Search results

1 items
  1. (၇)ကြိမ်မြောက် ဘိန်းစိုက်တောင်သူများညီလာခံ သဘောထားထုတ်ပြန်ချက် ဖယ်ခုံမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း

    Myanmar Opium Farmers Forum (MOFF)
    13 May 2019
    Declaration

    ကျွန်ုပ်တို့ ကရင်၊ ကယား၊ ပအိုဝ်း၊ ရှမ်း၊ လားဟူနှင့် ကချင် ဘိန်းစိုက်တောင်သူ ကိုယ်စားလှယ်များသည် ကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများကို နှီးနှောတိုင်ပင်၍ ဆွေးနွေးအဖြေရှာနိုင် စေရန် ၂၀၁၉ ခုနှစ် မေလ ၈-၁၀ ရက်နေ့အတွင်း တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ ဘိန်းစိုက်တောင်သူများ၏ ဘ၀များအပေါ် ရိုက်ခတ်လျက်ရှိသည့် ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်များအားလုံး၌ ဘိန်းစိုက်တောင်သူ များ၏ သဘောထားများကို ထည့်သွင်းစဉ်းစားပေးရန် အလွန်အရေးကြီးသည်ဟု ကျွန်ုပ်တို့ယူဆပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံဘိန်းစိုက်တောင်သူများညီလာခံ(MOFF)ကို ၂၀၁၃ ခုနှစ်မှစ၍ စီစဉ်ကျင်းပလာခဲ့ သည်မှာ ယခု(၇)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။