Search results

26 items
  1. ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးအတွက် လိုအပ်ချက်

    Lahpai Seng Raw
    27 January 2016
    Article

    မြန်မာပြည်သူ/ပြည်သားများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သာယာဝပြောရေးနှင့် လူအခွင့်အရေးများဆိုင်ရာ အရေးကြီးသည့်ကိစ္စရပ်များကို အမျိုးသားရင်ကြားစေ့ရေးနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် စိတ်ဓါတ်ဖြင့် အပြည့်အဝဆွေးနွေးနိုင်သော အတူတကွ တွေ့ဆုံဆွေးနွေးမှုနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခုကို တောင့်တမျှော်လင့်နေခဲ့ကြသည်မှာ ကာလကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးပွဲဆီသို့ ဦးတည်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို အမြဲကြိုဆိုလျှက်ရှိသည်။

     

  2. ကချင်ပြည်နယ်ရှိ လူထုအခြေပြု မူးယစ်ဆေးဝါး စစ်ပွဲ၊ အောင်မြင်မှုမရှိသည့် မူဝါဒများ၏ သက်သေ

    21 March 2016
    Article

    ပတ်ဂျဆန်ကို ဖွဲ့စည်းတည်ထောင်မှုနှင့် ယင်းတို့၏ ‘လူထုအခြေပြု မူးယစ်ဆေးဝါးစစ်ပွဲ’သည် ကချင် ပြည်နယ်၌သာမက နိုင်ငံတစ်နံတစ်လျား အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာပေါင်းများစွာကို ဖော်ထုတ်မီးမောင်းထိုးပြခဲ့သည်။ အဆုံး၌ မူးယစ်ဆေးဝါးပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းလာပြီဟု ယူဆသည့် ကချင်လှုပ်ရှားတက်ကြွသူများ၏ ချီးမွမ်းထောက်ခံမှုကို ပတ်ဂျဆန်တို့ ရရှိထားသော်လည်း တစ်ဖက်တွင်မူ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဘိန်းစိုက်တောင်သူများအပါအ၀င် အပယ်ခံရပ်ရွာလူထုများအတွက် မည်သည့်ဝန်ဆောင်မှုမျှ ပေးအပ်ထောက်ပံ့မှုမရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အခြားအဖွဲ့အစည်းများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရလျက်ရှိသည်။

  3. လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း

    Jennifer Franco
    04 April 2016
    Article

    မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာ၌ မြေ၏အခန်းကဏ္ဍ မည် မျှအထိ အရေးပါလျက်ရှိသနည်း။ မြန်မာနိုင်ငံသည် အချိုးအကွေ့တစ်ခု၌ ရောက်ရှိနေပြီး ဆန့်ကျင် ဘက် အစွန်းနှစ်ဖက်သို့ အလျင်အမြန် ချဉ်းကပ်ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ သို့ရာ တွင် သမိုင်းတွင်သည့် ရွေးကောက်ပွဲအတွင်း သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အစိုးရသစ်ကို ရွေး ကောက်တင်မြှောက်နိုင်ခဲ့ခြင်းက အပြုသဘောဆောင်သည့် ဦးတည်ချက်ဖြင့် လမ်းကြောင်းပြောင်း လျှောက်လမ်းနိုင်သည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ထုတ်ပေးအပ်ထားသည်။ ဆင်းရဲနွမ်းပါးသူများ၊ အထိခိုက်လွယ်သူများနှင့် အပယ်ခံလူထုလူတန်းစားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၊ အမျိုး သမီးများနှင့် လူငယ်များကို ဦးစားပေးသည့် ချဉ်းကပ်လုပ်ဆောင်မှုအားဖြင့် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖော်ထုတ်နိုင်ပါသည်။

  4. မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို ခြိမ်းခြောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်များ

    Pietje Vervest
    17 October 2016
    Article

    ဖွံ့ဖြိုးစ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ တည်ငြိမ်မှု မရှိသေးဘဲ အထိအခိုက်လွယ်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒီလိုအချိန်မှာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်တွေဟာ နိုင်ငံကို ပိုငြိမ်းချမ်းပြီး ဒီမိုကရေစီ ဆန်စေမယ့် လုပ်ငန်းစဉ်တွေအပေါ် အပျက်သဘော သက်ရောက်မှုတွေ ရှိမနေဖို့ လိုပါတယ်။

  5. Anti-war protest by residents, Myitkyina / Photo credit Kachinland News

    ငြိမ်းချမ်းရေးသို့ မလှမ်းနိုင်သေးသည့် မြန်မာ့အပစ်အခတ်ရပ်စဲရေးများ

    Lahpai Seng Raw
    19 October 2016
    Article

    လူကိုမယုံချင်နေပါ။ ဒါပေမဲ့ ကျွန်တော်တို့တတွေ အတူရေးဆွဲကြမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုတော့ ယုံပါလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ၁၉၄၇ ဖေဖော်ဝါရီလမှာ သမိုင်းဝင်ပင်လုံ စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ စည်းရုံးခဲ့စဉ်က ဗမာခေါင်းဆောင်တစ်ချို့အပေါ် အယုံအကြည် လုံးဝမရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။

  6. မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းလာ မြေယာ များကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်။

    Khun Oo, Khun Kaung
    06 April 2017
    Article

    မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ မြေသိမ်းယာသိမ်းဖြစ်ရပ်များ မကြုံစ ဖူး မြင့်တက်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၌ အထူးသဖြင့် ကုန်းမြင့် တောင်တန်းဒေသများရှိ မြေအသုံးပြုခွင့် အခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေအခင်းအကျင်းကို ပြောင်းလဲသွားစေသည့် မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်များစွာ ပါဝင်လျက်ရှိပြီး မြေယာကဏ္ဍ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို အား ပေးအားမြှောက်ပြုရန်အတွက် တရားဝင်မြေယာဈေးကွက်များကိုပါ ဖန်တီးခဲ့ကြသည်။ ဤအပြောင်းအလဲများ သည် စိုက်ပျိုးမြေများအပေါ် မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် သစ်တောများကို အမှီသဟဲပြုနေကြသည့် မြန်မာနိုင်ငံရှိ လူထုလူတန်းစားအများစု၏ စားနပ်ရိက္ခာနှင့် မြေယာလုပ်ပိုင်ခွင့်ကို အာမ ခံချက် ကင်းမဲ့သွားစေသဖြင့် စိုးရိမ်ပူပန်မှုများ အထူးတလည်မြင့်တက်လာစေသည်။

  7. မြန်မာ့ရေအားလျှပ်စစ်လုပ်ငန်းကဏ္ဍကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသလဲ။

    Nang Shining
    01 September 2017
    Article

    မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရပြီး ယင်းတို့အထဲ၌ သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှု ပြဿနာသည် လတ်တလော အရေးကြီးနေသည့် ပြဿနာတစ်ခုဖြစ်သည်သာမက ပိုမိုပြင်းထန်လာသော ပြဿနာတစ်ရပ်ဖြစ်လာသည်။ လျော် ကန်သင့်မြတ်သည့် စီမံချက်(သို့မဟုတ်)လူထုနှင့် ညှိနှိုင်းတိုင်ပင်မူမရှိသည်သာမက နိုင်ငံတစ်လွှားရှိ သဘာဝဝန်းကျင်ဂေဟစနစ်နှင့် လူ့အဖွဲ့အ စည်းအား နဂိုမူလအတိုင်း ပြန်မဖြစ်စေနိုင်လောက်သည့် အန္တရာယ်များကို ဖြစ်စေနိုင်သည့် အကြီးစားရေကာတာကြီးများနှင့် ရေအားလျှပ်စစ် လုပ်ငန်းစီမံကိန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းသည် အထူးတလည် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်ဖြစ်လာသည်။ အထက်ပါ စီမံကိန်းအများစုသည် ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသားလူမျိုးစုများ၏နေထိုင်ရာဒေသများတွင် တည်ရှိနေသည်သာမက အဆိုပါစီမံကိန်းမှ ထုတ်ယူမည့် စွမ်းအင်အ မြောက်အများကိုလည်း အိမ်နီးချင်းနိုင်ငံများသို့တင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ကန့်ကွက်ဆန္ဒပြမှုများ တစ်နိုင်ငံလုံးပျံ့နှံ့ဖြစ် ပေါ်နေသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့် ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲရန် အချိန်မှီသေးသည်ဟု ဆိုနိုင်ပါသည်။ သင့်လျော်သော နေရာဒေသတွင် ရေအားလျှပ်စစ်သည် အရေးကြီးသည့် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်နိုင်သည် မှန်သော်လည်း ဒေသအခြေအနေနှင့် ဒေသခံ များ၏လိုအပ်ချက်များနှင့် ကိုက်ညီရန် အထူးအရေးကြီးပြီး ဒုက္ခအသစ်ဖန်တီးမှုမျိုးမဖြစ်ရန်၊ တိုင်းရင်းသားလူမျိုးစုများ၏ မကျေနပ်မှုသောကများနှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကြိုးပမ်းမှုများအတွက် ခြိမ်းခြောက်ဟန့်တားသည့် အခြေအနေမျိုးမဖြစ်အောင် ဂရုစိုက်ရန်လိုအပ်သည်။ (မြန်မာနိုင်ငံ၏) နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာနှင့်သက်ဆိုင်သည့် ဦးတည်ချက်များအပေါ်တွင် ရေရှည်အကျိုးသက်ရောက်မူရှိနိုင်မည့် စီမံ ကိန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပူးပေါင်းပါဝင်မှုကို အခြေတည်၍ အားလုံးပါဝင်သဘောတူနိုင်သည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်နေစဉ်အ တွင်း ယာယီတားမြစ်ချက်များ ပြဌာန်းထုတ်ပြန်ရန် မဖြစ်မနေလိုအပ်ပါသည်။

  8. အရှေ့တောင်အာရှ မူးယစ်ဆေးဝါးရေးရာမူဝါဒ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ဦးဆောင်တော့မှာလား။

    12 October 2017
    Article

    မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာရေးကို ဦးစားပေးသည့် ခေတ်မီတိုးတက်သော မူဝါဒများကို အကောင်အထည်ဖော်နေခြင်းအတွက်ထက် တရားမဝင်မူးယစ်ဆေး အမြောက်အများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းဖြူ (ဟီးရိုးအင်း) သုံးစွဲသူဦးရေ မြင့်မားခြင်းအပါအဝင် အလွန်ကြီးမားလှသည့် မူးယစ်ဆေးပြဿနာများရှိနေခြင်းအတွက် ပို၍လူသိများလှပါသည်။ သို့ရာတွင် မကြာမီအချိန်အတွင်း ယင်းသို့သော အခြေအနေမှ အပြောင်းအလဲများရှိလာနိုင်ပါသည်။ 

  9. မြန်မာ့မျက်မှောက်ရေးရာကဏ္ဍ

    29 January 2018

    TNI ၏ မြန်မာ့မျက်မှောက်ရေးရာစီမံကိန်းသည် အားလုံးပါဝင်၍ အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ် ထွန်းလာစေရန် လုပ်ကိုင်ဆောင်ရွက်ရင်း တစ်ရှိန်ထိုးတံခါးပွင့်လာသည့် နိုင်ငံတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့ လာရနိုင်သည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စေရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများ(တိုင်းရင်းသား)နှင့် နိုင်ငံရေးအဖွဲ့အစည်းများကို အားပေးအားမြှောက်ပြုလျက်ရှိသည်။ TNI အနေဖြင့် အဖွဲ့အစည်းတစ်ရပ်လုံး၏ လယ်ယာ ဥယျာဉ်ခြံမြေ တရားမျှတရေး၊ အခြားနည်းဖြင့် ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားဆန်သည့် မူး ယစ်ဆေးဝါးမူဝါဒများကို အတူတကွပေါင်းစပ်ထားသည့် အစီအစဉ်အားဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားနယ်မြေ ဒေသများနှင့် ပတ်သက်၍ အထူးတလည် နားလည်ကျွမ်းကျင်လာစေရန် အစဉ်အဆက် ကြိုးပမ်းတည်ဆောက် လာခဲ့သည်။

       
  10. မြန်မာနိုင်ငံ၏ တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေး

    Sai Wansai
    08 October 2018
    Article

    မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်များ အလုပ်မဖြစ်သဖြင့် လက်ရှိအချိန်၌ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည်။

  11. အမျိုးသားရင်ကြားစေ့ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးတိုးတက်ရေး ဆွေးနွေးပွဲ

    Lahpai Seng Raw
    05 December 2018
    Article

    နိုင်ငံတဝှမ်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေးလိုအပ်ချက်

  12. မန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကောင်အထည်ဖော်မှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု အလားအလာ

    Jason Gelbort
    07 January 2019
    Article

    ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူပြုရန်အတွက် လူထုလူတန်းစားများ၏ မြေ ယာရပိုင်ခွင့်အခွင့်အရေးများကို မဖြစ်မနေအကာအကွယ်ပေးရမည်။

  13. အကျပ်အတည်းဆိုက်နေသော နိုင်ငံရေးစနစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲခြင်း - မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများ တာဝန်ယူမှုရှိရန် လိုအပ်နေခြင်း

    Lahpai Seng Raw
    27 August 2019
    Article

    နိုင်ငံရေးအကျပ်အတည်းမှာ မြန်မာနိုင်ငံတွင်ဆက်လျက်ဖြစ်ပေါ်လျက်ရှိသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အထွေထွေရွေးကောက်ပွဲများသည်လည်း နိုင်ငံတစ်ဝှမ်းအရေးနိမ့်လျက်ရှိသည်။

    နိုင်ငံရေးပါတီများအားလုံး-ပြည်တွင်း၊ ပြည်ပနှစ်ရပ်စလုံး- အနေဖြင့် ယခုကဲ့သို့ မအောင်မြင်ခဲ့ရသည့် အကြောင်းရင်းများကို ပြန်လည်သုံးသပ်ရန်လိုအပ်လှသည်။

    ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကိုတည်ဆောက်လိုလျှင် အရပ်ဖက်အဖွဲ့အစည်းကွန်ရက်များနှင့် ပြည်သူ့ကိုယ်စားပြုအုပ်ချုပ်ရေးစနစ်သည် ပြည်သူများအကြားအားကောင်းရပေမည်။

  14. “ပထမတော့ သေနတ်နဲ့ ကျနော်တို့ရဲ့ မြေတွေကို လုယူသွားခဲ့ကြတယ်။ အခုကျတော့ မြေလုဖို့ ဥပဒေကို အသုံးချလာပြန်ပြီ။"

    03 September 2019
    Article

    မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တရား မျှတမှုမရှိတဲ့ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရတယ်။ ဒီနေ့ဒီအချိန်မှာလည်း သန်းခေါင် ထက်ညနက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတုန်းပါပဲ။

  15. “ကျွန်ုပ်တို့မပါလျင် ကျွန်ုပ်တို့အတွက်မဟုတ်”- တရားဝင်မှုရှိသည့်အမျိုးသားမြေဥပဒေရေးဆွဲခြင်းဖြစ်စဉ်ပုံဖော်ခြင်း

    Transnational Institute (TNI)
    18 December 2019
    Article

    အမျိုးသားမြေဥပဒေသစ်ပြုစုရေးဆွဲရန်အတွက် လမ်းပြမြေပုံရေးဆွဲရန် ပြည်ထောင်စုအစိုးရမှ ဆွေးနွေးပွဲ ပြုလုပ်မည့်အချိန်တွင် TNI အနေဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒဖြစ်စဉ်စတင်ခဲ့သည့် အချိန်မှ ယခုအချိန်ထိ အခြေအနေများ မည်ကဲ့သို့ ပြောင်းလဲခဲ့သည်ကို ကြည့်ကာ လက်ရှိအခြေအနေတွင် နိုင်ငံတဝန်းရှိ သန်းချီသောပြည်သူများ၏ မြေဆိုင်ရာအခွင့်အရေးမည်ကဲ့သို့ အနေအထားရှိသည်ကို သုံးသပ်ထားပါသည်။ 

  16. An old house left behind by IDPs in Kachin State

    မူလအတိုင်းပြန်လည်ရပိုင်ခွင့်မရှိပဲ IDP စခန်းများ မပိတ်သိမ်းပါနှင့်။

    11 March 2020
    Article

    လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများ (IDPs)များသည် ၂၀၁၈ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ ပိုးလမ်းမစီမံကိန်း နှင့် IDP စခန်းပိတ်သိမ်းရေးအမျိုးသားအဆင့် မဟာဗျူဟာ စသည့်အခြေအနေများ  ပေါင်းကာဖြစ်ပေါ်လာ သည့် မုန်တိုင်းတွင် ပိတ်မိနေသည့်အခြေအနေဟု သုံးသပ်မိသည်။

Pages