မြန်မာ့မျက်မှောက်ရေးရာကဏ္ဍ

TNI ၏ မြန်မာ့မျက်မှောက်ရေးရာစီမံကိန်းသည် အားလုံးပါဝင်၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ် ထွန်းလာစေရန် လုပ်ကိုင်ဆောင်ရွက်ရင်း တစ်ရှိန်ထိုးတံခါးပွင့်လာသည့် နိုင်ငံတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့ လာရနိုင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စေရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများ(တိုင်းရင်းသား)နှင့် နိုင်ငံရေးအဖွဲ့အစည်းများကို အားပေးအားမြှောက်ပြုလျက်ရှိသည်။ TNI အနေဖြင့် အဖွဲ့အစည်းတစ်ရပ်လုံး၏ လယ်ယာ ဥယျာဉ်ခြံမြေ တရားမျှတရေး၊ အခြားနည်းဖြင့် ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားဆန်သည့် မူး ယစ်ဆေးဝါးမူဝါဒများကို အတူတကွပေါင်းစပ်ထားသည့် အစီအစဉ်အားဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားနယ်မြေ ဒေသများနှင့် ပတ်သက်၍ အထူးတလည် နားလည်ကျွမ်းကျင်လာစေရန် အစဉ်အဆက် ကြိုးပမ်းတည်ဆောက် လာခဲ့သည်။

   

မူးယစ်ဆေးဝါးမူဝါဒကဏ္ဍ၌ TNI သည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် နိုင်ငံတွင်းရှိ မူးယစ်ဆေးဝါးရေးရာ မူဝါဒ များနှင့် ယင်း၏အပြန်အလှန်ဆက်စပ်မှုကို တစ်စိုက်မတ်မတ် အာရုံစိုက်စောင့်ကြည့်လေ့လာခဲ့သည်။ TNI သည် ပဋိပက္ခနှင့် ဆင်းရဲနွမ်းပါးမှုဒဏ်သင့် နယ်မြေဒေသများရှိ မိမိတို့၏ လူမှုစီးပွားရေးဆိုင်ရာ အကျိုးရလဒ်များအ တွက် ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုရှင်သန်နေကြရသည့် လူထုလူတန်းစားများ၏ ဘိန်းစိုက်ခင်းများကို အတင်းအဓမ္မ လိုက်လံဖျက်ဆီးမှုအပါအ၀င် ဖိနှိပ်ချုပ်ခြယ်မှုပြင်းထန်သည့် ထုတ်လုပ်ဖြန့်ဖြူးမှုလျှော့ချရေးမူဝါဒများကို မြန်မာ နိုင်ငံ ဘိန်းစိုက်တောင်သူများညီလာခံ(MOFF)ကဲ့သို့သော အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်အတူ လေ့လာဆန်း စစ်၍ အစားထိုးနိုင်မည့် အခြားရွေးချယ်စရာနည်းလမ်းများကို အဆိုပြုတင်ပြလျက်ရှိပါသည်။ TNI သည် မူးယစ် ဆေးဝါးသုံးစွဲသူများ၏ လူ့အခွင့်အရေးနှင့် အန္တရာယ်လျှော့ချရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် မြန်မာ နိုင်ငံတွင်း မူးယစ်ဆေးဝါးဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်ရလာစေရန်အတွက် မြန်မာမူးယစ်ဆေး ၀ါးရေးရာမူဝါဒ ပြောင်းလဲရေး စည်းရုံးအရေးဆိုမှုအဖွဲ့(DPAG) အပါအ၀င် ပြည်တွင်းအဖွဲ့အစည်းပေါင်းများစွာနှင့် ထဲထဲဝင်ဝင် လက်တွဲဆောင်ရွက်လျက်ရှိသည်။ 

 

ထို့ထက်ပို၍ဆိုရသော် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ တိုင်းရင်းသားလူမျိုးစု စုံလင်ကွဲပြားမှုအရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် TNI အနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသာပဋိပက္ခများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို လည်း အလျဉ်းသင့်သလို ဆွေးနွေးတင်ပြလျက်ရှိပါသည်။ နိုင်ငံလူဦးရေ၏ ၄၀% နီးပါးရှိသည့် တိုင်းရင်းသား လူနည်းစုများ၏ အခြေခံအခွင့်အရေးများသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့သည့် ပြည်တွင်းစစ်နှင့် တိုင်းရင်းသား မျိုးနွယ်စုအများအပြား အသက်ရှင်ရပ်တည်ရေးအတွက် မှီခိုလျက်ရှိသည့် နယ်မြေဒေသများနှင့် အရင်းအမြစ်များအပေါ် သက်ရောက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားချင်းအားပြိုင်မှုများကြောင့် နှစ်ရှည်လများငြင်းပယ်ခံခဲ့ရပြီး တဖြည်းဖြည်းဘေးရောက်လာနေသည်။ ဤနယ်ပယ်ကဏ္ဍနှင့် ပတ်သက်၍ TNI သည် ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒချမှတ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် တိုင်းရင်းသား အခြေပြု အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ သက်ရှိအခန်းကဏ္ဍကို အားပေးမြှင့်တင်သည့်လုပ်ငန်းများကို ဗဟိုပြု ၍ အလေးပေးဆောင်ရွက်လျက်ရှိသည်။

 

ယင်းတို့အပြင် TNI သည် မြန်မာနိုင်ငံတွင်း မြေယာမူဝါဒများနှင့်ပတ်သက်၍ ပုံမှန်လေ့