေးအစီအစဉ်၏ အ စိတ်အပိုင်းတစ်ခုအဖြစ် ဘက်စုံပံ့ပိုးကူညီခြင်းမျိုးသာလျှင် ဖြစ်သင့်ပါသည်။ 

အလှူရှင်များအနေဖြင့် လုပ်ငန်းလည်ပတ်စရိတ် မြင့်မားလွန်းသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုလ သမဂ္ဂအဖွဲ့အစည်းများမှတစ်ဆင့် ပံ့ပိုးကူညီခြင်းထက် နယ်ခံအဖွဲ့အစည်းများမှတစ်ဆင့် ရန်ပုံငွေထောက်ပံ့ ပေးနိုင်သည့် လမ်းကြောင်းမျိုးကို ရှာဖွေဖော်ထုတ်၍ ရေရှည်ပံ့ပိုးကူညီရန် သံဓိဋ္ဌာန်ချသင့်ပါသည်။ 

လူထုဝန်ဆောင်မှုလုပ်ငန်းများနှင့် ဈေးကွက်များကို လက်လှမ်းမီအသုံးချနိုင်ခြင်း

အစိုးရအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးနှင့် အခြေခံအဆောက်အအုံများအပါအ၀င် မိမိတို့၏ လူထုဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးသင့်ပါသည်။ 

အစိုးရနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် ကုန်စည်ဈေးနှုန်း အာမခံချက်ရှိသည့် ဈေးကွက်များကို ကျွန်ုပ် တို့ လက်လှမ်းမီအသုံးချနိုင်စေရန် ပံ့ပိုးကူညီပေးသင့်ပါသည်။ အခြားတရားဝင်သီးနှံများကို စိုက်ပျိုးထုတ် လုပ်၍ ရောင်းတန်းတင်နိုင်ရန်အတွက် ဤအချက်က သော့ချက်အခရာပင်ဖြစ်သည်။ 

ကျွန်ုပ်တို့ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံဈေးနှုန်းများ ကျဆင်းလာပါက အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများ မှ အလားတူစိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်ခြင်းဖြင့် ကြားဝင်ဆောင်ရွက်ပေး သင့်ပါသည်။ 

အစိုးရအနေဖြင့် ကျွန်ုပ်တို့အတွက် စိုက်ပျိုးရေးကဏ္ဍပြင်ပ အလုပ်အကိုင်များ ဖော်ထုတ်ဖန်တီးနိုင်ရန် ပံ့ပိုး ကူညီပေးသင့်ပါသည်။ သို့မှသာ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံခြားထွက်၍ အလုပ်အကိုင်ရှာဖွေရသည့် အခက်အ ခဲများကို လျှော့ချလာနိုင်မည်ဖြစ်သည်။  

ကျွန်ုပ်တို့၏ ရိုးရာနှင့် ဓလေ့ထုံးတမ်းအလေ့အထများကို အသိအမှတ်ပြုခြင်း 

အစိုးရ၏ ဥပဒေများနှင့် မူဝါဒများ၌ ကျွန်ုပ်တို့၏ ရိုးရာအစဉ်အလာလာ ဓလေ့ထုံးတမ်းစနစ်များကို အသိ အမှတ်ပြု၍ ထည့်သွင်းပေါင်းစပ်သင့်ပါသည်။ ကျွန်ုပ်တို့၏ ဒေသများ၌ မြေလွတ်မြေဟူ၍ မရှိပါ။ လတ်တ လော ပြင်ဆင်အတည်ပြုလိုက်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ပယ်ဖျက်သင့်ပါ သည်။ 

အစိုးရအနေဖြင့် ကျွန်ုပ်တို့ထံမှ သိမ်းဆည်းသွားခဲ့သည့် မြေယာများအားလုံးကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်စေလိုပါသည်။ 

ဘိန်းကို ရိုးရာနှင့် ဆေးဝါးရည်ရွယ်ချက်အတွက် အသုံးပြုလျက်ရှိသည့် ဒေသအချို့၏ အဆိုပါအလေ့အထ များကို အသိအမှတ်ပြုပေးရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုပါသည်။ ထို့အပြင် ဖြစ်နိုင်ပါက ဆေးဝါးလုပ် ငန်းသုံး ဘိန်းများကို ကျွန်ုပ်တို့အား တရားဝင်စိုက်ပျိုးထုတ်လုပ်ခွင့်ပြုရန်လည်း တောင်းဆိုလိုပါသည်။ 

ဆုံးဖြတ်ချက်ချမှတ်ရာ၌ ပါဝင်ဆောင်ရွက်ခြင်း 

ကျွန်ုပ်တို့အား ရာဇ၀တ်သားများကဲ့သို့ ဆက်ဆံမှုမပြုရန် မေတ္တာရပ်ခံလိုပါသည်။ ယင်းအစား ကျွန်ုပ်တို့၏ ဘ၀များအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည့် ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်း စဉ်အတွင်း ကျွန်ုပ်တို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်လိုပါသည်။ 

မူးယစ်ဆေးဝါးကိစ္စရပ်ကို ယခုကဲ့သို့ လူမှုရေးခေါင်းစဉ်အောက်ရှိ ကိစ္စရပ်တစ်ခုအဖြစ် ဆွေးနွေးခြင်းထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးကြီးသည့် ခေါင်းစဉ်တစ်ခုအဖြစ် သီးခြားထားရှိသင့်ပါသည်။ ကျွန်ုပ်တို့အ နေဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား၌သာ ငြိမ်းချမ်းစေလို သည်မဟုတ်ဘဲ ရပ်ရွာအသိုက်အ၀န်းများနှင့် တိုင်းရင်းသားမျိုးနွယ်စုများအကြား၌ပါ ငြိမ်းချမ်းစေလိုခြင်းဖြစ် ပါသည်။  

ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များ

အင်ဂျလို 09 777 126 437

ဦးမင်းသိန်း 09 762 055 284

ခွန်စိန်ရွှေ 09 424 236 656

ကြာရင်ရှဲလ် 09 452 831 703

နန်းဌေးဌေးဝင်း 09 784 800 076