Search results

14 items
  1. လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း

    Jennifer Franco
    04 April 2016
    Article

    မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာ၌ မြေ၏အခန်းကဏ္ဍ မည် မျှအထိ အရေးပါလျက်ရှိသနည်း။ မြန်မာနိုင်ငံသည် အချိုးအကွေ့တစ်ခု၌ ရောက်ရှိနေပြီး ဆန့်ကျင် ဘက် အစွန်းနှစ်ဖက်သို့ အလျင်အမြန် ချဉ်းကပ်ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ သို့ရာ တွင် သမိုင်းတွင်သည့် ရွေးကောက်ပွဲအတွင်း သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အစိုးရသစ်ကို ရွေး ကောက်တင်မြှောက်နိုင်ခဲ့ခြင်းက အပြုသဘောဆောင်သည့် ဦးတည်ချက်ဖြင့် လမ်းကြောင်းပြောင်း လျှောက်လမ်းနိုင်သည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ထုတ်ပေးအပ်ထားသည်။ ဆင်းရဲနွမ်းပါးသူများ၊ အထိခိုက်လွယ်သူများနှင့် အပယ်ခံလူထုလူတန်းစားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၊ အမျိုး သမီးများနှင့် လူငယ်များကို ဦးစားပေးသည့် ချဉ်းကပ်လုပ်ဆောင်မှုအားဖြင့် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖော်ထုတ်နိုင်ပါသည်။

  2. မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းလာ မြေယာ များကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်။

    Khun Oo, Khun Kaung
    06 April 2017
    Article

    မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ မြေသိမ်းယာသိမ်းဖြစ်ရပ်များ မကြုံစ ဖူး မြင့်တက်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၌ အထူးသဖြင့် ကုန်းမြင့် တောင်တန်းဒေသများရှိ မြေအသုံးပြုခွင့် အခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေအခင်းအကျင်းကို ပြောင်းလဲသွားစေသည့် မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်များစွာ ပါဝင်လျက်ရှိပြီး မြေယာကဏ္ဍ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို အား ပေးအားမြှောက်ပြုရန်အတွက် တရားဝင်မြေယာဈေးကွက်များကိုပါ ဖန်တီးခဲ့ကြသည်။ ဤအပြောင်းအလဲများ သည် စိုက်ပျိုးမြေများအပေါ် မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် သစ်တောများကို အမှီသဟဲပြုနေကြသည့် မြန်မာနိုင်ငံရှိ လူထုလူတန်းစားအများစု၏ စားနပ်ရိက္ခာနှင့် မြေယာလုပ်ပိုင်ခွင့်ကို အာမ ခံချက် ကင်းမဲ့သွားစေသဖြင့် စိုးရိမ်ပူပန်မှုများ အထူးတလည်မြင့်တက်လာစေသည်။

  3. မြန်မာ့ရေအားလျှပ်စစ်လုပ်ငန်းကဏ္ဍကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသလဲ။

    Nang Shining
    01 September 2017
    Article

    မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရပြီး ယင်းတို့အထဲ၌ သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှု ပြဿနာသည် လတ်တလော အရေးကြီးနေသည့် ပြဿနာတစ်ခုဖြစ်သည်သာမက ပိုမိုပြင်းထန်လာသော ပြဿနာတစ်ရပ်ဖြစ်လာသည်။ လျော် ကန်သင့်မြတ်သည့် စီမံချက်(သို့မဟုတ်)လူထုနှင့် ညှိနှိုင်းတိုင်ပင်မူမရှိသည်သာမက နိုင်ငံတစ်လွှားရှိ သဘာဝဝန်းကျင်ဂေဟစနစ်နှင့် လူ့အဖွဲ့အ စည်းအား နဂိုမူလအတိုင်း ပြန်မဖြစ်စေနိုင်လောက်သည့် အန္တရာယ်များကို ဖြစ်စေနိုင်သည့် အကြီးစားရေကာတာကြီးများနှင့် ရေအားလျှပ်စစ် လုပ်ငန်းစီမံကိန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းသည် အထူးတလည် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်ဖြစ်လာသည်။ အထက်ပါ စီမံကိန်းအများစုသည် ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသားလူမျိုးစုများ၏နေထိုင်ရာဒေသများတွင် တည်ရှိနေသည်သာမက အဆိုပါစီမံကိန်းမှ ထုတ်ယူမည့် စွမ်းအင်အ မြောက်အများကိုလည်း အိမ်နီးချင်းနိုင်ငံများသို့တင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ကန့်ကွက်ဆန္ဒပြမှုများ တစ်နိုင်ငံလုံးပျံ့နှံ့ဖြစ် ပေါ်နေသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့် ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲရန် အချိန်မှီသေးသည်ဟု ဆိုနိုင်ပါသည်။ သင့်လျော်သော နေရာဒေသတွင် ရေအားလျှပ်စစ်သည် အရေးကြီးသည့် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်နိုင်သည် မှန်သော်လည်း ဒေသအခြေအနေနှင့် ဒေသခံ များ၏လိုအပ်ချက်များနှင့် ကိုက်ညီရန် အထူးအရေးကြီးပြီး ဒုက္ခအသစ်ဖန်တီးမှုမျိုးမဖြစ်ရန်၊ တိုင်းရင်းသားလူမျိုးစုများ၏ မကျေနပ်မှုသောကများနှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကြိုးပမ်းမှုများအတွက် ခြိမ်းခြောက်ဟန့်တားသည့် အခြေအနေမျိုးမဖြစ်အောင် ဂရုစိုက်ရန်လိုအပ်သည်။ (မြန်မာနိုင်ငံ၏) နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာနှင့်သက်ဆိုင်သည့် ဦးတည်ချက်များအပေါ်တွင် ရေရှည်အကျိုးသက်ရောက်မူရှိနိုင်မည့် စီမံ ကိန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပူးပေါင်းပါဝင်မှုကို အခြေတည်၍ အားလုံးပါဝင်သဘောတူနိုင်သည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်နေစဉ်အ တွင်း ယာယီတားမြစ်ချက်များ ပြဌာန်းထုတ်ပြန်ရန် မဖြစ်မနေလိုအပ်ပါသည်။

  4. မြန်မာ့မျက်မှောက်ရေးရာကဏ္ဍ

    29 January 2018

    TNI ၏ မြန်မာ့မျက်မှောက်ရေးရာစီမံကိန်းသည် အားလုံးပါဝင်၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ် ထွန်းလာစေရန် လုပ်ကိုင်ဆောင်ရွက်ရင်း တစ်ရှိန်ထိုးတံခါးပွင့်လာသည့် နိုင်ငံတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့ လာရနိုင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စေရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများ(တိုင်းရင်းသား)နှင့် နိုင်ငံရေးအဖွဲ့အစည်းများကို အားပေးအားမြှောက်ပြုလျက်ရှိသည်။ TNI အနေဖြင့် အဖွဲ့အစည်းတစ်ရပ်လုံး၏ လယ်ယာ ဥယျာဉ်ခြံမြေ တရားမျှတရေး၊ အခြားနည်းဖြင့် ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားဆန်သည့် မူး ယစ်ဆေးဝါးမူဝါဒများကို အတူတကွပေါင်းစပ်ထားသည့် အစီအစဉ်အားဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားနယ်မြေ ဒေသများနှင့် ပတ်သက်၍ အထူးတလည် နားလည်ကျွမ်းကျင်လာစေရန် အစဉ်အဆက် ကြိုးပမ်းတည်ဆောက် လာခဲ့သည်။

       
  5. “ပထမတော့ သေနတ်နဲ့ ကျနော်တို့ရဲ့ မြေတွေကို လုယူသွားခဲ့ကြတယ်။ အခုကျတော့ မြေလုဖို့ ဥပဒေကို အသုံးချလာပြန်ပြီ။"

    03 September 2019
    Article

    မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တရား မျှတမှုမရှိတဲ့ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရတယ်။ ဒီနေ့ဒီအချိန်မှာလည်း သန်းခေါင် ထက်ညနက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတုန်းပါပဲ။

  6. “ကျွန်ုပ်တို့မပါလျင် ကျွန်ုပ်တို့အတွက်မဟုတ်”- တရားဝင်မှုရှိသည့်အမျိုးသားမြေဥပဒေရေးဆွဲခြင်းဖြစ်စဉ်ပုံဖော်ခြင်း

    Transnational Institute (TNI)
    18 December 2019
    Article

    အမျိုးသားမြေဥပဒေသစ်ပြုစုရေးဆွဲရန်အတွက် လမ်းပြမြေပုံရေးဆွဲရန် ပြည်ထောင်စုအစိုးရမှ ဆွေးနွေးပွဲ ပြုလုပ်မည့်အချိန်တွင် TNI အနေဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒဖြစ်စဉ်စတင်ခဲ့သည့် အချိန်မှ ယခုအချိန်ထိ အခြေအနေများ မည်ကဲ့သို့ ပြောင်းလဲခဲ့သည်ကို ကြည့်ကာ လက်ရှိအခြေအနေတွင် နိုင်ငံတဝန်းရှိ သန်းချီသောပြည်သူများ၏ မြေဆိုင်ရာအခွင့်အရေးမည်ကဲ့သို့ အနေအထားရှိသည်ကို သုံးသပ်ထားပါသည်။ 

  7. An old house left behind by IDPs in Kachin State

    မူလအတိုင်းပြန်လည်ရပိုင်ခွင့်မရှိပဲ IDP စခန်းများ မပိတ်သိမ်းပါနှင့်။

    11 March 2020
    Article

    လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများ (IDPs)များသည် ၂၀၁၈ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ ပိုးလမ်းမစီမံကိန်း နှင့် IDP စခန်းပိတ်သိမ်းရေးအမျိုးသားအဆင့် မဟာဗျူဟာ စသည့်အခြေအနေများ  ပေါင်းကာဖြစ်ပေါ်လာ သည့် မုန်တိုင်းတွင် ပိတ်မိနေသည့်အခြေအနေဟု သုံးသပ်မိသည်။

  8. မန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကောင်အထည်ဖော်မှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု အလားအလာ

    Jason Gelbort
    07 January 2019
    Article

    ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူပြုရန်အတွက် လူထုလူတန်းစားများ၏ မြေ ယာရပိုင်ခွင့်အခွင့်အရေးများကို မဖြစ်မနေအကာအကွယ်ပေးရမည်။

  9. သမုဒ္ဒရာနှင့် ရေအောက်သယံဇာတများကို ခြံခတ်သိမ်းဆည်းခြင်း

    16 March 2017
    Report

    အထက်အောက်ဆန်သည့်ထိန်းသိမ်း စောင့်ရှောက်ရေးစီမံကိန်းများ၊ သဘာဝခရီးသွားလုပ်ငန်း၊ အကြီးစားရေထွက်ကုန်မွေးမြူရေးလုပ်ငန်းများ သည် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲလျက်ရှိသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကုန်းတွင်းရေအောက်သယံဇာတများသည် ကျယ်ပြန့်သော်လည်း ယင်းအပြောင်းအလဲဖြစ်စဉ်များနှင့် အရင်းအမြစ်များမှ မည်သူတို့ အကျိုးအမြတ် ခံစားခွင့်ရရှိနေကြောင်း၊ ထိုအရင်းအမြစ်များကို မည်သူတို့လက်လှမ်းမီ အသုံးချလျက်ရှိကြောင်း၊ မည်သူတို့ထိန်းချုပ်စီမံလျက်ရှိကြောင်း အရေးတစ်ကြီးမေးခွန်းမေးစရာရှိလာသည်။

  10. Panglong monument with Shwedagon replica in background

    ပင်လုံအလွန် -
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး အကျပ်အတည်း

    22 February 2018
    Policy briefing

    တိုင်းရင်းသားပဋိပက္ခရေးရာနှင် ဒုက္ခသည်ရွှေ့ ပြောင်းမှုများသည် မြန်မာနိုင်ငံဧ။်နယ်စပ်ဒေသတစ်လွှားတွင် နေရာယူဆဲဖြစ်သောကြောင့် လက်ရှိအနေအထားတွင် တိုင်းပြည်သည် လမ်းဆတွုံင်တည်ရှိနေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့်

    စစ်အုပ်ချုပ်ရေးကာလနောက်ပိုင်း ၂၁ ရာစုပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် နှောင်းပိုင်း

    မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံးအတိုင်းအတာငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖော်ဆောင်နိုင် စေရန်ကြိုးပမ်းသည့် စိတ်အားတက်ကြွဖွယ်ရာအကောင်းဆုံး တာထွက်ခြေလှမ်းတစ်ရပ်အနေဖြင့် ကြိုဆိုဂုဏ်ပြု ခဲ့ကြသည်။

    သို့သော်လည်း ကျဆုံးသွားမည်ကို စိုးရိမ်မကင်းဖြစ်သည့် အငွေ့အသက်များက နိုင်ငံ၏ အတိတ် ကာလဖြစ်ရပ် ဆိုးများကို ပြန်ပြောင်းအမှတ်ရစေလျက်ရှိသည်။

  11. Arakan National Conference, Kyaukpyu, 2014

    အာရကန် (ရခိုင်ပြည်နယ်)

    • Martin Smith
    16 December 2020
    Report

    ကိုလိုနီခေတ်အလွန် မြန်မာနိုင်ငံကျရှုံးမှုများ၏ ပုံရိပ်က အာရကန်မြေဟု သမိုင်းတွင်ခဲ့သော ရခိုင်ပြည်နယ်တွင် ထင်ဟပ်နေပေသည်။ လူမျိုးစု ပဋိပက္ခများ၊ နိုင်ငံရေး ညှပ်ပူးညှပ်ပိတ် အခြေအနေ၊ စစ်ဘောင်ချဲ့လာခြင်း၊ ဒေသစီးပွားရေးကို လျစ်လျူရှုခဲ့ခြင်းများနှင့် ဌာနေလူထုကို ဖယ်ကျဉ် ဆက်ဆံခဲ့ခြင်းများ ရှိနေသော ရခိုင်ပြည်နယ်သည် မြန်မာပြည်လိုပင်။ လွန်ခဲ့သော ဆယ်စုနှစ်များတွင် ထိုပြဿနာများ၏ အတိုင်းအဆ ပိုမိုပြင်းထန်လာကြသည်။ ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်တို့အကြား စိတ်ဝမ်းကွဲမှု ပိုမိုဆိုးရွားလာပြီး ခေတ်သစ် ကမ္ဘာ၏ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြစ်စေခဲ့သည်။ လူသားအရင်းအမြစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်တို့ဖြင့် အသေအချာ အလားအလာရှိသည့် ဒေသတစ်ခုဖြစ်သော်လည်း အာရကန်မှာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။