ရှာလို့ရသောရလဒ်များ

28 items
  1. ပိုများလာမည့် သွေးမြေကျမှုများ ရှောင်လွှဲနိုင်မည်လား။ မြန်မာ့လူမျိုးစု အကြပ်အတည်းကို ဆင်ခြင်စဉ်းစားခြင်း

    09 ဇူလိုင်လ 2021
    Article

    ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော ပဋိပက္ခများဖြစ်လာခဲ့ပြီးချိန်တွင် မြန်မာ့နိုင်ငံရေးတိုက်ပွဲ၌ စစ်တပ်၊ ဒီမိုကရေစီလိုလားသူများနှင့် လူမျိုးစုများ ဟူသော အုပ်စုကြီးသုံးစုရှိသည်ဟု ဆိုကြလေ့ရှိသည်။ လူမျိုးစုရေးရာကိစ္စသည် မကြာခဏဆိုသလို နားလည်မှု လွဲတတ်ကြ သော၊ ဘေးဖယ်ထားခံရသောကိစ္စဖြစ်သည် ဟု ဆောင်းပါရှင် ချယ်ရီဇဟောင် ယခုဆောင်းပါးတွင် အဆိုပြုထား သည်။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ကြပုံများနှင့် အခြေခံရပ်တည်နားလည်မှုများ ပြောင်းလဲမှသာလျှင် အတိတ်ကဲ့သို့ ကျရှုံးမှုများထပ် မဖြစ်ရန် ရှောင်လွှဲနိုင်ကြပေမည်။

  2. မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို ခြိမ်းခြောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်များ

    Pietje Vervest
    17 အောက်တိုဘာလ 2016
    Article

    ဖွံ့ဖြိုးစ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ တည်ငြိမ်မှု မရှိသေးဘဲ အထိအခိုက်လွယ်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒီလိုအချိန်မှာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်တွေဟာ နိုင်ငံကို ပိုငြိမ်းချမ်းပြီး ဒီမိုကရေစီ ဆန်စေမယ့် လုပ်ငန်းစဉ်တွေအပေါ် အပျက်သဘော သက်ရောက်မှုတွေ ရှိမနေဖို့ လိုပါတယ်။

  3. ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး

    Kyaw Lynn
    05 ဇူလိုင်လ 2021
    Article

    နိုဝင်ဘာအထွေထွေရွေးကောက်ပွဲပြီးနောက် သိပ်မကြာခင်မှာပင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ပြင်းထန်သော တိုက်ပွဲမှာ မထင်မှတ်ဘဲ ရပ်တန့်သွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council- SAC) ၏ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု စကတည်းက အခြေအနေမှာလည်း သိမ်မွေ့နက်ရှိုင်း လျက်ရှိပါသည်။ နိုင်ငံရေးဆန့်ကျင်မှုမှာလည်း လွန်စွာမြင့်တက်လျက်ရှိသည်။ သို့သော် ရခိုင်အမျိုးသားရေးဝါဒမှာ နိုင်ငံ့တခြားဒေသရှိ နိုင်ငံရေးလှုပ်ရှားမှုများနှင့် မတူသော ဝန်းကျင်တစ်ခုသို့ ကျရောက်နေပေသည်။ ယခုမှတ်ချက်ပြုရေးသားချက်တွင် အဘယ်ကြောင့် လာမည့်လများသည် ရက္ခိုင်ပြည် နိုင်ငံရေးတွင် မသေချာမှုနှင့် တင်းမာမှု မြင့်တက်နေသော အချိန်တစ်ခုအဖြစ် ရှိနေမည်ကို ကိုကျော်လင်းက အလေးထားရေးသားထားပါသည်။

  4. “ပထမတော့ သေနတ်နဲ့ ကျနော်တို့ရဲ့ မြေတွေကို လုယူသွားခဲ့ကြတယ်။ အခုကျတော့ မြေလုဖို့ ဥပဒေကို အသုံးချလာပြန်ပြီ။"

    03 စက်တင်ဘာလ 2019
    Article

    မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တရား မျှတမှုမရှိတဲ့ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရတယ်။ ဒီနေ့ဒီအချိန်မှာလည်း သန်းခေါင် ထက်ညနက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတုန်းပါပဲ။

  5. မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းမှုများကို သုံးသပ်ခြင်းနှင့် အဘယ့်ကြောင့် ရခိုင်ပြည်မှ နိုင်ငံရေးအင်အားစုများသည် မတူသောလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသနည်း။

    Kyaw Lynn
    02 ဧပြီလ 2021
    Article

    ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့တွင် ဆန္ဒပြမှုများ နှင့် ရှုပ်ထွေးမှုများကိုဖြစ်ပေါ်စေခဲ့သည်။ ဤသုံးသပ်ချက်တွင် ကျော်လင်းသည် အပြည်ပြည်ဆိုင်ရာတွင် ဒီမိုကရေစီ တိုးတက်မှုအတွက် ခက်ခဲသောအချိန်အတွင်း စစ်တပ်အာဏာသိမ်းမှုမတိုင်မီ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အဖွဲ့အစည်း ဆိုင်ရာ ရှုပ်ထွေးသောအကြောင်းအရာများကို ဆက်စပ်ဖော်ပြထားသည်။ ထို့နောက် ၄င်းသည် ရခိုင်ပြည်နယ်၏ အရေးကြီး သော အခြေအနေကို ကြည့်ရှုကာ နိုင်ငံရေးခေတ်ရေစီးကြောင်းသည် အဘယ့်ကြောင့် အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများ နှင့် ကွဲပြားခြားနားမှုများရှိသည်ကို သုံးသပ်ဖော်ပြထားသည်။

  6. ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးအတွက် လိုအပ်ချက်

    Lahpai Seng Raw
    27 ဇန်နဝါရီလ 2016
    Article

    မြန်မာပြည်သူ/ပြည်သားများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သာယာဝပြောရေးနှင့် လူအခွင့်အရေးများဆိုင်ရာ အရေးကြီးသည့်ကိစ္စရပ်များကို အမျိုးသားရင်ကြားစေ့ရေးနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် စိတ်ဓါတ်ဖြင့် အပြည့်အဝဆွေးနွေးနိုင်သော အတူတကွ တွေ့ဆုံဆွေးနွေးမှုနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခုကို တောင့်တမျှော်လင့်နေခဲ့ကြသည်မှာ ကာလကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးပွဲဆီသို့ ဦးတည်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို အမြဲကြိုဆိုလျှက်ရှိသည်။

     

  7. အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုဆီသို

    Si Thu
    22 ဇွန်လ 2020
    Article

    ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများနည်းတူ မြေယာစီမံခန့်ခွဲမှုပုံစံများသည် တစ်နေရာနှင့်တစ်နေရာ မတူညီကြပေ။

  8. “ကျုပ်တို့အပေါ် စစ်ကြေညာခြင်း” - ၂၀၁၈ ခုနှစ် VFV ဥပ ဒေပြင်ဆင်ချက်နှင့် တိုင်းရင်းသားလူမျိုးများအပေါ် ရိုက် ခတ်မှုများ

    31 ဇန်နဝါရီလ 2019
    Article

    ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် မြေယာဆိုင်ရာ ရပိုင်ခွင့် လူ့အခွင့်အရေး

  9. ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှုအစီအစဉ် အတွက် စဉ်းစားချက်များ

    Walden Bello, Jennifer Franco, Pietje Vervest, Tom Kramer
    09 ဇွန်လ 2020
    Article

    ဧပြီလနောက်ဆုံးတပတ်တွင် အစိုးရမှထုတ်ပြန်လိုက်သော Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) သည် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအသစ်ကြောင့် နှစ်နှာမှုများကြုံတွေ့ရကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရန် lockdown ဆောင်ရွက်ရသောကြောင့် စီးပွားရေး ထိခိုက်မှုအကျိုးဆက် ခံစားနေရမှုများအတွက် ပံ့ပိုးမှုပြုနိုင်ရန် ကြိုဆိုရမည့်ဆောင်ရွက်ချက်အသစ်ဖြစ်ပါသည်။

  10. အမျိုးသားရင်ကြားစေ့ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးတိုးတက်ရေး ဆွေးနွေးပွဲ

    Lahpai Seng Raw
    05 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2018
    Article

    နိုင်ငံတဝှမ်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေးလိုအပ်ချက်

  11. အကျပ်အတည်းဆိုက်နေသော နိုင်ငံရေးစနစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲခြင်း - မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများ တာဝန်ယူမှုရှိရန် လိုအပ်နေခြင်း

    Lahpai Seng Raw
    27 သြဂုတ်လ 2019
    Article

    နိုင်ငံရေးအကျပ်အတည်းမှာ မြန်မာနိုင်ငံတွင်ဆက်လျက်ဖြစ်ပေါ်လျက်ရှိသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အထွေထွေရွေးကောက်ပွဲများသည်လည်း နိုင်ငံတစ်ဝှမ်းအရေးနိမ့်လျက်ရှိသည်။

    နိုင်ငံရေးပါတီများအားလုံး-ပြည်တွင်း၊ ပြည်ပနှစ်ရပ်စလုံး- အနေဖြင့် ယခုကဲ့သို့ မအောင်မြင်ခဲ့ရသည့် အကြောင်းရင်းများကို ပြန်လည်သုံးသပ်ရန်လိုအပ်လှသည်။

    ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကိုတည်ဆောက်လိုလျှင် အရပ်ဖက်အဖွဲ့အစည်းကွန်ရက်များနှင့် ပြည်သူ့ကိုယ်စားပြုအုပ်ချုပ်ရေးစနစ်သည် ပြည်သူများအကြားအားကောင်းရပေမည်။

  12. လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း

    Jennifer Franco
    04 ဧပြီလ 2016
    Article

    မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာ၌ မြေ၏အခန်းကဏ္ဍ မည် မျှအထိ အရေးပါလျက်ရှိသနည်း။ မြန်မာနိုင်ငံသည် အချိုးအကွေ့တစ်ခု၌ ရောက်ရှိနေပြီး ဆန့်ကျင် ဘက် အစွန်းနှစ်ဖက်သို့ အလျင်အမြန် ချဉ်းကပ်ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ သို့ရာ တွင် သမိုင်းတွင်သည့် ရွေးကောက်ပွဲအတွင်း သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အစိုးရသစ်ကို ရွေး ကောက်တင်မြှောက်နိုင်ခဲ့ခြင်းက အပြုသဘောဆောင်သည့် ဦးတည်ချက်ဖြင့် လမ်းကြောင်းပြောင်း လျှောက်လမ်းနိုင်သည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ထုတ်ပေးအပ်ထားသည်။ ဆင်းရဲနွမ်းပါးသူများ၊ အထိခိုက်လွယ်သူများနှင့် အပယ်ခံလူထုလူတန်းစားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၊ အမျိုး သမီးများနှင့် လူငယ်များကို ဦးစားပေးသည့် ချဉ်းကပ်လုပ်ဆောင်မှုအားဖြင့် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖော်ထုတ်နိုင်ပါသည်။

  13. လှိုဏ်ခေါင်းအဆုံးမှာ အလင်းရောင်ကို မြင်ရပါတော့မလား

    Lahpai Seng Raw
    18 ဖေဖေါ်ဝါရီလ 2021
    Article

    ကျမတို့ ဖြတ်သန်းနေရတဲ့ လှိုဏ်ခေါင်းဟာ အင်မတန် ရှည်လျားလှတယ်၊ အနှစ်ခုနစ်ဆယ်ကျော် ကြာခဲ့ပါပြီ။ ခုချိန်ထိ လှိုဏ်ခေါင်းအဆုံးနားကို ရောက်နေပြီလို့ သိစေမဲ့ အလင်းရောင်ဆိုတာ မမြင်ရသေး။ ဦးဆောင်နေသူတွေက ထွက်ပေါက်ကို အခိုင်အမာ ပိတ်ပစ်လိုက်ကြပြီ။ သာမန်ပြည်သူ ဘယ်သူမှ အပြင်မထွက်နိုင်ကြတော့၊ လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေသူတွေခမျာ အပေါက်သေးသေးလေးတွေက ဝင်လာတဲ့ အလင်းတန်းလေးတွေကိုပဲ မကြာမကြာ မြင်ခွင့်ရကြတော့တယ်။ နိုင်ငံကို ဦးဆောင်နေသူတွေ သူတို့ရဲ့ ကွဲပြားခြားနားမှုတွေကို ညှိနှိုင်းပြေလည်ချိန်ဟာ အမှောင်ကမ္ဘာထဲ ဆယ်စုနှစ်ပေါင်းများစွာမွန်းကြပ်နေကြတဲ့ ကျမတို့တွေအတွက် သိပ်နောက်ကျသွားနိုင်တယ်။

  14. “ကျွန်မတို့ကို လူသားထဲက လူသားအဖြစ် နေထိုင်အသက်ရှင်ခွင့်ပေးပါ။” - အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး၏ ရင်တွင်းစကားသံ

    08 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2020
    Article

    ယခု ဆောင်းပါးမှာ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကျရောက်သော “အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု” ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခြင်းဖြစ်သည်။ ယခုနှစ်တွင် ဤလှုပ်ရှားမှုကို မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့  (မြန်မာ) (Drug Policy Advocacy Group – DPAG) က  လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အမျိုးသမီးများ၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများ၊ မိန်းမကဲ့သို့ ဝတ်စားဆင်ယင် ပြုမူနေထိုင်သူများ(Transgender)၊ အမျိုးသမီး မူးယစ်ဆေးဝါး သုံးစွဲသူများဖြင့် ပေါင်းစည်း၍ ပါဝင်ခဲ့သည်။ ကျွန်ပ်တို့၏ အဓိကရည်ရွယ်ချက်မှာ လူ့အသိုင်းအဝိုင်းအတွင်း ခွဲခြားပြစ်တင်၊ ဖိနှိပ်ချုပ်ခြယ်ခြင်း ခံစားနေရသည့် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု လျော့နည်းပပျောက် စေရန်ဖြစ်သည်။ ထိုဆယ်ရက်တာ လှုပ်ရှားမှုကို DPAG မှဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော တော်ဝင်ခရေကွန်ရက် (SWIM)၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများကွန်ရက် (MPWN)၊ မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (MYS)၊ Transnational Institute (TNI) တို့က တက်ကြွစွာ ပူးပေါင်းပါဝင်ကြသည်။ လှုပ်ရှားမှုအသေးစိတ် ပုံရိပ်များကို သိလိုပါက DPAG မျက်နှာစာအုပ်ဖြစ်သော https://www.facebook.com/Drug-Policy-Advocacy-Group-Myanmar-995656970513733 တွင် ကြည့်ရှုနိုင်ပါသည်။

  15. Opium harvest in early 2019 in Pekhon Township, southern Shan State (TNI)

    မြေပြင်အမှန်တရားကို လိုရာဆွဲပုံဖော်ခြင်း - မူးယစ်ဆေးဝါး၊ ပဋိပက္ခနှင့် UNODC ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း

    07 မတ်လ 2019
    Article

    ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ လတ်တလောထုတ်ပြန်ခဲ့သည့် “၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း”၌ ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအချို့ကို တိတိပပစွပ်စွဲပြောဆိုထားသည့် အချက်များပါဝင်လျက်ရှိသည်။ ဤ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံ၏ ရှုပ်ထွေးလွန်းလှသည့် လက်တွေ့အခြေအနေများကို ထင်ဟပ်မှုမရှိဘဲ လိုရာဆွဲ၍ မည်ကဲ့သို့ပုံဖော်ရေးသားထားကြောင်း ရှင်းလင်းဖော်ပြထားပါ သည်။

  16. An old house left behind by IDPs in Kachin State

    မူလအတိုင်းပြန်လည်ရပိုင်ခွင့်မရှိပဲ IDP စခန်းများ မပိတ်သိမ်းပါနှင့်။

    11 မတ်လ 2020
    Article

    လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများ (IDPs)များသည် ၂၀၁၈ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ ပိုးလမ်းမစီမံကိန်း နှင့် IDP စခန်းပိတ်သိမ်းရေးအမျိုးသားအဆင့် မဟာဗျူဟာ စသည့်အခြေအနေများ  ပေါင်းကာဖြစ်ပေါ်လာ သည့် မုန်တိုင်းတွင် ပိတ်မိနေသည့်အခြေအနေဟု သုံးသပ်မိသည်။

  17. ကချင်တိုင်းရင်းသားများ သတိထားရမည့် တရုတ်ပိုးလမ်းမသစ် စီမံကိန်း

    Lahpai Seng Raw
    31 ဇန်နဝါရီလ 2019
    Article

    တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (China Myanmar Economic Corridor, CMEC) တည်ဆောက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၁၈၊ စက်တင်ဘာလမှာ မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည်။ CMEC သည် တရုတ်အင်ပါယာနှင့် အနောက်တိုင်း ဈေးကွက်များကို တချိန်က ချိတ်ဆက် ပေးခဲ့ သည့် ရှေးဟောင်းပိုးလမ်း မကြီးကိုနှစ်ဆယ့်တစ်ရာစုအသွင် ပြန်လည် ပုံဖော်မည့် တရုတ်ပိုးလမ်းမသစ် စီမံကိန်း (Belt and Road Initiative, BRI) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

  18. Fieldfarming in Amarapura

    တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သော မြန်မာ့ အောက်ခြေလူတန်းစားများ

    Nwet Kay Khine
    06 ဇူလိုင်လ 2020
    Article

    အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အသားကျနေသော နိုင်ငံတစ်ခု အနေနှင့် ကိုဗစ်ကဲ့သို့သော အရေးပေါ်ကာလတွင် အာဏာစက်ကို လွန်လွန်ကဲကဲသုံးသော ဒေသန္တရ အုပ်ချုပ်ရေးမျိုးများသည်လည်း မရှားလှပါ။ ဤကဲ့သို့ ကပ်ဘေးအန္တရာယ်မျိုးကို ကိုင်တွယ်ရချိန်တွင် ထောင်ချရခြင်း၊ ချုပ်နှောင်ရခြင်းကလွဲပြီး အခြားနည်းမရှိဟု ယူဆခဲ့ကြသည့် အမှုများ များစွာပင် ရှိသည်။ ကျေးလက်များအပါအဝင် နေရာတော်တော်များများတွင် လူအများ အထိတ်တလန့် စိုးရိမ်နေသောအချိန်တွင် အာဏာပိုင်များနှင့် ဆက်စပ်အဖွဲ့အစည်းများသည် ပြည်သူကို အာဏာဖြင့် ငြိမ်ဝပ်အောင် လုပ်ရန်ပိုပြီးလွယ်ကူခဲ့ကြသည်။

စာမျက်နှာများ