Search results

2 items
  1. မြန်မာ့မျက်မှောက်ရေးရာကဏ္ဍ

    29 January 2018

    TNI ၏ မြန်မာ့မျက်မှောက်ရေးရာစီမံကိန်းသည် အားလုံးပါဝင်၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ် ထွန်းလာစေရန် လုပ်ကိုင်ဆောင်ရွက်ရင်း တစ်ရှိန်ထိုးတံခါးပွင့်လာသည့် နိုင်ငံတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့ လာရနိုင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စေရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများ(တိုင်းရင်းသား)နှင့် နိုင်ငံရေးအဖွဲ့အစည်းများကို အားပေးအားမြှောက်ပြုလျက်ရှိသည်။ TNI အနေဖြင့် အဖွဲ့အစည်းတစ်ရပ်လုံး၏ လယ်ယာ ဥယျာဉ်ခြံမြေ တရားမျှတရေး၊ အခြားနည်းဖြင့် ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားဆန်သည့် မူး ယစ်ဆေးဝါးမူဝါဒများကို အတူတကွပေါင်းစပ်ထားသည့် အစီအစဉ်အားဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားနယ်မြေ ဒေသများနှင့် ပတ်သက်၍ အထူးတလည် နားလည်ကျွမ်းကျင်လာစေရန် အစဉ်အဆက် ကြိုးပမ်းတည်ဆောက် လာခဲ့သည်။

       
  2. မြန်မာနိုင်ငံ၏ မြေအသုံးချမူဝါဒ

    10 January 2018
    Topic

    မြန်မာနိုင်ငံရှိ ကျေးလက်နေလူထုလူတန်းစားများ၏ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ကံကြမ္မာများ သည် ၎င်းတို့၏ မြေနှင့် သယံဇာတအရင်းအမြစ်များနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်ပတ်သက်လျက်ရှိ သည်။ သို့သော်လည်း တွင်းထွက်သယံဇာတတူးဖော်ရေးနှင့် ဧရာမအခြေခံအဆောက်အအုံ စီမံကိန်း များအပေါ် အမြဲတမ်းစိတ်ဝင်စားမှု ကြီးမားလွန်းလှသည့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများက နိုင်ငံ တွင်း ဒေသတော်တော်များများ၌ လက်နက်ကိုင်ပဋိပက္ခ၏ ခြိမ်းခြောက်မှုဒဏ်ခံနေရသည့် ရွာသူရွာသား များကို ထပ်မံနေရပ်စွန့်ခွာရစေသည့် ရလဒ်မျိုးကို ထွက်ပေါ်လာစေသည့် ဥပမာ မြေယာသိမ်းဆည်းမှု ကဲ့သို့သော စီမံချက်များ ချမှတ်ကျင့်သုံးမှုဆီသို့ ဦးတည်သွားစေလျက်ရှိသည်။ သို့ဖြစ်၍ TNI အနေဖြင့် ကျေးလက်နေလူထုလူတန်းစားများ၏ မြေ၊ ရေ၊ သစ်တောနှင့် သားငါးရယူအသုံးချပိုင်ခွင့် အခွင့်အရေး ကို ဦးစားပေးသည့် မူဝါဒများကို အားပေးအားမြှောက်ပြုသည့် ပြည်တွင်းလှုပ်ရှားမှုများနှင့် လက်တွဲ၍ ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။