ရှာလို့ရသောရလဒ်များ

68 items
  1. “အကြပ်အတည်းကို အလကားမဖြစ်စေနဲ့”

    • Walden Bello
    01 ဇွန်လ 2020
    Paper

    ကပ်ဘေးအပြီး ကမ္ဘာကြီးတွင် မည်ကဲ့သို့သောအနာဂတ်မျိုးကို မျှော်လင့်နိုင်မည်နည်းဟု ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြခြင်းများပေါ်လာအောင် ကိုဗစ်၁၉က နှိုးဆွပေးပါသည်။ စီးပွားရေးနယ်ပယ်တွင် စိုးမိုးနေသော အငြင်းအခုံတစ်ခုမှာ ကမ္ဘာ့စားနပ်ရိက္ခာစနစ်နှင့်သက်ဆိုင်သည်။ ကပ်ဘေးကြောင့် ကော်ပိုရိတ်တို့ လွှမ်းမိုးထားသော ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကြီးများ၏ ထိလွယ်ရှလွယ်ရှိပုံများ ထင်ရှားလာပြီး စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီး FAOနှင့် မဟာမိတ်အေဂျင်စီများက မြင်နေကြသကဲ့သို့ ထိုကော်ပိုရိတ်ကြီးစိုးသောစနစ်မှာ အဖြေမဟုတ်ကြောင်း ယခုစာတမ်း တွင်ထောက်ပြထားပါသည်။

  2. An old house left behind by IDPs in Kachin State

    မူလအတိုင်းပြန်လည်ရပိုင်ခွင့်မရှိပဲ IDP စခန်းများ မပိတ်သိမ်းပါနှင့်။

    11 မတ်လ 2020
    Article

    လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများ (IDPs)များသည် ၂၀၁၈ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ ပိုးလမ်းမစီမံကိန်း နှင့် IDP စခန်းပိတ်သိမ်းရေးအမျိုးသားအဆင့် မဟာဗျူဟာ စသည့်အခြေအနေများ  ပေါင်းကာဖြစ်ပေါ်လာ သည့် မုန်တိုင်းတွင် ပိတ်မိနေသည့်အခြေအနေဟု သုံးသပ်မိသည်။

  3. သမုဒ္ဒရာနှင့် ရေအောက်သယံဇာတများကို ခြံခတ်သိမ်းဆည်းခြင်း

    16 မတ်လ 2017
    Report

    အထက်အောက်ဆန်သည့်ထိန်းသိမ်း စောင့်ရှောက်ရေးစီမံကိန်းများ၊ သဘာဝခရီးသွားလုပ်ငန်း၊ အကြီးစားရေထွက်ကုန်မွေးမြူရေးလုပ်ငန်းများ သည် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲလျက်ရှိသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကုန်းတွင်းရေအောက်သယံဇာတများသည် ကျယ်ပြန့်သော်လည်း ယင်းအပြောင်းအလဲဖြစ်စဉ်များနှင့် အရင်းအမြစ်များမှ မည်သူတို့ အကျိုးအမြတ် ခံစားခွင့်ရရှိနေကြောင်း၊ ထိုအရင်းအမြစ်များကို မည်သူတို့လက်လှမ်းမီ အသုံးချလျက်ရှိကြောင်း၊ မည်သူတို့ထိန်းချုပ်စီမံလျက်ရှိကြောင်း အရေးတစ်ကြီးမေးခွန်းမေးစရာရှိလာသည်။

  4. မြန်မာနိုင်ငံတွင်း မြေအဓိပ္ပာယ်ဖွင့်ဆိုမှု

    • Jennifer Franco, Hannah Twomey, Pietje Vervest, Tom Kramer
    26 စက်တင်ဘာလ 2001
    Primer
  5. မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းလာ မြေယာ များကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်။

    Khun Oo, Khun Kaung
    06 ဧပြီလ 2017
    Article

    မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ မြေသိမ်းယာသိမ်းဖြစ်ရပ်များ မကြုံစ ဖူး မြင့်တက်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၌ အထူးသဖြင့် ကုန်းမြင့် တောင်တန်းဒေသများရှိ မြေအသုံးပြုခွင့် အခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေအခင်းအကျင်းကို ပြောင်းလဲသွားစေသည့် မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်များစွာ ပါဝင်လျက်ရှိပြီး မြေယာကဏ္ဍ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို အား ပေးအားမြှောက်ပြုရန်အတွက် တရားဝင်မြေယာဈေးကွက်များကိုပါ ဖန်တီးခဲ့ကြသည်။ ဤအပြောင်းအလဲများ သည် စိုက်ပျိုးမြေများအပေါ် မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် သစ်တောများကို အမှီသဟဲပြုနေကြသည့် မြန်မာနိုင်ငံရှိ လူထုလူတန်းစားအများစု၏ စားနပ်ရိက္ခာနှင့် မြေယာလုပ်ပိုင်ခွင့်ကို အာမ ခံချက် ကင်းမဲ့သွားစေသဖြင့် စိုးရိမ်ပူပန်မှုများ အထူးတလည်မြင့်တက်လာစေသည်။

  6. အယူအမြင် ထောင်ချောက်

    • Walden Bello
    30 အောက်တိုဘာလ 2018
    Report

    မြန်မာနိုင်ငံသည် ထုံးတမ်းစဉ်လာ ဖွံ့ဖြိုးရေး ပါရာဒိုင်းတစ်ခု၏ ထောင်ချောက်များကို ရှောင်ရှားသွားနိုင်မည့် ရေရှည်တည်တံ့ မည့် ဖွံ့ ဖြိုးတိုးတက်ရေးလမ်းကြောင်းတစ်ခုပေါ်တွင် လျှောက် လှမ်းရန် ဖြစ်နိုင်ပါသလား။ အဆိုပါလမ်းကြောင်းသည် ဖြစ်နိုင် ခြေရှိရုံမျှမက မဖြစ်မနေ လျှောက်လှမ်းရန် လိုအပ်သော လမ်းကြောင်း ဖြစ်သည်ကို ဤအစီရင်ခံတွင် အဆိုပြုဆွေးနွေး တင်ပြသွားမည် ဖြစ်သည်။

  7. အခြေအနေသစ်နှင့် ဒီမိုကရက်တစ် မြန်မာနိုင်ငံအဖြစ်သို့ တရားမျှတစွာ ကူးပြောင်းခြင်း နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလုပ်သားများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေး

    23 အောက်တိုဘာလ 2020
    Report

    မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားအများစုမှာ ကျေးလက်ဒေသများမှ ဖြစ်ကာ ထိုဒေသများတွင် ယခုအချိန်ထိနက်ရှိုင်းကျယ်ပြန့်စွာရှိနေပါသေးသည်။ ခန့်မှန်းခြေအားဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်းခန့်သည် ထိုင်း၊ တရုတ် နှင့် မလေးရှား စသည့်နိုင်ငံများတွင် အများစု အလုပ်လုပ်နေပြီး တစ်နှစ်အတွင်း ပြည်တွင်းသို့ ငွေပြန်လွှဲသည့် ခန့်မှန်းပမာဏ ဒေါ်လာ ၈ ဘီလီယံခန့်ရှိပါသည်။

  8. မြန်မာ့ရေအားလျှပ်စစ်လုပ်ငန်းကဏ္ဍကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသလဲ။

    Nang Shining
    01 စက်တင်ဘာလ 2017
    Article

    မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရပြီး ယင်းတို့အထဲ၌ သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှု ပြဿနာသည် လတ်တလော အရေးကြီးနေသည့် ပြဿနာတစ်ခုဖြစ်သည်သာမက ပိုမိုပြင်းထန်လာသော ပြဿနာတစ်ရပ်ဖြစ်လာသည်။ လျော် ကန်သင့်မြတ်သည့် စီမံချက်(သို့မဟုတ်)လူထုနှင့် ညှိနှိုင်းတိုင်ပင်မူမရှိသည်သာမက နိုင်ငံတစ်လွှားရှိ သဘာဝဝန်းကျင်ဂေဟစနစ်နှင့် လူ့အဖွဲ့အ စည်းအား နဂိုမူလအတိုင်း ပြန်မဖြစ်စေနိုင်လောက်သည့် အန္တရာယ်များကို ဖြစ်စေနိုင်သည့် အကြီးစားရေကာတာကြီးများနှင့် ရေအားလျှပ်စစ် လုပ်ငန်းစီမံကိန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းသည် အထူးတလည် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်ဖြစ်လာသည်။ အထက်ပါ စီမံကိန်းအများစုသည် ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသားလူမျိုးစုများ၏နေထိုင်ရာဒေသများတွင် တည်ရှိနေသည်သာမက အဆိုပါစီမံကိန်းမှ ထုတ်ယူမည့် စွမ်းအင်အ မြောက်အများကိုလည်း အိမ်နီးချင်းနိုင်ငံများသို့တင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ကန့်ကွက်ဆန္ဒပြမှုများ တစ်နိုင်ငံလုံးပျံ့နှံ့ဖြစ် ပေါ်နေသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့် ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲရန် အချိန်မှီသေးသည်ဟု ဆိုနိုင်ပါသည်။ သင့်လျော်သော နေရာဒေသတွင် ရေအားလျှပ်စစ်သည် အရေးကြီးသည့် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်နိုင်သည် မှန်သော်လည်း ဒေသအခြေအနေနှင့် ဒေသခံ များ၏လိုအပ်ချက်များနှင့် ကိုက်ညီရန် အထူးအရေးကြီးပြီး ဒုက္ခအသစ်ဖန်တီးမှုမျိုးမဖြစ်ရန်၊ တိုင်းရင်းသားလူမျိုးစုများ၏ မကျေနပ်မှုသောကများနှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကြိုးပမ်းမှုများအတွက် ခြိမ်းခြောက်ဟန့်တားသည့် အခြေအနေမျိုးမဖြစ်အောင် ဂရုစိုက်ရန်လိုအပ်သည်။ (မြန်မာနိုင်ငံ၏) နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာနှင့်သက်ဆိုင်သည့် ဦးတည်ချက်များအပေါ်တွင် ရေရှည်အကျိုးသက်ရောက်မူရှိနိုင်မည့် စီမံ ကိန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပူးပေါင်းပါဝင်မှုကို အခြေတည်၍ အားလုံးပါဝင်သဘောတူနိုင်သည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်နေစဉ်အ တွင်း ယာယီတားမြစ်ချက်များ ပြဌာန်းထုတ်ပြန်ရန် မဖြစ်မနေလိုအပ်ပါသည်။

  9. လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း

    Jennifer Franco
    04 ဧပြီလ 2016
    Article

    မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာ၌ မြေ၏အခန်းကဏ္ဍ မည် မျှအထိ အရေးပါလျက်ရှိသနည်း။ မြန်မာနိုင်ငံသည် အချိုးအကွေ့တစ်ခု၌ ရောက်ရှိနေပြီး ဆန့်ကျင် ဘက် အစွန်းနှစ်ဖက်သို့ အလျင်အမြန် ချဉ်းကပ်ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ သို့ရာ တွင် သမိုင်းတွင်သည့် ရွေးကောက်ပွဲအတွင်း သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အစိုးရသစ်ကို ရွေး ကောက်တင်မြှောက်နိုင်ခဲ့ခြင်းက အပြုသဘောဆောင်သည့် ဦးတည်ချက်ဖြင့် လမ်းကြောင်းပြောင်း လျှောက်လမ်းနိုင်သည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ထုတ်ပေးအပ်ထားသည်။ ဆင်းရဲနွမ်းပါးသူများ၊ အထိခိုက်လွယ်သူများနှင့် အပယ်ခံလူထုလူတန်းစားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၊ အမျိုး သမီးများနှင့် လူငယ်များကို ဦးစားပေးသည့် ချဉ်းကပ်လုပ်ဆောင်မှုအားဖြင့် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖော်ထုတ်နိုင်ပါသည်။

  10. အကျပ်အတည်းဆိုက်နေသော နိုင်ငံရေးစနစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲခြင်း - မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများ တာဝန်ယူမှုရှိရန် လိုအပ်နေခြင်း

    Lahpai Seng Raw
    27 သြဂုတ်လ 2019
    Article

    နိုင်ငံရေးအကျပ်အတည်းမှာ မြန်မာနိုင်ငံတွင်ဆက်လျက်ဖြစ်ပေါ်လျက်ရှိသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အထွေထွေရွေးကောက်ပွဲများသည်လည်း နိုင်ငံတစ်ဝှမ်းအရေးနိမ့်လျက်ရှိသည်။

    နိုင်ငံရေးပါတီများအားလုံး-ပြည်တွင်း၊ ပြည်ပနှစ်ရပ်စလုံး- အနေဖြင့် ယခုကဲ့သို့ မအောင်မြင်ခဲ့ရသည့် အကြောင်းရင်းများကို ပြန်လည်သုံးသပ်ရန်လိုအပ်လှသည်။

    ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကိုတည်ဆောက်လိုလျှင် အရပ်ဖက်အဖွဲ့အစည်းကွန်ရက်များနှင့် ပြည်သူ့ကိုယ်စားပြုအုပ်ချုပ်ရေးစနစ်သည် ပြည်သူများအကြားအားကောင်းရပေမည်။

  11. “ကျွန်ုပ်တို့မပါလျင် ကျွန်ုပ်တို့အတွက်မဟုတ်”- တရားဝင်မှုရှိသည့်အမျိုးသားမြေဥပဒေရေးဆွဲခြင်းဖြစ်စဉ်ပုံဖော်ခြင်း

    Transnational Institute (TNI)
    18 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2019
    Article

    အမျိုးသားမြေဥပဒေသစ်ပြုစုရေးဆွဲရန်အတွက် လမ်းပြမြေပုံရေးဆွဲရန် ပြည်ထောင်စုအစိုးရမှ ဆွေးနွေးပွဲ ပြုလုပ်မည့်အချိန်တွင် TNI အနေဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒဖြစ်စဉ်စတင်ခဲ့သည့် အချိန်မှ ယခုအချိန်ထိ အခြေအနေများ မည်ကဲ့သို့ ပြောင်းလဲခဲ့သည်ကို ကြည့်ကာ လက်ရှိအခြေအနေတွင် နိုင်ငံတဝန်းရှိ သန်းချီသောပြည်သူများ၏ မြေဆိုင်ရာအခွင့်အရေးမည်ကဲ့သို့ အနေအထားရှိသည်ကို သုံးသပ်ထားပါသည်။ 

  12. ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးအတွက် လိုအပ်ချက်

    Lahpai Seng Raw
    27 ဇန်နဝါရီလ 2016
    Article

    မြန်မာပြည်သူ/ပြည်သားများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သာယာဝပြောရေးနှင့် လူအခွင့်အရေးများဆိုင်ရာ အရေးကြီးသည့်ကိစ္စရပ်များကို အမျိုးသားရင်ကြားစေ့ရေးနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် စိတ်ဓါတ်ဖြင့် အပြည့်အဝဆွေးနွေးနိုင်သော အတူတကွ တွေ့ဆုံဆွေးနွေးမှုနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခုကို တောင့်တမျှော်လင့်နေခဲ့ကြသည်မှာ ကာလကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးပွဲဆီသို့ ဦးတည်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို အမြဲကြိုဆိုလျှက်ရှိသည်။

     

  13. မန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကောင်အထည်ဖော်မှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု အလားအလာ

    Jason Gelbort
    07 ဇန်နဝါရီလ 2019
    Article

    ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူပြုရန်အတွက် လူထုလူတန်းစားများ၏ မြေ ယာရပိုင်ခွင့်အခွင့်အရေးများကို မဖြစ်မနေအကာအကွယ်ပေးရမည်။

  14. အရှေ့တောင်အာရှ မူးယစ်ဆေးဝါးရေးရာမူဝါဒ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ဦးဆောင်တော့မှာလား။

    12 အောက်တိုဘာလ 2017
    Article

    မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာရေးကို ဦးစားပေးသည့် ခေတ်မီတိုးတက်သော မူဝါဒများကို အကောင်အထည်ဖော်နေခြင်းအတွက်ထက် တရားမဝင်မူးယစ်ဆေး အမြောက်အများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းဖြူ (ဟီးရိုးအင်း) သုံးစွဲသူဦးရေ မြင့်မားခြင်းအပါအဝင် အလွန်ကြီးမားလှသည့် မူးယစ်ဆေးပြဿနာများရှိနေခြင်းအတွက် ပို၍လူသိများလှပါသည်။ သို့ရာတွင် မကြာမီအချိန်အတွင်း ယင်းသို့သော အခြေအနေမှ အပြောင်းအလဲများရှိလာနိုင်ပါသည်။ 

  15. မြန်မာနိုင်ငံ၏ တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေး

    Sai Wansai
    08 အောက်တိုဘာလ 2018
    Article

    မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်များ အလုပ်မဖြစ်သဖြင့် လက်ရှိအချိန်၌ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည်။

  16. “ပထမတော့ သေနတ်နဲ့ ကျနော်တို့ရဲ့ မြေတွေကို လုယူသွားခဲ့ကြတယ်။ အခုကျတော့ မြေလုဖို့ ဥပဒေကို အသုံးချလာပြန်ပြီ။"

    03 စက်တင်ဘာလ 2019
    Article

    မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တရား မျှတမှုမရှိတဲ့ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရတယ်။ ဒီနေ့ဒီအချိန်မှာလည်း သန်းခေါင် ထက်ညနက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတုန်းပါပဲ။

  17. မူးယစ်ဆေးပြဿနာ အပြစ်ပေးတာထက် ကူညီဖို့လိုအပ်တယ်

    15 ဧပြီလ 2016
    Multi-media

    မူးယစ်ဆေးဝါး ဥပဒေတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပြန်လည်ထူထောင်ရေးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့ “Towards Sustainable Drug Policies : Myanmar and Ungass 2016” ဆွေးနွေးပွဲကို ဧပြီ ၄ရက်က ပြုလုပ်ခဲ့ပါတယ်။

  18. တတိယအကြိမ်မြောက် ဘိန်းစိုက်တောင်သူများ ညီလာခံ၏ ထုတ်ပြန် ကြေညာချက်

    25 စက်တင်ဘာလ 2015
    Declaration

    ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၁ မှ ၁၂ ရက်နေ့အထိ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ဘိန်းစိုက်တောင်သူအသိုက်အ ၀န်းများမှ ဘိန်းစိုက်တောင်သူများနှင့် ကိုယ်စားလှယ်များမှ အထက်မြန်မာပြည်၌ အတူတကွတွေ့ဆုံစည်းဝေး၍ မိမိတို့ကို သက်ရောက်ထိခိုက်လျက်ရှိသည့် မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ယင်းဆွေး နွေးပွဲရလဒ်အနေဖြင့် နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ မူဝါဒချမှတ်သူများအတွက် အကြံပြုထောက်ခံချက်များပါရှိသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြ သည်။

  19. ကချင် မူးယစ်ပြဿနာ ကြီးထွား

    22 ဧပြီလ 2016
    In the media

    Voice of America - Burmese- မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးရတဲ့ လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသူ အရေအတွက်က ပိုများနေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Transnational Institute (TNI) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြလိုက်ပါတယ်။ ဒီပြဿနာတွေကို လျော့ကျသွားအောင် NLD အရပ်သား အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်ဖို့လိုကြောင်း TNI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

စာမျက်နှာများ