ရှာလို့ရသောရလဒ်များ

19 items
  1. မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းလာ မြေယာ များကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်။

    Khun Oo, Khun Kaung
    06 ဧပြီလ 2017
    Article

    မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ မြေသိမ်းယာသိမ်းဖြစ်ရပ်များ မကြုံစ ဖူး မြင့်တက်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၌ အထူးသဖြင့် ကုန်းမြင့် တောင်တန်းဒေသများရှိ မြေအသုံးပြုခွင့် အခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေအခင်းအကျင်းကို ပြောင်းလဲသွားစေသည့် မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်များစွာ ပါဝင်လျက်ရှိပြီး မြေယာကဏ္ဍ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို အား ပေးအားမြှောက်ပြုရန်အတွက် တရားဝင်မြေယာဈေးကွက်များကိုပါ ဖန်တီးခဲ့ကြသည်။ ဤအပြောင်းအလဲများ သည် စိုက်ပျိုးမြေများအပေါ် မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် သစ်တောများကို အမှီသဟဲပြုနေကြသည့် မြန်မာနိုင်ငံရှိ လူထုလူတန်းစားအများစု၏ စားနပ်ရိက္ခာနှင့် မြေယာလုပ်ပိုင်ခွင့်ကို အာမ ခံချက် ကင်းမဲ့သွားစေသဖြင့် စိုးရိမ်ပူပန်မှုများ အထူးတလည်မြင့်တက်လာစေသည်။

  2. Anti-war protest by residents, Myitkyina / Photo credit Kachinland News

    ငြိမ်းချမ်းရေးသို့ မလှမ်းနိုင်သေးသည့် မြန်မာ့အပစ်အခတ်ရပ်စဲရေးများ

    Lahpai Seng Raw
    19 အောက်တိုဘာလ 2016
    Article

    လူကိုမယုံချင်နေပါ။ ဒါပေမဲ့ ကျွန်တော်တို့တတွေ အတူရေးဆွဲကြမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုတော့ ယုံပါလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ၁၉၄၇ ဖေဖော်ဝါရီလမှာ သမိုင်းဝင်ပင်လုံ စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ စည်းရုံးခဲ့စဉ်က ဗမာခေါင်းဆောင်တစ်ချို့အပေါ် အယုံအကြည် လုံးဝမရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။

  3. မန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကောင်အထည်ဖော်မှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု အလားအလာ

    Jason Gelbort
    07 ဇန်နဝါရီလ 2019
    Article

    ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူပြုရန်အတွက် လူထုလူတန်းစားများ၏ မြေ ယာရပိုင်ခွင့်အခွင့်အရေးများကို မဖြစ်မနေအကာအကွယ်ပေးရမည်။

  4. ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးအတွက် လိုအပ်ချက်

    Lahpai Seng Raw
    27 ဇန်နဝါရီလ 2016
    Article

    မြန်မာပြည်သူ/ပြည်သားများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သာယာဝပြောရေးနှင့် လူအခွင့်အရေးများဆိုင်ရာ အရေးကြီးသည့်ကိစ္စရပ်များကို အမျိုးသားရင်ကြားစေ့ရေးနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် စိတ်ဓါတ်ဖြင့် အပြည့်အဝဆွေးနွေးနိုင်သော အတူတကွ တွေ့ဆုံဆွေးနွေးမှုနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခုကို တောင့်တမျှော်လင့်နေခဲ့ကြသည်မှာ ကာလကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးပွဲဆီသို့ ဦးတည်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို အမြဲကြိုဆိုလျှက်ရှိသည်။

     

  5. အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုဆီသို

    Si Thu
    22 ဇွန်လ 2020
    Article

    ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများနည်းတူ မြေယာစီမံခန့်ခွဲမှုပုံစံများသည် တစ်နေရာနှင့်တစ်နေရာ မတူညီကြပေ။

  6. “ကျုပ်တို့အပေါ် စစ်ကြေညာခြင်း” - ၂၀၁၈ ခုနှစ် VFV ဥပ ဒေပြင်ဆင်ချက်နှင့် တိုင်းရင်းသားလူမျိုးများအပေါ် ရိုက် ခတ်မှုများ

    Transnational Institute (TNI)
    31 ဇန်နဝါရီလ 2019
    Article

    ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် မြေယာဆိုင်ရာ ရပိုင်ခွင့် လူ့အခွင့်အရေး

  7. အမျိုးသားရင်ကြားစေ့ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးတိုးတက်ရေး ဆွေးနွေးပွဲ

    Lahpai Seng Raw
    05 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2018
    Article

    နိုင်ငံတဝှမ်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေးလိုအပ်ချက်

  8. လှိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်ကို မြင်ရပါတော့မလား

    Lahpai Seng Raw
    18 ဖေဖေါ်ဝါရီလ 2021
    Article

    ကျမတို့ ဖြတ်သန်းနေရတဲ့ လှိုဏ်ခေါင်းဟာ အင်မတန် ရှည်လျားလှတယ်၊ အနှစ်ခုနစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ခုချိန်ထိ လှိုဏ်ခေါင်းအဆုံးနားကို ရောက်နေပြီလို့ သိစေမဲ့ အလင်းရောင်ဆိုတာ မမြင်ရသေး။ ဦးဆောင်နေသူတွေက ထွက်ပေါက်ကို အခိုင်အမာ ပိတ်ပစ်လိုက်ကြပြီ။ သာမန်ပြည်သူ ဘယ်သူမှ အပြင်မထွက်နိုင်ကြတော့၊ လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေသူတွေခမျာ အပေါက်သေးသေးလေးတွေက ဝင်လာတဲ့ အလင်းတန်းလေးတွေကိုပဲ မကြာမကြာ မြင်ခွင့်ရကြတော့တယ်။ နိုင်ငံကို ဦးဆောင်နေသူတွေ သူတို့ရဲ့ ကွဲပြားခြားနားမှုတွေကို ညှိနှိုင်းပြေလည်ချိန်ဟာ အမှောင်ကမ္ဘာထဲ ဆယ်စုနှစ်ပေါင်းများစွာမွန်းကြပ်နေကြတဲ့ ကျမတို့တွေအတွက် သိပ်နောက်ကျသွားနိုင်တယ်။

  9. Opium harvest in early 2019 in Pekhon Township, southern Shan State (TNI)

    မြေပြင်အမှန်တရားကို လိုရာဆွဲပုံဖော်ခြင်း - မူးယစ်ဆေးဝါး၊ ပဋိပက္ခနှင့် UNODC ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း

    Transnational Institute (TNI)
    07 မတ်လ 2019
    Article

    ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ လတ်တလောထုတ်ပြန်ခဲ့သည့် “၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း”၌ ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအချို့ကို တိတိပပစွပ်စွဲပြောဆိုထားသည့် အချက်များပါဝင်လျက်ရှိသည်။ ဤ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံ၏ ရှုပ်ထွေးလွန်းလှသည့် လက်တွေ့အခြေအနေများကို ထင်ဟပ်မှုမရှိဘဲ လိုရာဆွဲ၍ မည်ကဲ့သို့ပုံဖော်ရေးသားထားကြောင်း ရှင်းလင်းဖော်ပြထားပါ သည်။

  10. ကချင်တိုင်းရင်းသားများ သတိထားရမည့် တရုတ်ပိုးလမ်းမသစ် စီမံကိန်း

    Lahpai Seng Raw
    31 ဇန်နဝါရီလ 2019
    Article

    တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (China Myanmar Economic Corridor, CMEC) တည်ဆောက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၁၈၊ စက်တင်ဘာလမှာ မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည်။ CMEC သည် တရုတ်အင်ပါယာနှင့် အနောက်တိုင်း ဈေးကွက်များကို တချိန်က ချိတ်ဆက် ပေးခဲ့ သည့် ရှေးဟောင်းပိုးလမ်း မကြီးကိုနှစ်ဆယ့်တစ်ရာစုအသွင် ပြန်လည် ပုံဖော်မည့် တရုတ်ပိုးလမ်းမသစ် စီမံကိန်း (Belt and Road Initiative, BRI) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

  11. Fieldfarming in Amarapura

    တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သော မြန်မာ့ အောက်ခြေလူတန်းစားများ

    Nwet Kay Khine
    06 ဇူလိုင်လ 2020
    Article

    အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အသားကျနေသော နိုင်ငံတစ်ခု အနေနှင့် ကိုဗစ်ကဲ့သို့သော အရေးပေါ်ကာလတွင် အာဏာစက်ကို လွန်လွန်ကဲကဲသုံးသော ဒေသန္တရ အုပ်ချုပ်ရေးမျိုးများသည်လည်း မရှားလှပါ။ ဤကဲ့သို့ ကပ်ဘေးအန္တရာယ်မျိုးကို ကိုင်တွယ်ရချိန်တွင် ထောင်ချရခြင်း၊ ချုပ်နှောင်ရခြင်းကလွဲပြီး အခြားနည်းမရှိဟု ယူဆခဲ့ကြသည့် အမှုများ များစွာပင် ရှိသည်။ ကျေးလက်များအပါအဝင် နေရာတော်တော်များများတွင် လူအများ အထိတ်တလန့် စိုးရိမ်နေသောအချိန်တွင် အာဏာပိုင်များနှင့် ဆက်စပ်အဖွဲ့အစည်းများသည် ပြည်သူကို အာဏာဖြင့် ငြိမ်ဝပ်အောင် လုပ်ရန်ပိုပြီးလွယ်ကူခဲ့ကြသည်။

  12. အလင်းထဲက မှောင်ဝါးဝါးဖြစ်နေသော ၂၅ နှစ်ကြာ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးခရီး

    29 ဇွန်လ 2020
    Article

ွန်လ ၂၉ ရက်နေ့သည် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရ၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ (နဝတ)တို့ အပစ်အခတ်ရပ်စဲခဲ့သည့် ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ နှစ်ဆယ့်ငါးနှစ်သာတိုင်သွားခဲ့သော်လည်း NMSP သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်လျက်ရှိ သည့် အစိုးရနှင့် တဖန်အပစ်အခတ်ရပ်စဲနေရဆဲဖြစ်သလို နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ဆိုးဆိုးရွားရွား တစ်ဆို့နေခဲ့ပြီဖြစ်သည်။

  13. ၂၀၂၀ ရွေးကောက်ပွဲ - ဒီတစ်ခါလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား

    Lahpai Seng Raw
    15 အောက်တိုဘာလ 2020
    Article

    မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဤတကြိမ်တွင်လည်း တိုင်းရင်းသားလူမျိုးစုများ ချန်လှပ်ထားခံရမည် ဟူသော စိုးရိမ်မှုများ တိုးပွားလာကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများသည် တိုင်းရင်းသားလူမျိုးစုများကို ဒီမိုကရေစီ၏အနှစ်သာရများဖြစ်သော သာတူညီမျှမှုနှင့် ကိုယ်စားပြုမှု မပေးနိုင်ဟု ဤဝေဖန်ချက်စာတမ်းတွင် ဒေါ်လဖိုင်ဆိုင်းရော်က တင်ပြထားသည်။ ရွေးကောက်ပွဲများက ဤအခြေအနေကို ပြောင်းလဲစေလိမ့်မည် မဟုတ်ပါ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုံးဝ လိုအပ်ပါသည်။

  14. State Counsellor Daw Aung San Suu Kyi attends the 70th Union Day commemoration in 2017 / Photo credit The Irrawaddy

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီအတွက်လား၊ ဖက်ဒရယ်အတွက်လား

    Kyaw Lynn
    07 အောက်တိုဘာလ 2020
    Article

    မန်မာ့သမိုင်း၏အကြီးမားဆုံးသော ၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကြီးမှ ထွက်ပေါ်လာ သော နိုင်ငံရေးပါတီတစ်ခုသည် ယခုအချိန်တွင်တော့ ၄င်း၏အခြေခံ ဗီဇဝိဉာည် (founding spirit) နှင့် ကျင့်ဝတ်ဆန္ဒ (spirit) အား ဖယ်ခွာသွားနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စက်တင်ဘာ ၂၇၊ ၁၉၈၈ ခုနှစ်တွင် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြီးတို့၏ ဦးဆောင်မှုဖြင့် ထူထောင်ခဲ့သည်။ နောင်နှစ်များတွင် ၄င်းအနေဖြင့် (ဦး) ခွန်ထွန်းဦး ဦးဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ဦးစောမြအောင်ဦးဆောင်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့သော လူမျိုးစုပါတီများနှင့် အမျိုးသားသွေးစည်းရေးအပေါ် အခြေခံသော မိတ်ဖက်ဆက်ဆံရေးကို ကောင်းစွာထူထောင်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဆိုင်ရာလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ 

  15. သမိုင်းတစ်ကျော့ပြန်လည်ခြင်း - မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် နောက်လမ်းဆုံးတစ်ခု

    19 ဖေဖေါ်ဝါရီလ 2021
    Article

    ယနေ့သည် အနာဂတ်ပြည်ထောင်စုအတွက် တန်းတူညီမျှရေးနှင့် စည်းလုံးညီညွတ်ရေး အခြေခံမူများ ရေးဆွဲပြင်ဆင်ရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ စုဝေးခဲ့ကြသည့် သမိုင်းတွင်မည့် ပင်လုံသဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အစွဲပြု၍ ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ဖြစ်သည်။ သို့ သော်လည်း ၂၀၂၁ ခုနှစ်သည် အောင်ပွဲခံရမည့်နေ့ထူးနေ့မြတ်တစ်ရက် မဟုတ်ခဲ့ဘဲ မတရားသဖြင့် တိုင်းပြည်အာဏာရယူထားသည့် တပ်မတော်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြ သည့်အနေဖြင့် တစ်နိုင်လုံး အုံးအုံးကျက်ကျက် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် လမ်းပေါ် ထွက်၍ ဆန္ဒပြရသည့် နေ့ဖြစ်နေခဲ့သည်။  ယခုသုံးသပ်ချက်အတွင်း၌ လက်ရှိအရေးအခင်း မည်မျှ ကြီးကျယ်အရေးပါမှုနှင့် စစ်အုပ်ချုပ်ရေးဖြစ်စဉ်များ၊ နိုင်ငံကျရှုံးမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိ ပက္ခများ အလွန်အန္တရာယ်ကြီးမားလှသည့်ပုံစံဖြင့် သံသရာတစ်ပတ် ပြန်လည်လာခဲ့သည့် အကြောင်း ရင်းများကို TNI မှ ဆန်းစစ်သုံးသပ်တင်ပြထားသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရေရာသေချာမှုမရှိသည့် အနာဂတ်တစ်ချိန်ချိန်၌ မဟုတ်ဘဲ ယနေ့ပင် အရေးတကြီးလိုအပ် နေပြီဖြစ်သည်။

  16. မြန်မာနိုင်ငံ၏ တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေး

    Sai Wansai
    08 အောက်တိုဘာလ 2018
    Article

    မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်များ အလုပ်မဖြစ်သဖြင့် လက်ရှိအချိန်၌ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည်။

  17. ငွေရတုတိုင်ပြီးသည့် မွန်ပြည်သစ်ပါတီ၏ အပစ်ခတ်ရပ်စဲရေးကာလကို ခြေရာခံခြင်း

    Sawor Mon
    29 ဇွန်လ 2020
    Article

    မြန်မာနိုင်ငံ၏ အစိုးအရဆက်ဆက်အား နှစ်ပေါင်း (၄၀) နီးပါး လက်နက်ကိုင်လမ်းစဉ်ဖြင့် မွန်အမျိုး သားနိုင်ငံရေးအတွက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူခဲ့သည်မှာ ၂၅ နှစ်ပင်ပြည့်ခဲ့၍ ငွေရတုပင်တိုင်ခဲ့ပြီးဖြစ်သည်။ မွန်ပြည်သစ်ပါတီသည် မြန်မာပြည် တောင်ပိုင်း ဒေသတစ်ခွင်တွင် အခြေစိုက်လှုပ်ရှားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။