ရှာလို့ရသောရလဒ်များ

53 items
  1. မြန်မာနယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ

    24 စက်တင်ဘာလ 2021
    Report

    ၂၀၂၀ခုနှစ်ကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားခဲ့သည့်ခုနှစ်အဖြစ် အမြဲတစေအမှတ်ရနေတော့မည်ဖြစ်သည်။ ထိုကမ္ဘာ့ကပ်ရောဂါကြောင့် ကြီးမားသည့် နောက်ဆက်တွဲအကျိုးသက်ရောက်မှုများစွာ ဖြစ်ပွားခဲ့ပါသည်။ ထိုအထဲမှ မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ကိုဗစ်-၁၉ကြောင့် အလွန်ထိခိုက်ခံစားခဲ့သူများတွင် ယခုအချိန်ထိ ပါဝင်နေဆဲဖြစ်သည်။  ကမ္ဘာ့ကပ်ရောဂါကြောင့် ၎င်းတို့ဘဝများနှင့် သက်ဆိုင်သော စီးပွားရေးဆိုင်ရာ ထုတ်လုပ်မှုဝန်းကျင် နယ်ပယ် (ဥပမာ အလုပ်အကိုင်များ၊ အလုပ်သမားဈေးကွက် စသည်) နှင့် နေ့တစ်ဓူရှင်သန်မှုဝန်းကျင် နယ်ပယ် (ဥပမာ နေ့စဉ်စားဝတ်နေရေး ဖူလုံရေး၊ ကလေးသူငယ်စောင့်ရှောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်ရေး၊ ပင်စင် စသည်) တို့တွင် အပြောင်းအလဲများ ဖြစ်စေခဲ့ပါသည်။ ယခုအစီရင်ခံစာသည် အလုပ်သမားများ၏ လူမှုစီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုများ အထူးသဖြင့် ၎င်းတို့၏ နေသာထိုင်သာရှိမှုအခြေအနေ အပေါ်လေ့လာထားပါသည်။ ယခုအစီရင်ခံစာတွင် ရွှေ့ပြောင်းအလုပ်သမားများသည် မည်သူများဖြစ်သည်၊ အဘယ်ကြောင့် ရွှေ့ပြောင်းအလုပ်လုပ်ရသည်၊ ၎င်းတို့၏ အခြေအနေများအပေါ် မည်ကဲ့သို့ရှုမြင်ကြသည်အပေါ် သုံးသပ် ဆွေးနွေးထားပါသည်။ ၎င်းတို့တစ်ဦးချင်းစီ၏ ဘဝဇာတ်ကြောင်းများကိုလည်း မီးမှောင်းထိုးပြထားပါသည်။ ထိုကဲ့သို့ တစ်ဦးချင်းစီ၏ ဇာတ်ကြောင်းများကို အထူးတင်ပြခြင်းဖြင့် အစားအစာ၊ ခိုလှုံရာနေရာ၊ အဝတ်အစား၊ ကျန်းမာရေး၊ ပညာရေး စသည့် အခြေခံလိုအပ်ချက်များကို ၎င်းတို့မှ လက်လှမ်းမှီနိုင်မှုအပေါ် အကျိုးသက်ရောက်မှုရှိသည့် နောက်ခံ အကြောင်းရင်းများ နှင့် ထိုမှတဆင့် မည်သည့်အခြေအနေများကြောင့် လက်ရှိအလုပ်အကိုင်နေရာနှင့် အလုပ်အကိုင်အမျိုးအစား ကို ရွေးချယ်ခဲ့သည်ကို သိမြင်လာနိုင်သည်။ 

  2. ပိုများလာမည့် သွေးမြေကျမှုများ ရှောင်လွှဲနိုင်မည်လား။ မြန်မာ့လူမျိုးစု အကြပ်အတည်းကို ဆင်ခြင်စဉ်းစားခြင်း

    09 ဇူလိုင်လ 2021
    Article

    ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော ပဋိပက္ခများဖြစ်လာခဲ့ပြီးချိန်တွင် မြန်မာ့နိုင်ငံရေးတိုက်ပွဲ၌ စစ်တပ်၊ ဒီမိုကရေစီလိုလားသူများနှင့် လူမျိုးစုများ ဟူသော အုပ်စုကြီးသုံးစုရှိသည်ဟု ဆိုကြလေ့ရှိသည်။ လူမျိုးစုရေးရာကိစ္စသည် မကြာခဏဆိုသလို နားလည်မှု လွဲတတ်ကြ သော၊ ဘေးဖယ်ထားခံရသောကိစ္စဖြစ်သည် ဟု ဆောင်းပါရှင် ချယ်ရီဇဟောင် ယခုဆောင်းပါးတွင် အဆိုပြုထား သည်။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ကြပုံများနှင့် အခြေခံရပ်တည်နားလည်မှုများ ပြောင်းလဲမှသာလျှင် အတိတ်ကဲ့သို့ ကျရှုံးမှုများထပ် မဖြစ်ရန် ရှောင်လွှဲနိုင်ကြပေမည်။

  3. ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး

    Kyaw Lynn
    05 ဇူလိုင်လ 2021
    Article

    နိုဝင်ဘာအထွေထွေရွေးကောက်ပွဲပြီးနောက် သိပ်မကြာခင်မှာပင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ပြင်းထန်သော တိုက်ပွဲမှာ မထင်မှတ်ဘဲ ရပ်တန့်သွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council- SAC) ၏ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု စကတည်းက အခြေအနေမှာလည်း သိမ်မွေ့နက်ရှိုင်း လျက်ရှိပါသည်။ နိုင်ငံရေးဆန့်ကျင်မှုမှာလည်း လွန်စွာမြင့်တက်လျက်ရှိသည်။ သို့သော် ရခိုင်အမျိုးသားရေးဝါဒမှာ နိုင်ငံ့တခြားဒေသရှိ နိုင်ငံရေးလှုပ်ရှားမှုများနှင့် မတူသော ဝန်းကျင်တစ်ခုသို့ ကျရောက်နေပေသည်။ ယခုမှတ်ချက်ပြုရေးသားချက်တွင် အဘယ်ကြောင့် လာမည့်လများသည် ရက္ခိုင်ပြည် နိုင်ငံရေးတွင် မသေချာမှုနှင့် တင်းမာမှု မြင့်တက်နေသော အချိန်တစ်ခုအဖြစ် ရှိနေမည်ကို ကိုကျော်လင်းက အလေးထားရေးသားထားပါသည်။

  4. မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းမှုများကို သုံးသပ်ခြင်းနှင့် အဘယ့်ကြောင့် ရခိုင်ပြည်မှ နိုင်ငံရေးအင်အားစုများသည် မတူသောလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသနည်း။

    Kyaw Lynn
    02 ဧပြီလ 2021
    Article

    ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့တွင် ဆန္ဒပြမှုများ နှင့် ရှုပ်ထွေးမှုများကိုဖြစ်ပေါ်စေခဲ့သည်။ ဤသုံးသပ်ချက်တွင် ကျော်လင်းသည် အပြည်ပြည်ဆိုင်ရာတွင် ဒီမိုကရေစီ တိုးတက်မှုအတွက် ခက်ခဲသောအချိန်အတွင်း စစ်တပ်အာဏာသိမ်းမှုမတိုင်မီ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အဖွဲ့အစည်း ဆိုင်ရာ ရှုပ်ထွေးသောအကြောင်းအရာများကို ဆက်စပ်ဖော်ပြထားသည်။ ထို့နောက် ၄င်းသည် ရခိုင်ပြည်နယ်၏ အရေးကြီး သော အခြေအနေကို ကြည့်ရှုကာ နိုင်ငံရေးခေတ်ရေစီးကြောင်းသည် အဘယ့်ကြောင့် အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများ နှင့် ကွဲပြားခြားနားမှုများရှိသည်ကို သုံးသပ်ဖော်ပြထားသည်။

  5. သမိုင်းတစ်ကျော့ပြန်လည်ခြင်း - မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် နောက်လမ်းဆုံးတစ်ခု

    19 ဖေဖေါ်ဝါရီလ 2021
    Article

    ယနေ့သည် အနာဂတ်ပြည်ထောင်စုအတွက် တန်းတူညီမျှရေးနှင့် စည်းလုံးညီညွတ်ရေး အခြေခံမူများ ရေးဆွဲပြင်ဆင်ရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ စုဝေးခဲ့ကြသည့် သမိုင်းတွင်မည့် ပင်လုံသဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အစွဲပြု၍ ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ဖြစ်သည်။ သို့ သော်လည်း ၂၀၂၁ ခုနှစ်သည် အောင်ပွဲခံရမည့်နေ့ထူးနေ့မြတ်တစ်ရက် မဟုတ်ခဲ့ဘဲ မတရားသဖြင့် တိုင်းပြည်အာဏာရယူထားသည့် တပ်မတော်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြ သည့်အနေဖြင့် တစ်နိုင်လုံး အုံးအုံးကျက်ကျက် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် လမ်းပေါ် ထွက်၍ ဆန္ဒပြရသည့် နေ့ဖြစ်နေခဲ့သည်။  ယခုသုံးသပ်ချက်အတွင်း၌ လက်ရှိအရေးအခင်း မည်မျှ ကြီးကျယ်အရေးပါမှုနှင့် စစ်အုပ်ချုပ်ရေးဖြစ်စဉ်များ၊ နိုင်ငံကျရှုံးမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိ ပက္ခများ အလွန်အန္တရာယ်ကြီးမားလှသည့်ပုံစံဖြင့် သံသရာတစ်ပတ် ပြန်လည်လာခဲ့သည့် အကြောင်း ရင်းများကို TNI မှ ဆန်းစစ်သုံးသပ်တင်ပြထားသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရေရာသေချာမှုမရှိသည့် အနာဂတ်တစ်ချိန်ချိန်၌ မဟုတ်ဘဲ ယနေ့ပင် အရေးတကြီးလိုအပ် နေပြီဖြစ်သည်။

  6. Ndai ningsin krung a jahtum e Nhtoi ngu ai gaw naw nga sana kun?

    Lahpai Seng Raw
    18 ဖေဖေါ်ဝါရီလ 2021
    Article
  7. လှိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်ကို မြင်ရပါတော့မလား

    Lahpai Seng Raw
    18 ဖေဖေါ်ဝါရီလ 2021
    Article

    ကျမတို့ ဖြတ်သန်းနေရတဲ့ လှိုဏ်ခေါင်းဟာ အင်မတန် ရှည်လျားလှတယ်၊ အနှစ်ခုနစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ခုချိန်ထိ လှိုဏ်ခေါင်းအဆုံးနားကို ရောက်နေပြီလို့ သိစေမဲ့ အလင်းရောင်ဆိုတာ မမြင်ရသေး။ ဦးဆောင်နေသူတွေက ထွက်ပေါက်ကို အခိုင်အမာ ပိတ်ပစ်လိုက်ကြပြီ။ သာမန်ပြည်သူ ဘယ်သူမှ အပြင်မထွက်နိုင်ကြတော့၊ လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေသူတွေခမျာ အပေါက်သေးသေးလေးတွေက ဝင်လာတဲ့ အလင်းတန်းလေးတွေကိုပဲ မကြာမကြာ မြင်ခွင့်ရကြတော့တယ်။ နိုင်ငံကို ဦးဆောင်နေသူတွေ သူတို့ရဲ့ ကွဲပြားခြားနားမှုတွေကို ညှိနှိုင်းပြေလည်ချိန်ဟာ အမှောင်ကမ္ဘာထဲ ဆယ်စုနှစ်ပေါင်းများစွာမွန်းကြပ်နေကြတဲ့ ကျမတို့တွေအတွက် သိပ်နောက်ကျသွားနိုင်တယ်။

  8. Arakan National Conference, Kyaukpyu, 2014

    အာရကန် (ရခိုင်ပြည်နယ်)

    • Martin Smith
    16 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2020
    Report

    ကိုလိုနီခေတ်အလွန် မြန်မာနိုင်ငံကျရှုံးမှုများ၏ ပုံရိပ်က အာရကန်မြေဟု သမိုင်းတွင်ခဲ့သော ရခိုင်ပြည်နယ်တွင် ထင်ဟပ်နေပေသည်။ လူမျိုးစု ပဋိပက္ခများ၊ နိုင်ငံရေး ညှပ်ပူးညှပ်ပိတ် အခြေအနေ၊ စစ်ဘောင်ချဲ့လာခြင်း၊ ဒေသစီးပွားရေးကို လျစ်လျူရှုခဲ့ခြင်းများနှင့် ဌာနေလူထုကို ဖယ်ကျဉ် ဆက်ဆံခဲ့ခြင်းများ ရှိနေသော ရခိုင်ပြည်နယ်သည် မြန်မာပြည်လိုပင်။ လွန်ခဲ့သော ဆယ်စုနှစ်များတွင် ထိုပြဿနာများ၏ အတိုင်းအဆ ပိုမိုပြင်းထန်လာကြသည်။ ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်တို့အကြား စိတ်ဝမ်းကွဲမှု ပိုမိုဆိုးရွားလာပြီး ခေတ်သစ် ကမ္ဘာ၏ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြစ်စေခဲ့သည်။ လူသားအရင်းအမြစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်တို့ဖြင့် အသေအချာ အလားအလာရှိသည့် ဒေသတစ်ခုဖြစ်သော်လည်း အာရကန်မှာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။

  9. Voters checking off their names at polling booths at Wan Hai High School, Shan State

    မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုနိုင်ငံရေး နှင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ

    15 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2020
    Policy briefing

    ရာစုနှစ် တစ်ဝက်ကျော်ကြာ စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာနိုင်ငံ အသွင်ကူးပြောင်းချိန် အကျပ် အတည်းကာလတစ်ခုတွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လုပ်ဆောင်ရန် စီစဉ်ထားလျက် ရှိသည်။

  10. “ကျွန်မတို့ကို လူသားထဲက လူသားအဖြစ် နေထိုင်အသက်ရှင်ခွင့်ပေးပါ။” - အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး၏ ရင်တွင်းစကားသံ

    08 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2020
    Article

    ယခု ဆောင်းပါးမှာ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကျရောက်သော “အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု” ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခြင်းဖြစ်သည်။ ယခုနှစ်တွင် ဤလှုပ်ရှားမှုကို မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့  (မြန်မာ) (Drug Policy Advocacy Group – DPAG) က  လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အမျိုးသမီးများ၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများ၊ မိန်းမကဲ့သို့ ဝတ်စားဆင်ယင် ပြုမူနေထိုင်သူများ(Transgender)၊ အမျိုးသမီး မူးယစ်ဆေးဝါး သုံးစွဲသူများဖြင့် ပေါင်းစည်း၍ ပါဝင်ခဲ့သည်။ ကျွန်ပ်တို့၏ အဓိကရည်ရွယ်ချက်မှာ လူ့အသိုင်းအဝိုင်းအတွင်း ခွဲခြားပြစ်တင်၊ ဖိနှိပ်ချုပ်ခြယ်ခြင်း ခံစားနေရသည့် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု လျော့နည်းပပျောက် စေရန်ဖြစ်သည်။ ထိုဆယ်ရက်တာ လှုပ်ရှားမှုကို DPAG မှဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော တော်ဝင်ခရေကွန်ရက် (SWIM)၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများကွန်ရက် (MPWN)၊ မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (MYS)၊ Transnational Institute (TNI) တို့က တက်ကြွစွာ ပူးပေါင်းပါဝင်ကြသည်။ လှုပ်ရှားမှုအသေးစိတ် ပုံရိပ်များကို သိလိုပါက DPAG မျက်နှာစာအုပ်ဖြစ်သော https://www.facebook.com/Drug-Policy-Advocacy-Group-Myanmar-995656970513733 တွင် ကြည့်ရှုနိုင်ပါသည်။

  11. ၂၀၂၀ ရွေးကောက်ပွဲ - ဒီတစ်ခါလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား

    Lahpai Seng Raw
    15 အောက်တိုဘာလ 2020
    Article

    မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဤတကြိမ်တွင်လည်း တိုင်းရင်းသားလူမျိုးစုများ ချန်လှပ်ထားခံရမည် ဟူသော စိုးရိမ်မှုများ တိုးပွားလာကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများသည် တိုင်းရင်းသားလူမျိုးစုများကို ဒီမိုကရေစီ၏အနှစ်သာရများဖြစ်သော သာတူညီမျှမှုနှင့် ကိုယ်စားပြုမှု မပေးနိုင်ဟု ဤဝေဖန်ချက်စာတမ်းတွင် ဒေါ်လဖိုင်ဆိုင်းရော်က တင်ပြထားသည်။ ရွေးကောက်ပွဲများက ဤအခြေအနေကို ပြောင်းလဲစေလိမ့်မည် မဟုတ်ပါ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုံးဝ လိုအပ်ပါသည်။

  12. State Counsellor Daw Aung San Suu Kyi attends the 70th Union Day commemoration in 2017 / Photo credit The Irrawaddy

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီအတွက်လား၊ ဖက်ဒရယ်အတွက်လား

    Kyaw Lynn
    07 အောက်တိုဘာလ 2020
    Article

    မန်မာ့သမိုင်း၏အကြီးမားဆုံးသော ၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကြီးမှ ထွက်ပေါ်လာ သော နိုင်ငံရေးပါတီတစ်ခုသည် ယခုအချိန်တွင်တော့ ၄င်း၏အခြေခံ ဗီဇဝိဉာည် (founding spirit) နှင့် ကျင့်ဝတ်ဆန္ဒ (spirit) အား ဖယ်ခွာသွားနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စက်တင်ဘာ ၂၇၊ ၁၉၈၈ ခုနှစ်တွင် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြီးတို့၏ ဦးဆောင်မှုဖြင့် ထူထောင်ခဲ့သည်။ နောင်နှစ်များတွင် ၄င်းအနေဖြင့် (ဦး) ခွန်ထွန်းဦး ဦးဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ဦးစောမြအောင်ဦးဆောင်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့သော လူမျိုးစုပါတီများနှင့် အမျိုးသားသွေးစည်းရေးအပေါ် အခြေခံသော မိတ်ဖက်ဆက်ဆံရေးကို ကောင်းစွာထူထောင်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဆိုင်ရာလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ 

  13. Fieldfarming in Amarapura

    တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သော မြန်မာ့ အောက်ခြေလူတန်းစားများ

    Nwet Kay Khine
    06 ဇူလိုင်လ 2020
    Article

    အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အသားကျနေသော နိုင်ငံတစ်ခု အနေနှင့် ကိုဗစ်ကဲ့သို့သော အရေးပေါ်ကာလတွင် အာဏာစက်ကို လွန်လွန်ကဲကဲသုံးသော ဒေသန္တရ အုပ်ချုပ်ရေးမျိုးများသည်လည်း မရှားလှပါ။ ဤကဲ့သို့ ကပ်ဘေးအန္တရာယ်မျိုးကို ကိုင်တွယ်ရချိန်တွင် ထောင်ချရခြင်း၊ ချုပ်နှောင်ရခြင်းကလွဲပြီး အခြားနည်းမရှိဟု ယူဆခဲ့ကြသည့် အမှုများ များစွာပင် ရှိသည်။ ကျေးလက်များအပါအဝင် နေရာတော်တော်များများတွင် လူအများ အထိတ်တလန့် စိုးရိမ်နေသောအချိန်တွင် အာဏာပိုင်များနှင့် ဆက်စပ်အဖွဲ့အစည်းများသည် ပြည်သူကို အာဏာဖြင့် ငြိမ်ဝပ်အောင် လုပ်ရန်ပိုပြီးလွယ်ကူခဲ့ကြသည်။

  14. ငွေရတုတိုင်ပြီးသည့် မွန်ပြည်သစ်ပါတီ၏ အပစ်ခတ်ရပ်စဲရေးကာလကို ခြေရာခံခြင်း

    Sawor Mon
    29 ဇွန်လ 2020
    Article

    မြန်မာနိုင်ငံ၏ အစိုးအရဆက်ဆက်အား နှစ်ပေါင်း (၄၀) နီးပါး လက်နက်ကိုင်လမ်းစဉ်ဖြင့် မွန်အမျိုး သားနိုင်ငံရေးအတွက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူခဲ့သည်မှာ ၂၅ နှစ်ပင်ပြည့်ခဲ့၍ ငွေရတုပင်တိုင်ခဲ့ပြီးဖြစ်သည်။ မွန်ပြည်သစ်ပါတီသည် မြန်မာပြည် တောင်ပိုင်း ဒေသတစ်ခွင်တွင် အခြေစိုက်လှုပ်ရှားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။

  15. အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုဆီသို

    Si Thu
    22 ဇွန်လ 2020
    Article

    ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများနည်းတူ မြေယာစီမံခန့်ခွဲမှုပုံစံများသည် တစ်နေရာနှင့်တစ်နေရာ မတူညီကြပေ။

  16. ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှုအစီအစဉ် အတွက် စဉ်းစားချက်များ

    Walden Bello, Jennifer Franco, Pietje Vervest, Tom Kramer
    09 ဇွန်လ 2020
    Article

    ဧပြီလနောက်ဆုံးတပတ်တွင် အစိုးရမှထုတ်ပြန်လိုက်သော Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) သည် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအသစ်ကြောင့် နှစ်နှာမှုများကြုံတွေ့ရကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရန် lockdown ဆောင်ရွက်ရသောကြောင့် စီးပွားရေး ထိခိုက်မှုအကျိုးဆက် ခံစားနေရမှုများအတွက် ပံ့ပိုးမှုပြုနိုင်ရန် ကြိုဆိုရမည့်ဆောင်ရွက်ချက်အသစ်ဖြစ်ပါသည်။

  17. An old house left behind by IDPs in Kachin State

    မူလအတိုင်းပြန်လည်ရပိုင်ခွင့်မရှိပဲ IDP စခန်းများ မပိတ်သိမ်းပါနှင့်။

    11 မတ်လ 2020
    Article

    လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများ (IDPs)များသည် ၂၀၁၈ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ ပိုးလမ်းမစီမံကိန်း နှင့် IDP စခန်းပိတ်သိမ်းရေးအမျိုးသားအဆင့် မဟာဗျူဟာ စသည့်အခြေအနေများ  ပေါင်းကာဖြစ်ပေါ်လာ သည့် မုန်တိုင်းတွင် ပိတ်မိနေသည့်အခြေအနေဟု သုံးသပ်မိသည်။

စာမျက်နှာများ