ရှာလို့ရသောရလဒ်များ

4 items
  1. မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းမှုများကို သုံးသပ်ခြင်းနှင့် အဘယ့်ကြောင့် ရခိုင်ပြည်မှ နိုင်ငံရေးအင်အားစုများသည် မတူသောလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသနည်း။

    Kyaw Lynn
    02 ဧပြီလ 2021
    Article

    ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့တွင် ဆန္ဒပြမှုများ နှင့် ရှုပ်ထွေးမှုများကိုဖြစ်ပေါ်စေခဲ့သည်။ ဤသုံးသပ်ချက်တွင် ကျော်လင်းသည် အပြည်ပြည်ဆိုင်ရာတွင် ဒီမိုကရေစီ တိုးတက်မှုအတွက် ခက်ခဲသောအချိန်အတွင်း စစ်တပ်အာဏာသိမ်းမှုမတိုင်မီ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အဖွဲ့အစည်း ဆိုင်ရာ ရှုပ်ထွေးသောအကြောင်းအရာများကို ဆက်စပ်ဖော်ပြထားသည်။ ထို့နောက် ၄င်းသည် ရခိုင်ပြည်နယ်၏ အရေးကြီး သော အခြေအနေကို ကြည့်ရှုကာ နိုင်ငံရေးခေတ်ရေစီးကြောင်းသည် အဘယ့်ကြောင့် အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများ နှင့် ကွဲပြားခြားနားမှုများရှိသည်ကို သုံးသပ်ဖော်ပြထားသည်။

  2. လှိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်ကို မြင်ရပါတော့မလား

    Lahpai Seng Raw
    18 ဖေဖေါ်ဝါရီလ 2021
    Article

    ကျမတို့ ဖြတ်သန်းနေရတဲ့ လှိုဏ်ခေါင်းဟာ အင်မတန် ရှည်လျားလှတယ်၊ အနှစ်ခုနစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ခုချိန်ထိ လှိုဏ်ခေါင်းအဆုံးနားကို ရောက်နေပြီလို့ သိစေမဲ့ အလင်းရောင်ဆိုတာ မမြင်ရသေး။ ဦးဆောင်နေသူတွေက ထွက်ပေါက်ကို အခိုင်အမာ ပိတ်ပစ်လိုက်ကြပြီ။ သာမန်ပြည်သူ ဘယ်သူမှ အပြင်မထွက်နိုင်ကြတော့၊ လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေသူတွေခမျာ အပေါက်သေးသေးလေးတွေက ဝင်လာတဲ့ အလင်းတန်းလေးတွေကိုပဲ မကြာမကြာ မြင်ခွင့်ရကြတော့တယ်။ နိုင်ငံကို ဦးဆောင်နေသူတွေ သူတို့ရဲ့ ကွဲပြားခြားနားမှုတွေကို ညှိနှိုင်းပြေလည်ချိန်ဟာ အမှောင်ကမ္ဘာထဲ ဆယ်စုနှစ်ပေါင်းများစွာမွန်းကြပ်နေကြတဲ့ ကျမတို့တွေအတွက် သိပ်နောက်ကျသွားနိုင်တယ်။

  3. Ndai ningsin krung a jahtum e Nhtoi ngu ai gaw naw nga sana kun?

    Lahpai Seng Raw
    18 ဖေဖေါ်ဝါရီလ 2021
    Article
  4. သမိုင်းတစ်ကျော့ပြန်လည်ခြင်း - မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် နောက်လမ်းဆုံးတစ်ခု

    19 ဖေဖေါ်ဝါရီလ 2021
    Article

    ယနေ့သည် အနာဂတ်ပြည်ထောင်စုအတွက် တန်းတူညီမျှရေးနှင့် စည်းလုံးညီညွတ်ရေး အခြေခံမူများ ရေးဆွဲပြင်ဆင်ရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ စုဝေးခဲ့ကြသည့် သမိုင်းတွင်မည့် ပင်လုံသဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အစွဲပြု၍ ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ဖြစ်သည်။ သို့ သော်လည်း ၂၀၂၁ ခုနှစ်သည် အောင်ပွဲခံရမည့်နေ့ထူးနေ့မြတ်တစ်ရက် မဟုတ်ခဲ့ဘဲ မတရားသဖြင့် တိုင်းပြည်အာဏာရယူထားသည့် တပ်မတော်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြ သည့်အနေဖြင့် တစ်နိုင်လုံး အုံးအုံးကျက်ကျက် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် လမ်းပေါ် ထွက်၍ ဆန္ဒပြရသည့် နေ့ဖြစ်နေခဲ့သည်။  ယခုသုံးသပ်ချက်အတွင်း၌ လက်ရှိအရေးအခင်း မည်မျှ ကြီးကျယ်အရေးပါမှုနှင့် စစ်အုပ်ချုပ်ရေးဖြစ်စဉ်များ၊ နိုင်ငံကျရှုံးမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိ ပက္ခများ အလွန်အန္တရာယ်ကြီးမားလှသည့်ပုံစံဖြင့် သံသရာတစ်ပတ် ပြန်လည်လာခဲ့သည့် အကြောင်း ရင်းများကို TNI မှ ဆန်းစစ်သုံးသပ်တင်ပြထားသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရေရာသေချာမှုမရှိသည့် အနာဂတ်တစ်ချိန်ချိန်၌ မဟုတ်ဘဲ ယနေ့ပင် အရေးတကြီးလိုအပ် နေပြီဖြစ်သည်။