ရှာလို့ရသောရလဒ်များ

4 items
  1. “ကျွန်မတို့ကို လူသားထဲက လူသားအဖြစ် နေထိုင်အသက်ရှင်ခွင့်ပေးပါ။” - အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး၏ ရင်တွင်းစကားသံ

    08 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2020
    Article

    ယခု ဆောင်းပါးမှာ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကျရောက်သော “အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု” ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခြင်းဖြစ်သည်။ ယခုနှစ်တွင် ဤလှုပ်ရှားမှုကို မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့  (မြန်မာ) (Drug Policy Advocacy Group – DPAG) က  လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အမျိုးသမီးများ၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများ၊ မိန်းမကဲ့သို့ ဝတ်စားဆင်ယင် ပြုမူနေထိုင်သူများ(Transgender)၊ အမျိုးသမီး မူးယစ်ဆေးဝါး သုံးစွဲသူများဖြင့် ပေါင်းစည်း၍ ပါဝင်ခဲ့သည်။ ကျွန်ပ်တို့၏ အဓိကရည်ရွယ်ချက်မှာ လူ့အသိုင်းအဝိုင်းအတွင်း ခွဲခြားပြစ်တင်၊ ဖိနှိပ်ချုပ်ခြယ်ခြင်း ခံစားနေရသည့် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု လျော့နည်းပပျောက် စေရန်ဖြစ်သည်။ ထိုဆယ်ရက်တာ လှုပ်ရှားမှုကို DPAG မှဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော တော်ဝင်ခရေကွန်ရက် (SWIM)၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများကွန်ရက် (MPWN)၊ မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (MYS)၊ Transnational Institute (TNI) တို့က တက်ကြွစွာ ပူးပေါင်းပါဝင်ကြသည်။ လှုပ်ရှားမှုအသေးစိတ် ပုံရိပ်များကို သိလိုပါက DPAG မျက်နှာစာအုပ်ဖြစ်သော https://www.facebook.com/Drug-Policy-Advocacy-Group-Myanmar-995656970513733 တွင် ကြည့်ရှုနိုင်ပါသည်။

  2. Opium harvest in early 2019 in Pekhon Township, southern Shan State (TNI)

    မြေပြင်အမှန်တရားကို လိုရာဆွဲပုံဖော်ခြင်း - မူးယစ်ဆေးဝါး၊ ပဋိပက္ခနှင့် UNODC ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း

    07 မတ်လ 2019
    Article

    ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ လတ်တလောထုတ်ပြန်ခဲ့သည့် “၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း”၌ ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအချို့ကို တိတိပပစွပ်စွဲပြောဆိုထားသည့် အချက်များပါဝင်လျက်ရှိသည်။ ဤ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံ၏ ရှုပ်ထွေးလွန်းလှသည့် လက်တွေ့အခြေအနေများကို ထင်ဟပ်မှုမရှိဘဲ လိုရာဆွဲ၍ မည်ကဲ့သို့ပုံဖော်ရေးသားထားကြောင်း ရှင်းလင်းဖော်ပြထားပါ သည်။

  3. အရှေ့တောင်အာရှ မူးယစ်ဆေးဝါးရေးရာမူဝါဒ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ဦးဆောင်တော့မှာလား။

    Renaud Cachia
    12 အောက်တိုဘာလ 2017
    Article

    မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာရေးကို ဦးစားပေးသည့် ခေတ်မီတိုးတက်သော မူဝါဒများကို အကောင်အထည်ဖော်နေခြင်းအတွက်ထက် တရားမဝင်မူးယစ်ဆေး အမြောက်အများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းဖြူ (ဟီးရိုးအင်း) သုံးစွဲသူဦးရေ မြင့်မားခြင်းအပါအဝင် အလွန်ကြီးမားလှသည့် မူးယစ်ဆေးပြဿနာများရှိနေခြင်းအတွက် ပို၍လူသိများလှပါသည်။ သို့ရာတွင် မကြာမီအချိန်အတွင်း ယင်းသို့သော အခြေအနေမှ အပြောင်းအလဲများရှိလာနိုင်ပါသည်။ 

  4. တတိယအကြိမ်မြောက် ဘိန်းစိုက်တောင်သူများ ညီလာခံ၏ ထုတ်ပြန် ကြေညာချက်

    25 စက်တင်ဘာလ 2015
    Declaration

    ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၁ မှ ၁၂ ရက်နေ့အထိ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ဘိန်းစိုက်တောင်သူအသိုက်အ ၀န်းများမှ ဘိန်းစိုက်တောင်သူများနှင့် ကိုယ်စားလှယ်များမှ အထက်မြန်မာပြည်၌ အတူတကွတွေ့ဆုံစည်းဝေး၍ မိမိတို့ကို သက်ရောက်ထိခိုက်လျက်ရှိသည့် မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ယင်းဆွေး နွေးပွဲရလဒ်အနေဖြင့် နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ မူဝါဒချမှတ်သူများအတွက် အကြံပြုထောက်ခံချက်များပါရှိသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြ သည်။