၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၁ မှ ၁၂ ရက်နေ့အထိ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ဘိန်းစိုက်တောင်သူအသိုက်အ ၀န်းများမှ ဘိန်းစိုက်တောင်သူများနှင့် ကိုယ်စားလှယ်များမှ အထက်မြန်မာပြည်၌ အတူတကွတွေ့ဆုံစည်းဝေး၍ မိမိတို့ကို သက်ရောက်ထိခိုက်လျက်ရှိသည့် မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ယင်းဆွေး နွေးပွဲရလဒ်အနေဖြင့် နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ မူဝါဒချမှတ်သူများအတွက် အကြံပြုထောက်ခံချက်များပါရှိသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြ သည်။