တိုင်းရင်းသားဘာသာစကားအမျိုးမျိုးဖြင့် ပြုစုထားသည့် ကိုဗစ် - ၁၉ (COVID-19) လူနာအား အိမ်တွင်ပြုစုကုသရေး လမ်းညွှန်ချက်များ
ယနေ့မြန်မာနိုင်ငံသည် အလွန်ဆိုးရွားပြင်းထန်သည့် ကိုဗစ် - ၁၉ (COVID-19) အကျဉ်အတည်းကြောင့် ကပ် ဆိုက်နေရပြီး ပိုးတွေ့လူနာဦးရေ နေ့စဉ်လိုလိုကြောက်ခမန်းလိလိ မြင့်တက်လာလျက်ရှိသော်လည်း ဆေးဖက် ဆိုင်ရာ အထောက်အပံ့များ လက်လှမ်းမီရရှိမှု အလွန်နည်းပါးလျက်ရှိသည့် အခြေအနေဆိုးနှင့် ရင်ဆိုင်ကြုံတွေ့ နေရပြီဖြစ်သည်။ COVID-19 သံသယလူနာများအား အိမ်တွင်ပြုစုကုသမှုပေးရန် ရှင်းလင်းပြည့်စုံ၍ ယုံကြည် အားထားရလောက်သည့် သတင်းအချက်အလက်များ အထူးသဖြင့် တိုင်းရင်းသားဘာသာစကားများဖြင့် ပြည့် ပြည့်စုံစုံ လက်လှမ်းမီရရှိမှု များစွာနည်းပါးလျက်ရှိသည်။
ထို့ကြောင့် TNI အနေဖြင့် တိုင်းရင်းသားအခြေပြု အရပ်ဖက်အဖွဲ့အစည်းပေါင်းများစွာနှင့် ထဲထဲဝင်ဝင်ပူးပေါင်း ဆောင်ရွက်၍ နိုင်ငံအဝှမ်းရှိ တိုင်းရင်းသားပြည်သူများအတွက် စာတမ်းအမြောက်အများကို ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။
ရပ်ထဲရွာထဲ ကိုဗစ်-၁၉ သံသယလူနာများ တွေ့ရှိလာပါက အလွယ်တကူဖြင့် အလျင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်စေမည့် လမ်းညွှန်ချက်မျိုးဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ အိမ်တွင်းပြုစုကုသရေးအတွက် အ ခြေခံကျသည့် သတင်းစကားများကို ကျစ်ကျစ်လစ်လစ် လိုတိုရှင်း ရေးဆွဲပြင်ဆင်ထားသည့် လမ်းညွှန်ချက် အကျဉ်းဖြစ်သည်။ ဤအခြေခံလမ်းညွှန်ချက်ကို မြန်မာဘာသာအပါအဝင် အောက်ဖော်ပြပါ တိုင်းရင်းသား ဘာသာစကားများဖြင့်လည်း ရယူဖတ်ရှုနိုင်ပါသည်။
ချင်း - လိုင်မီး (Chin – Laimi) - Facebook
ချင်း - လိုင်ဇို (Chin – Laizo) - Facebook
ချင်း - ဇန်နီယက် (Chin – Zanniat) - Facebook
ချင်း - ဇိုမီး (Chin – Zomi) - Facebook
ကချင် - ဂျိန်းဖော့ (Kachin – Jinghpaw) - Facebook
ကရင် - စကော (Karen – Sgaw) - Facebook
ထန်ရှန်နာဂ (Tangshang Naga) - Facebook
ကရင် (ပိုး) Karen (Pwo) - Facebook
-
COVID-19 လက္ခဏာများကို ရှာဖွေသတိပြုခြင်း၊
-
COVID-19 သံသယရှိသူ သို့မဟုတ် မိသားစုဝင်များကို သီးခြားခွဲ၍ ပြုစုကုသပေးခြင်း
-
အဖျားတိုင်းခြင်းနှင့် Pulse Oximeter ကိုအသုံးပြု၍ သွေးတွင်းအောက်စီဂျင်ပမာဏကို တိုင်းတာခြင်း
-
အောက်စီဂျက်ပမာဏတက်လာအောင် ဆောင်ရွက်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ချွဲသ လိပ်ကပ်၍ ချောင်းဆိုးမှုကို သက်သာရာရစေရန် ပံ့ပိုးကူညီပေးခြင်း၊
-
အာဟာရမျှတအောင် ကျွေးမွေးပြုစုခြင်း။
Covid-19 နှင့် ပတ်သက်၍ မကြာခဏ မေးမြန်းတတ်လေ့ရှိသည့် မေးခွန်းများ
ကိုဗစ် ၁၉ အယူအဆအလွဲများကို ချိုးဖျက်ခြင်း (ဗမာဘာသာဖြင့်)
ဤလမ်းညွှန်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် စိတ်ကြိုက်ဖြန့်ဝေအသုံးပြုနိုင်ပါသည်။
ယခုလမ်းညွှန်ချက်များကို အများကအသိအမှတ်ပြုထားပြီး ယုံကြည်အားထားရသည့် သတင်းရင်းမြစ်အ မျိုးမျိုး ကို မှီငြမ်းကိုးကား၍ ရေးဆွဲပြုစုထားခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)၊ အမေရိကန် ရောဂါ ပိုးမွှားထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာ၊ အမေရိကန်အခြေစိုက် John Hopkins Medicine၊ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနနှင့် Medical Action Myanmar(MAM) တို့ ထုတ်ပြန်ခဲ့သည့် စာတမ်းများနှင့် ဆောင်းပါးများမှ သတင်းအချက်အလက်များကို အလိုက်သင့်ပြန်လည်မွမ်းမံပြင်ဆင်ထားခြင်းဖြစ်သည်။