မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ တိုင်းရင်းသားမျိုးနွယ်စု ကွဲပြားစုံလင်မှုအရှိဆုံး နိုင်ငံများ၌ တစ်ခုအပါအ ၀င်ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၄၀% နီးပါးရှိသည့် တိုင်းရင်းသားလူနည်းစုများ၏ အခြေခံအခွင့်အရေး များသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့သည့် ပြည်တွင်းစစ်နှင့် တိုင်းရင်းသား မျိုးနွယ်စုအများ အပြား အသက်ရှင်ရပ်တည်ရေးအတွက် မှီခိုလျက်ရှိသည့် နယ်မြေဒေသများနှင့် အရင်းအမြစ်များ အပေါ် သက်ရောက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားချင်းအားပြိုင်မှုများကြောင့် နှစ်ရှည်လ များငြင်းပယ်ခံခဲ့ရပြီး တဖြည်းဖြည်းဘေးရောက်လာနေသည်။ ဤနယ်ပယ်ကဏ္ဍနှင့် ပတ်သက်၍ TNI သည် ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒချမှတ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် တိုင်း ရင်းသားအခြေပြု အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ သက်ရှိအခန်းကဏ္ဍကို အားပေးမြှင့်တင်သည့် လုပ် ငန်းများကို ဗဟိုပြု၍ အလေးပေးဆောင်ရွက်လျက်ရှိသည်။