ယနေ့သည် အနာဂတ်ပြည်ထောင်စုအတွက် တန်းတူညီမျှရေးနှင့် စည်းလုံးညီညွတ်ရေး အခြေခံမူများ ရေးဆွဲပြင်ဆင်ရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ စုဝေးခဲ့ကြသည့် သမိုင်းတွင်မည့် ပင်လုံသဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အစွဲပြု၍ ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ဖြစ်သည်။ သို့ သော်လည်း ၂၀၂၁ ခုနှစ်သည် အောင်ပွဲခံရမည့်နေ့ထူးနေ့မြတ်တစ်ရက် မဟုတ်ခဲ့ဘဲ မတရားသဖြင့် တိုင်းပြည်အာဏာရယူထားသည့် တပ်မတော်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြ သည့်အနေဖြင့် တစ်နိုင်လုံး အုံးအုံးကျက်ကျက် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် လမ်းပေါ် ထွက်၍ ဆန္ဒပြရသည့် နေ့ဖြစ်နေခဲ့သည်။ ယခုသုံးသပ်ချက်အတွင်း၌ လက်ရှိအရေးအခင်း မည်မျှ ကြီးကျယ်အရေးပါမှုနှင့် စစ်အုပ်ချုပ်ရေးဖြစ်စဉ်များ၊ နိုင်ငံကျရှုံးမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိ ပက္ခများ အလွန်အန္တရာယ်ကြီးမားလှသည့်ပုံစံဖြင့် သံသရာတစ်ပတ် ပြန်လည်လာခဲ့သည့် အကြောင်း ရင်းများကို TNI မှ ဆန်းစစ်သုံးသပ်တင်ပြထားသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရေရာသေချာမှုမရှိသည့် အနာဂတ်တစ်ချိန်ချိန်၌ မဟုတ်ဘဲ ယနေ့ပင် အရေးတကြီးလိုအပ် နေပြီဖြစ်သည်။
ကျမတို့ ဖြတ်သန်းနေရတဲ့ လှိုဏ်ခေါင်းဟာ အင်မတန် ရှည်လျားလှတယ်၊ အနှစ်ခုနစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ခုချိန်ထိ လှိုဏ်ခေါင်းအဆုံးနားကို ရောက်နေပြီလို့ သိစေမဲ့ အလင်းရောင်ဆိုတာ မမြင်ရသေး။ ဦးဆောင်နေသူတွေက ထွက်ပေါက်ကို အခိုင်အမာ ပိတ်ပစ်လိုက်ကြပြီ။ သာမန်ပြည်သူ ဘယ်သူမှ အပြင်မထွက်နိုင်ကြတော့၊ လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေသူတွေခမျာ အပေါက်သေးသေးလေးတွေက ဝင်လာတဲ့ အလင်းတန်းလေးတွေကိုပဲ မကြာမကြာ မြင်ခွင့်ရကြတော့တယ်။ နိုင်ငံကို ဦးဆောင်နေသူတွေ သူတို့ရဲ့ ကွဲပြားခြားနားမှုတွေကို ညှိနှိုင်းပြေလည်ချိန်ဟာ အမှောင်ကမ္ဘာထဲ ဆယ်စုနှစ်ပေါင်းများစွာမွန်းကြပ်နေကြတဲ့ ကျမတို့တွေအတွက် သိပ်နောက်ကျသွားနိုင်တယ်။
ကိုလိုနီခေတ်အလွန် မြန်မာနိုင်ငံကျရှုံးမှုများ၏ ပုံရိပ်က အာရကန်မြေဟု သမိုင်းတွင်ခဲ့သော ရခိုင်ပြည်နယ်တွင် ထင်ဟပ်နေပေသည်။ လူမျိုးစု ပဋိပက္ခများ၊ နိုင်ငံရေး ညှပ်ပူးညှပ်ပိတ် အခြေအနေ၊ စစ်ဘောင်ချဲ့လာခြင်း၊ ဒေသစီးပွားရေးကို လျစ်လျူရှုခဲ့ခြင်းများနှင့် ဌာနေလူထုကို ဖယ်ကျဉ် ဆက်ဆံခဲ့ခြင်းများ ရှိနေသော ရခိုင်ပြည်နယ်သည် မြန်မာပြည်လိုပင်။ လွန်ခဲ့သော ဆယ်စုနှစ်များတွင် ထိုပြဿနာများ၏ အတိုင်းအဆ ပိုမိုပြင်းထန်လာကြသည်။ ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်တို့အကြား စိတ်ဝမ်းကွဲမှု ပိုမိုဆိုးရွားလာပြီး ခေတ်သစ် ကမ္ဘာ၏ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြစ်စေခဲ့သည်။ လူသားအရင်းအမြစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်တို့ဖြင့် အသေအချာ အလားအလာရှိသည့် ဒေသတစ်ခုဖြစ်သော်လည်း အာရကန်မှာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။
ရာစုနှစ် တစ်ဝက်ကျော်ကြာ စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာနိုင်ငံ အသွင်ကူးပြောင်းချိန် အကျပ် အတည်းကာလတစ်ခုတွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လုပ်ဆောင်ရန် စီစဉ်ထားလျက် ရှိသည်။
ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်ဆိုင်ရာအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက်မှညှိုနှိုင်းရေးမှူး စောအယ်စေး သည် မြန်မာနိုင်ငံတွင် မြေဆိုင်ရာ အခွင့်အရေးများအား မြှင့်တင်ရန် ကြိုးပမ်းအားထုတ်လုပ်ဆောင်မှုများအတွက် ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ Human Rights Tulip ဆု အား ရရှိခဲ့ကြောင်း နယ်သာလန်နိုင်ငံသံရုံးမှ ယမန်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် ကြေညာခဲ့သည်။ လူ့အခွင့်အရေး ကျူးလစ်ပန်းဆု(Human Rights Tulip) သည် ထူးချွန်ကာ ရဲစွမ်း သတ္တိရှိသောလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ဒတ်ခ်ျအစိုးရ မှနှစ်စဉ် ချီးမြှင့်သော ဆု တစ်ခု ဖြစ်သည်။
ယခု ဆောင်းပါးမှာ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကျရောက်သော “အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု” ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခြင်းဖြစ်သည်။ ယခုနှစ်တွင် ဤလှုပ်ရှားမှုကို မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (မြန်မာ) (Drug Policy Advocacy Group – DPAG) က လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အမျိုးသမီးများ၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများ၊ မိန်းမကဲ့သို့ ဝတ်စားဆင်ယင် ပြုမူနေထိုင်သူများ(Transgender)၊ အမျိုးသမီး မူးယစ်ဆေးဝါး သုံးစွဲသူများဖြင့် ပေါင်းစည်း၍ ပါဝင်ခဲ့သည်။ ကျွန်ပ်တို့၏ အဓိကရည်ရွယ်ချက်မှာ လူ့အသိုင်းအဝိုင်းအတွင်း ခွဲခြားပြစ်တင်၊ ဖိနှိပ်ချုပ်ခြယ်ခြင်း ခံစားနေရသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက် စေရန်ဖြစ်သည်။ ထိုဆယ်ရက်တာ လှုပ်ရှားမှုကို DPAG မှဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော တော်ဝင်ခရေကွန်ရက် (SWIM)၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများကွန်ရက် (MPWN)၊ မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (MYS)၊ Transnational Institute (TNI) တို့က တက်ကြွစွာ ပူးပေါင်းပါဝင်ကြသည်။ လှုပ်ရှားမှုအသေးစိတ် ပုံရိပ်များကို သိလိုပါက DPAG မျက်နှာစာအုပ်ဖြစ်သော https://www.facebook.com/Drug-Policy-Advocacy-Group-Myanmar-995656970513733 တွင် ကြည့်ရှုနိုင်ပါသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားအများစုမှာ ကျေးလက်ဒေသများမှ ဖြစ်ကာ ထိုဒေသများတွင် ယခုအချိန်ထိနက်ရှိုင်းကျယ်ပြန့်စွာရှိနေပါသေးသည်။ ခန့်မှန်းခြေအားဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်းခန့်သည် ထိုင်း၊ တရုတ် နှင့် မလေးရှား စသည့်နိုင်ငံများတွင် အများစု အလုပ်လုပ်နေပြီး တစ်နှစ်အတွင်း ပြည်တွင်းသို့ ငွေပြန်လွှဲသည့် ခန့်မှန်းပမာဏ ဒေါ်လာ ၈ ဘီလီယံခန့်ရှိပါသည်။
မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဤတကြိမ်တွင်လည်း တိုင်းရင်းသားလူမျိုးစုများ ချန်လှပ်ထားခံရမည် ဟူသော စိုးရိမ်မှုများ တိုးပွားလာကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများသည် တိုင်းရင်းသားလူမျိုးစုများကို ဒီမိုကရေစီ၏အနှစ်သာရများဖြစ်သော သာတူညီမျှမှုနှင့် ကိုယ်စားပြုမှု မပေးနိုင်ဟု ဤဝေဖန်ချက်စာတမ်းတွင် ဒေါ်လဖိုင်ဆိုင်းရော်က တင်ပြထားသည်။ ရွေးကောက်ပွဲများက ဤအခြေအနေကို ပြောင်းလဲစေလိမ့်မည် မဟုတ်ပါ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုံးဝ လိုအပ်ပါသည်။
မြန်မာ့သမိုင်း၏အကြီးမားဆုံးသော ၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကြီးမှ ထွက်ပေါ်လာ သော နိုင်ငံရေးပါတီတစ်ခုသည် ယခုအချိန်တွင်တော့ ၄င်း၏အခြေခံ ဗီဇဝိဉာည် (founding spirit) နှင့် ကျင့်ဝတ်ဆန္ဒ (spirit) အား ဖယ်ခွာသွားနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စက်တင်ဘာ ၂၇၊ ၁၉၈၈ ခုနှစ်တွင် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြီးတို့၏ ဦးဆောင်မှုဖြင့် ထူထောင်ခဲ့သည်။ နောင်နှစ်များတွင် ၄င်းအနေဖြင့် (ဦး) ခွန်ထွန်းဦး ဦးဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ဦးစောမြအောင်ဦးဆောင်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့သော လူမျိုးစုပါတီများနှင့် အမျိုးသားသွေးစည်းရေးအပေါ် အခြေခံသော မိတ်ဖက်ဆက်ဆံရေးကို ကောင်းစွာထူထောင်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဆိုင်ရာလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အသားကျနေသော နိုင်ငံတစ်ခု အနေနှင့် ကိုဗစ်ကဲ့သို့သော အရေးပေါ်ကာလတွင် အာဏာစက်ကို လွန်လွန်ကဲကဲသုံးသော ဒေသန္တရ အုပ်ချုပ်ရေးမျိုးများသည်လည်း မရှားလှပါ။ ဤကဲ့သို့ ကပ်ဘေးအန္တရာယ်မျိုးကို ကိုင်တွယ်ရချိန်တွင် ထောင်ချရခြင်း၊ ချုပ်နှောင်ရခြင်းကလွဲပြီး အခြားနည်းမရှိဟု ယူဆခဲ့ကြသည့် အမှုများ များစွာပင် ရှိသည်။ ကျေးလက်များအပါအဝင် နေရာတော်တော်များများတွင် လူအများ အထိတ်တလန့် စိုးရိမ်နေသောအချိန်တွင် အာဏာပိုင်များနှင့် ဆက်စပ်အဖွဲ့အစည်းများသည် ပြည်သူကို အာဏာဖြင့် ငြိမ်ဝပ်အောင် လုပ်ရန်ပိုပြီးလွယ်ကူခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အစိုးအရဆက်ဆက်အား နှစ်ပေါင်း (၄၀) နီးပါး လက်နက်ကိုင်လမ်းစဉ်ဖြင့် မွန်အမျိုး သားနိုင်ငံရေးအတွက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူခဲ့သည်မှာ ၂၅ နှစ်ပင်ပြည့်ခဲ့၍ ငွေရတုပင်တိုင်ခဲ့ပြီးဖြစ်သည်။ မွန်ပြည်သစ်ပါတီသည် မြန်မာပြည် တောင်ပိုင်း ဒေသတစ်ခွင်တွင် အခြေစိုက်လှုပ်ရှားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။
ဇွန်လ ၂၉ ရက်နေ့သည် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရ၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ (နဝတ)တို့ အပစ်အခတ်ရပ်စဲခဲ့သည့် ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ နှစ်ဆယ့်ငါးနှစ်သာတိုင်သွားခဲ့သော်လည်း NMSP သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်လျက်ရှိ သည့် အစိုးရနှင့် တဖန်အပစ်အခတ်ရပ်စဲနေရဆဲဖြစ်သလို နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ဆိုးဆိုးရွားရွား တစ်ဆို့နေခဲ့ပြီဖြစ်သည်။
ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများနည်းတူ မြေယာစီမံခန့်ခွဲမှုပုံစံများသည် တစ်နေရာနှင့်တစ်နေရာ မတူညီကြပေ။
ဧပြီလနောက်ဆုံးတပတ်တွင် အစိုးရမှထုတ်ပြန်လိုက်သော Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) သည် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအသစ်ကြောင့် နှစ်နှာမှုများကြုံတွေ့ရကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရန် lockdown ဆောင်ရွက်ရသောကြောင့် စီးပွားရေး ထိခိုက်မှုအကျိုးဆက် ခံစားနေရမှုများအတွက် ပံ့ပိုးမှုပြုနိုင်ရန် ကြိုဆိုရမည့်ဆောင်ရွက်ချက်အသစ်ဖြစ်ပါသည်။
ကပ်ဘေးအပြီး ကမ္ဘာကြီးတွင် မည်ကဲ့သို့သောအနာဂတ်မျိုးကို မျှော်လင့်နိုင်မည်နည်းဟု ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြခြင်းများပေါ်လာအောင် ကိုဗစ်၁၉က နှိုးဆွပေးပါသည်။ စီးပွားရေးနယ်ပယ်တွင် စိုးမိုးနေသော အငြင်းအခုံတစ်ခုမှာ ကမ္ဘာ့စားနပ်ရိက္ခာစနစ်နှင့်သက်ဆိုင်သည်။ ကပ်ဘေးကြောင့် ကော်ပိုရိတ်တို့ လွှမ်းမိုးထားသော ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကြီးများ၏ ထိလွယ်ရှလွယ်ရှိပုံများ ထင်ရှားလာပြီး စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီး FAOနှင့် မဟာမိတ်အေဂျင်စီများက မြင်နေကြသကဲ့သို့ ထိုကော်ပိုရိတ်ကြီးစိုးသောစနစ်မှာ အဖြေမဟုတ်ကြောင်း ယခုစာတမ်း တွင်ထောက်ပြထားပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများ (IDPs)များသည် ၂၀၁၈ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ ပိုးလမ်းမစီမံကိန်း နှင့် IDP စခန်းပိတ်သိမ်းရေးအမျိုးသားအဆင့် မဟာဗျူဟာ စသည့်အခြေအနေများ ပေါင်းကာဖြစ်ပေါ်လာ သည့် မုန်တိုင်းတွင် ပိတ်မိနေသည့်အခြေအနေဟု သုံးသပ်မိသည်။
ဤသုံးသပ်ချက်အစီရင်ခံစာအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ ခါးပတ်လမ်း (BRI) ဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးမှုများ လုပ်ဆောင် ရာတွင် အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပါသည်။ ရံဖန်ရံခါတွင် BRI ကို သမ္မတရှီကျင်ဖျင်၏ ခမ်းနားကြီး ကျယ်သည့် ဗျူဟာတခု- ဗဟိုမှသေချာအစီအစဉ်ရေးဆွဲကာ ထို့နောက် လိုက်နာပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များမှလုပ်ဆောင်ကြသည့် ပုံစံဖြင့် ပြောဆိုကြသည်။ နိုင်ငံပေါင်း ၁၃၆ နိုင်ငံ မှ တရုတ်တို့၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၀ ဘီလီယံ လက်ခံရရှိပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆ ထရီလီယံ ရှိသည်။ ထိုကြောင့် BRI သည် အင်အားကြီးမားစွာ ပေါင်းစပ်စုစည်းသွားမည့် တားဆီးရှောင်လွှဲ၍မရနိုင်သော စီမံကိန်းကြီး အသွင်ဆောင်နေပေသည်။ သို့သော် ယခုအစီရင်ခံစာအနေဖြင့် နိုင်ငံရေးဘောဂဗေဒအခြေခံသုံးသပ်ချက်များအသုံးပြုကာ BRI သည် ခမ်းနား ကြီးကျယ်လှသည့် မဟာဗျူဟာမဟုတ်ပဲ အမှန်တကယ်တွင် တရုတ်နိုင်ငံ၏ အရင်းရှင် စနစ်အကြပ် အတည်းကို ဖြေရှင်းဖို့ရည်ရွယ်ထားသည့် လျော့ရဲကျယ်ပြန့်လှသည့် လုပ်ငန်းများနှင့် တည်ဆောက်ထားသည့် မူဘောင်တစ်ခု သာဖြစ်သည်ဟု သုံးသပ်ထားပါသည်။ မြန်မာနိုင်ငံတွင်းရှိ BRI စီမံကိန်း ၄ခုကို တရုတ်ဘာသာစကားအသုံးပြုထားသည့် သတင်းအရင်းအမြစ်များကိုသုံးကာ တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ နှင့် ယူနန်ပြည်နယ်အစိုးရတို့အနေဖြင့် တရုတ်ဗဟိုအစိုးရ၏ အထောက်အပံ့ဖြင့် ထိုစီမံကိန်းများ ဆောင်ရွက်နိုင်ရန် မည်ကဲ့သို့ စည်းရုံးသိမ်းသွင်းမှုများ ဆောင်ရွက်သည်ကို လေ့လာမှုပြုထားပါသည်။
အမျိုးသားမြေဥပဒေသစ်ပြုစုရေးဆွဲရန်အတွက် လမ်းပြမြေပုံရေးဆွဲရန် ပြည်ထောင်စုအစိုးရမှ ဆွေးနွေးပွဲ ပြုလုပ်မည့်အချိန်တွင် TNI အနေဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒဖြစ်စဉ်စတင်ခဲ့သည့် အချိန်မှ ယခုအချိန်ထိ အခြေအနေများ မည်ကဲ့သို့ ပြောင်းလဲခဲ့သည်ကို ကြည့်ကာ လက်ရှိအခြေအနေတွင် နိုင်ငံတဝန်းရှိ သန်းချီသောပြည်သူများ၏ မြေဆိုင်ရာအခွင့်အရေးမည်ကဲ့သို့ အနေအထားရှိသည်ကို သုံးသပ်ထားပါသည်။