ကချင် မူးယစ်ပြဿနာ ကြီးထွား

22 Abril 2016
In the media

Voice of America - Burmese- မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးရတဲ့ လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသူ အရေအတွက်က ပိုများနေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Transnational Institute (TNI) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြလိုက်ပါတယ်။ ဒီပြဿနာတွေကို လျော့ကျသွားအောင် NLD အရပ်သား အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်ဖို့လိုကြောင်း TNI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေ ပိုများလာပြီး HIV ရောဂါစွဲကပ်ကြတဲ့ လူနာ အရေအတွက် ဟာ မြန်မာနိုင်ငံတွင်း အခြားပြည်နယ်နဲ့ တိုင်းတွေထက်စာရင် ကချင်ပြည်နယ်မှာက ပိုများနေသလို အရှေ့တောင်အာရှဒေသ ထဲမှာလည်း ကချင်ဒေသက HIV ဝေဒနာသည်အရေအတွက်က ပိုများနေကြောင်း ၀ါရှင်တန်ဒီစီအခြေစိုက် Transnational Institute (TNI) အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မူးယစ်ဆေးသုံးစွဲမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ထိန်းမရ နိုင်အောင် တိုးပွားလာကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

http://burmese.voanews.com/content/drug-in-kachin-state/3288076.html