မြန်မာနိုင်ငံ၏ အစိုးအရဆက်ဆက်အား နှစ်ပေါင်း (၄၀) နီးပါး လက်နက်ကိုင်လမ်းစဉ်ဖြင့် မွန်အမျိုး သားနိုင်ငံရေးအတွက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူခဲ့သည်မှာ ၂၅ နှစ်ပင်ပြည့်ခဲ့၍ ငွေရတုပင်တိုင်ခဲ့ပြီးဖြစ်သည်။ မွန်ပြည်သစ်ပါတီသည် မြန်မာပြည် တောင်ပိုင်း ဒေသတစ်ခွင်တွင် အခြေစိုက်လှုပ်ရှားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။
ဇွန်လ ၂၉ ရက်နေ့သည် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရ၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ (နဝတ)တို့ အပစ်အခတ်ရပ်စဲခဲ့သည့် ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ နှစ်ဆယ့်ငါးနှစ်သာတိုင်သွားခဲ့သော်လည်း NMSP သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်လျက်ရှိ သည့် အစိုးရနှင့် တဖန်အပစ်အခတ်ရပ်စဲနေရဆဲဖြစ်သလို နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ဆိုးဆိုးရွားရွား တစ်ဆို့နေခဲ့ပြီဖြစ်သည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (China Myanmar Economic Corridor, CMEC) တည်ဆောက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၁၈၊ စက်တင်ဘာလမှာ မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည်။ CMEC သည် တရုတ်အင်ပါယာနှင့် အနောက်တိုင်း ဈေးကွက်များကို တချိန်က ချိတ်ဆက် ပေးခဲ့ သည့် ရှေးဟောင်းပိုးလမ်း မကြီးကိုနှစ်ဆယ့်တစ်ရာစုအသွင် ပြန်လည် ပုံဖော်မည့် တရုတ်ပိုးလမ်းမသစ် စီမံကိန်း (Belt and Road Initiative, BRI) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် မြေယာဆိုင်ရာ ရပိုင်ခွင့် လူ့အခွင့်အရေး
နိုင်ငံတဝှမ်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေးလိုအပ်ချက်