ရှာလို့ရသောရလဒ်များ

65 items
  1. State Counsellor Daw Aung San Suu Kyi attends the 70th Union Day commemoration in 2017 / Photo credit The Irrawaddy

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီအတွက်လား၊ ဖက်ဒရယ်အတွက်လား

    Kyaw Lynn
    07 အောက်တိုဘာလ 2020
    Article

    မန်မာ့သမိုင်း၏အကြီးမားဆုံးသော ၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကြီးမှ ထွက်ပေါ်လာ သော နိုင်ငံရေးပါတီတစ်ခုသည် ယခုအချိန်တွင်တော့ ၄င်း၏အခြေခံ ဗီဇဝိဉာည် (founding spirit) နှင့် ကျင့်ဝတ်ဆန္ဒ (spirit) အား ဖယ်ခွာသွားနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စက်တင်ဘာ ၂၇၊ ၁၉၈၈ ခုနှစ်တွင် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြီးတို့၏ ဦးဆောင်မှုဖြင့် ထူထောင်ခဲ့သည်။ နောင်နှစ်များတွင် ၄င်းအနေဖြင့် (ဦး) ခွန်ထွန်းဦး ဦးဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ဦးစောမြအောင်ဦးဆောင်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့သော လူမျိုးစုပါတီများနှင့် အမျိုးသားသွေးစည်းရေးအပေါ် အခြေခံသော မိတ်ဖက်ဆက်ဆံရေးကို ကောင်းစွာထူထောင်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဆိုင်ရာလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ 

  2. သမိုင်းတစ်ကျော့ပြန်လည်ခြင်း - မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် နောက်လမ်းဆုံးတစ်ခု

    19 ဖေဖေါ်ဝါရီလ 2021
    Article

    ယနေ့သည် အနာဂတ်ပြည်ထောင်စုအတွက် တန်းတူညီမျှရေးနှင့် စည်းလုံးညီညွတ်ရေး အခြေခံမူများ ရေးဆွဲပြင်ဆင်ရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ စုဝေးခဲ့ကြသည့် သမိုင်းတွင်မည့် ပင်လုံသဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အစွဲပြု၍ ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ဖြစ်သည်။ သို့ သော်လည်း ၂၀၂၁ ခုနှစ်သည် အောင်ပွဲခံရမည့်နေ့ထူးနေ့မြတ်တစ်ရက် မဟုတ်ခဲ့ဘဲ မတရားသဖြင့် တိုင်းပြည်အာဏာရယူထားသည့် တပ်မတော်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြ သည့်အနေဖြင့် တစ်နိုင်လုံး အုံးအုံးကျက်ကျက် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် လမ်းပေါ် ထွက်၍ ဆန္ဒပြရသည့် နေ့ဖြစ်နေခဲ့သည်။  ယခုသုံးသပ်ချက်အတွင်း၌ လက်ရှိအရေးအခင်း မည်မျှ ကြီးကျယ်အရေးပါမှုနှင့် စစ်အုပ်ချုပ်ရေးဖြစ်စဉ်များ၊ နိုင်ငံကျရှုံးမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိ ပက္ခများ အလွန်အန္တရာယ်ကြီးမားလှသည့်ပုံစံဖြင့် သံသရာတစ်ပတ် ပြန်လည်လာခဲ့သည့် အကြောင်း ရင်းများကို TNI မှ ဆန်းစစ်သုံးသပ်တင်ပြထားသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရေရာသေချာမှုမရှိသည့် အနာဂတ်တစ်ချိန်ချိန်၌ မဟုတ်ဘဲ ယနေ့ပင် အရေးတကြီးလိုအပ် နေပြီဖြစ်သည်။

  3. မြန်မာနိုင်ငံ၏ တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေး

    Sai Wansai
    08 အောက်တိုဘာလ 2018
    Article

    မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်များ အလုပ်မဖြစ်သဖြင့် လက်ရှိအချိန်၌ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည်။

  4. ငွေရတုတိုင်ပြီးသည့် မွန်ပြည်သစ်ပါတီ၏ အပစ်ခတ်ရပ်စဲရေးကာလကို ခြေရာခံခြင်း

    Sawor Mon
    29 ဇွန်လ 2020
    Article

    မြန်မာနိုင်ငံ၏ အစိုးအရဆက်ဆက်အား နှစ်ပေါင်း (၄၀) နီးပါး လက်နက်ကိုင်လမ်းစဉ်ဖြင့် မွန်အမျိုး သားနိုင်ငံရေးအတွက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူခဲ့သည်မှာ ၂၅ နှစ်ပင်ပြည့်ခဲ့၍ ငွေရတုပင်တိုင်ခဲ့ပြီးဖြစ်သည်။ မွန်ပြည်သစ်ပါတီသည် မြန်မာပြည် တောင်ပိုင်း ဒေသတစ်ခွင်တွင် အခြေစိုက်လှုပ်ရှားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။

စာမျက်နှာများ