ရှာလို့ရသောရလဒ်များ

69 items
  1. ၂၀၂၀ ရွေးကောက်ပွဲ - ဒီတစ်ခါလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား

    Lahpai Seng Raw
    15 အောက်တိုဘာလ 2020
    Article

    မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဤတကြိမ်တွင်လည်း တိုင်းရင်းသားလူမျိုးစုများ ချန်လှပ်ထားခံရမည် ဟူသော စိုးရိမ်မှုများ တိုးပွားလာကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများသည် တိုင်းရင်းသားလူမျိုးစုများကို ဒီမိုကရေစီ၏အနှစ်သာရများဖြစ်သော သာတူညီမျှမှုနှင့် ကိုယ်စားပြုမှု မပေးနိုင်ဟု ဤဝေဖန်ချက်စာတမ်းတွင် ဒေါ်လဖိုင်ဆိုင်းရော်က တင်ပြထားသည်။ ရွေးကောက်ပွဲများက ဤအခြေအနေကို ပြောင်းလဲစေလိမ့်မည် မဟုတ်ပါ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုံးဝ လိုအပ်ပါသည်။

  2. မန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကောင်အထည်ဖော်မှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု အလားအလာ

    Jason Gelbort
    07 ဇန်နဝါရီလ 2019
    Article

    ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူပြုရန်အတွက် လူထုလူတန်းစားများ၏ မြေ ယာရပိုင်ခွင့်အခွင့်အရေးများကို မဖြစ်မနေအကာအကွယ်ပေးရမည်။

  3. “ပထမတော့ သေနတ်နဲ့ ကျနော်တို့ရဲ့ မြေတွေကို လုယူသွားခဲ့ကြတယ်။ အခုကျတော့ မြေလုဖို့ ဥပဒေကို အသုံးချလာပြန်ပြီ။"

    03 စက်တင်ဘာလ 2019
    Article

    မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တရား မျှတမှုမရှိတဲ့ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရတယ်။ ဒီနေ့ဒီအချိန်မှာလည်း သန်းခေါင် ထက်ညနက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတုန်းပါပဲ။

  4. “ကျွန်ုပ်တို့မပါလျင် ကျွန်ုပ်တို့အတွက်မဟုတ်”- တရားဝင်မှုရှိသည့်အမျိုးသားမြေဥပဒေရေးဆွဲခြင်းဖြစ်စဉ်ပုံဖော်ခြင်း

    18 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2019
    Article

    အမျိုးသားမြေဥပဒေသစ်ပြုစုရေးဆွဲရန်အတွက် လမ်းပြမြေပုံရေးဆွဲရန် ပြည်ထောင်စုအစိုးရမှ ဆွေးနွေးပွဲ ပြုလုပ်မည့်အချိန်တွင် TNI အနေဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒဖြစ်စဉ်စတင်ခဲ့သည့် အချိန်မှ ယခုအချိန်ထိ အခြေအနေများ မည်ကဲ့သို့ ပြောင်းလဲခဲ့သည်ကို ကြည့်ကာ လက်ရှိအခြေအနေတွင် နိုင်ငံတဝန်းရှိ သန်းချီသောပြည်သူများ၏ မြေဆိုင်ရာအခွင့်အရေးမည်ကဲ့သို့ အနေအထားရှိသည်ကို သုံးသပ်ထားပါသည်။ 

  5. တစ်ကျော့ပြန

    • Ernestien Jensema, Martin Jelsma, Tom Kramer, Tom Blickman
    01 ဇွန်လ 2014
    Report
     

    TNI ၏ ရွှေတြိဂံဒေသအတွင်းရှိ တရားမ၀င်မူးယစ်ဆေးဝါးဈေးကွက်အပေါ် နှိုက်နှိုက်ချွတ်ချွတ်လေ့လာဆန်းစစ်ချက်အရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နှစ်ဆခန့်ပြန်လည်မြင့်တက်လာသည့်အပြင် ထောင်သွင်းအကျဉ်းချခံထားရသူ များပြားလာပြီး အသေးစားတစ်နိုင်တစ်ပိုင် တောင်သူငယ်လေးများအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဤအစီရင်ခံစာအတွင်း အောင်မြင်ခဲ့ခြင်းမရှိသည့် အာဆီယံဒေသ ‘မူးယစ်ကင်စင်ရေး’ မဟာဗျူဟာ၏ ကျဆုံးမှုကို အသေးစိတ်အချက်အလက်များဖြင့် တင်ပြထားပြီး ချဉ်းကပ်လုပ်ဆောင်မှုအသစ် လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြထားပါသည်။

  6. အရှေ့တောင်အာရှ မူးယစ်ဆေးဝါးရေးရာမူဝါဒ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ဦးဆောင်တော့မှာလား။

    12 အောက်တိုဘာလ 2017
    Article

    မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာရေးကို ဦးစားပေးသည့် ခေတ်မီတိုးတက်သော မူဝါဒများကို အကောင်အထည်ဖော်နေခြင်းအတွက်ထက် တရားမဝင်မူးယစ်ဆေး အမြောက်အများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းဖြူ (ဟီးရိုးအင်း) သုံးစွဲသူဦးရေ မြင့်မားခြင်းအပါအဝင် အလွန်ကြီးမားလှသည့် မူးယစ်ဆေးပြဿနာများရှိနေခြင်းအတွက် ပို၍လူသိများလှပါသည်။ သို့ရာတွင် မကြာမီအချိန်အတွင်း ယင်းသို့သော အခြေအနေမှ အပြောင်းအလဲများရှိလာနိုင်ပါသည်။ 

  7. စတုတ္ထအကြိမ်မြောက် ဘိန်းစိုက်တောင်သူများညီလာခံ သဘောထားထုတ်ပြန်ချက်

    10 မလေ 2016
    Report

    ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှ ကယား၊ ကယန်း ရှမ်း၊ ပအိုဝ်း၊ လားဟူ၊ တအာင်း(ပလောင်)၊ ကချင်ဘိန်းစိုက် တောင်သူများနှင့် ကိုယ်စားလှယ်များက ၎င်းတို့ နေ့တဓူဝရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ ကို ဆွေးနွေးတိုင်ပင်ရန်၊ အတွေ့အကြုံများကို နှီးနှောဖလှယ်ရန်နှင့် မိမိတို့ ကြုံတွေ့ရလျက်ရှိသည့် ပြဿနာရပ်များကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် အတွက် မြန်မာနိုင်ငံရှိ ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်၌ အတူတကွ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။

  8. ကျန်းမာရေးကို ရှေးရှုသော ဥပဒေအခင်းအကျင်းသို့

    • Ernestien Jensema, Martin Jelsma, Tom Kramer, Nang Pann Ei Kham, Gloria Lai, Tripti Tandon
    29 စက်တင်ဘာလ 2010
    Report

    The decision of the Myanmar Government to review drug laws is not only timely, but also offers a prospect to improve the drugs legislation and to ensure that the laws address drug-related problems in the country more effectively.

  9. Opium harvest in early 2019 in Pekhon Township, southern Shan State (TNI)

    မြေပြင်အမှန်တရားကို လိုရာဆွဲပုံဖော်ခြင်း - မူးယစ်ဆေးဝါး၊ ပဋိပက္ခနှင့် UNODC ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း

    07 မတ်လ 2019
    Article

    ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ လတ်တလောထုတ်ပြန်ခဲ့သည့် “၂၀၁၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစစ်တမ်း”၌ ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအချို့ကို တိတိပပစွပ်စွဲပြောဆိုထားသည့် အချက်များပါဝင်လျက်ရှိသည်။ ဤ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံ၏ ရှုပ်ထွေးလွန်းလှသည့် လက်တွေ့အခြေအနေများကို ထင်ဟပ်မှုမရှိဘဲ လိုရာဆွဲ၍ မည်ကဲ့သို့ပုံဖော်ရေးသားထားကြောင်း ရှင်းလင်းဖော်ပြထားပါ သည်။

  10. မြန်မာနိုင်ငံ ဖက်ဒရယ် မြေစီမံအုပ်ချုပ်မှုစနစ် ဆီသို့ မျှော်မှန်းချက် ခြေလှမ်းများ

    11 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2020
    Article

    ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်ဆိုင်ရာအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက်မှညှိုနှိုင်းရေးမှူး စောအယ်စေး သည်   မြန်မာနိုင်ငံတွင် မြေဆိုင်ရာ အခွင့်အရေးများအား မြှင့်တင်ရန် ကြိုးပမ်းအားထုတ်လုပ်ဆောင်မှုများအတွက် ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ Human Rights Tulip ဆု အား ရရှိခဲ့ကြောင်း နယ်သာလန်နိုင်ငံသံရုံးမှ ယမန်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် ကြေညာခဲ့သည်။  လူ့အခွင့်အရေး ကျူးလစ်ပန်းဆု(Human Rights Tulip) သည် ထူးချွန်ကာ ရဲစွမ်း သတ္တိရှိသောလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ဒတ်ခ်ျအစိုးရ မှနှစ်စဉ် ချီးမြှင့်သော ဆု တစ်ခု ဖြစ်သည်။

  11. အခြေအနေသစ်နှင့် ဒီမိုကရက်တစ် မြန်မာနိုင်ငံအဖြစ်သို့ တရားမျှတစွာ ကူးပြောင်းခြင်း နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းလုပ်သားများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေး

    23 အောက်တိုဘာလ 2020
    Report

    မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားအများစုမှာ ကျေးလက်ဒေသများမှ ဖြစ်ကာ ထိုဒေသများတွင် ယခုအချိန်ထိနက်ရှိုင်းကျယ်ပြန့်စွာရှိနေပါသေးသည်။ ခန့်မှန်းခြေအားဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်းခန့်သည် ထိုင်း၊ တရုတ် နှင့် မလေးရှား စသည့်နိုင်ငံများတွင် အများစု အလုပ်လုပ်နေပြီး တစ်နှစ်အတွင်း ပြည်တွင်းသို့ ငွေပြန်လွှဲသည့် ခန့်မှန်းပမာဏ ဒေါ်လာ ၈ ဘီလီယံခန့်ရှိပါသည်။

  12. မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးပြဿနာများက ကိုင်တွယ်ဖြေရှင်းခြင်း -

    02 မတ်လ 2017
    Policy briefing

    ဤမူဝါဒသုံးသပ်ချက်အကျဉ်းကို မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးရေးရာ ပြဿနာအတိမ်အနက်ကို နက်နက်နဲနဲဖြင့် အကျယ်တ၀င့်နားလည သဘောပေါက်သည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ၁ ရေးဆွဲပြုစုထားခြင်းဖြစ်သည်။ သုံးသပ်ချက်ကို မြန်မာနိုင်ငံ၏ အခင်းအကျင်းနှင့် လိုက်လျောညီထွေရှိ၍ ခိုင်မာအားကောင်းသည့် ထောက်ခံအကြံပြုချက်များ အသီးသီးပါရှိနေသည့် မဟာဗျူဟာမြောက အရေးယူဆောင်ရွက်ချက် (၅) ရပ်အပေါ် အခြေတည်၍ ပြုစုရေးသားထားခြင်းဖြစ်သည်။ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့မ ယုံကြည်အားထားရလောက်သည့် နောက်ဆုံးရ သတင်းအချက်အလက်များနှင့် အထောက်အထားအခြေပြု အလေ့အထ သာဓကများ ပါဝင်လျက်ရှိသည်။

  13. ကချင် မူးယစ်ပြဿနာ ကြီးထွား

    22 ဧပြီလ 2016
    In the media

    Voice of America - Burmese- မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးရတဲ့ လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသူ အရေအတွက်က ပိုများနေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Transnational Institute (TNI) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြလိုက်ပါတယ်။ ဒီပြဿနာတွေကို လျော့ကျသွားအောင် NLD အရပ်သား အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်ဖို့လိုကြောင်း TNI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

  14. မူးယစ်ဆေးပြဿနာ အပြစ်ပေးတာထက် ကူညီဖို့လိုအပ်တယ်

    15 ဧပြီလ 2016
    Multi-media

    မူးယစ်ဆေးဝါး ဥပဒေတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပြန်လည်ထူထောင်ရေးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့ “Towards Sustainable Drug Policies : Myanmar and Ungass 2016” ဆွေးနွေးပွဲကို ဧပြီ ၄ရက်က ပြုလုပ်ခဲ့ပါတယ်။

  15. ကမ္ဘာလုံးဆိုင်ရာ တားမြစ်သီးနှံပင် စိုက်ပျိုးထုတ်လုပ်သူများညီလာခံ (GFPPP)

    31 မလေ 2017
    Report

    ယေဘုယျအားဖြင့် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးရေးရာ မူဝါဒစကားဝိုင်းအတွင်း ကိုကာရွက်၊ ဘိန်းပင်နှင့် ဆေးခြောက်ပင် စိုက်ပျိုးထုတ်လုပ်မှုအတွင်း ပါဝင်လျက်ရှိသည့်ထိခိုက်ခံလူထုလူတန်းစားများ၏ အသံများ ပျောက်ဆုံးလျက်ရှိသဖြင့် ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာဆိုင်ရာ အထူးအစီအစဉ်(UNGASS)မှ ချန်လှပ်ခံရနိုင်သည့် အရဲစွန့်ရမှုအန္တရာယ်ရှိလာခဲ့သည်။

  16. အလင်းထဲက မှောင်ဝါးဝါးဖြစ်နေသော ၂၅ နှစ်ကြာ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးခရီး

    29 ဇွန်လ 2020
    Article

ွန်လ ၂၉ ရက်နေ့သည် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရ၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ (နဝတ)တို့ အပစ်အခတ်ရပ်စဲခဲ့သည့် ၂၅ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ နှစ်ဆယ့်ငါးနှစ်သာတိုင်သွားခဲ့သော်လည်း NMSP သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်လျက်ရှိ သည့် အစိုးရနှင့် တဖန်အပစ်အခတ်ရပ်စဲနေရဆဲဖြစ်သလို နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ဆိုးဆိုးရွားရွား တစ်ဆို့နေခဲ့ပြီဖြစ်သည်။

  17. “ကျွန်မတို့ကို လူသားထဲက လူသားအဖြစ် နေထိုင်အသက်ရှင်ခွင့်ပေးပါ။” - အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး၏ ရင်တွင်းစကားသံ

    08 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2020
    Article

    ယခု ဆောင်းပါးမှာ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကျရောက်သော “အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု” ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခြင်းဖြစ်သည်။ ယခုနှစ်တွင် ဤလှုပ်ရှားမှုကို မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့  (မြန်မာ) (Drug Policy Advocacy Group – DPAG) က  လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အမျိုးသမီးများ၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများ၊ မိန်းမကဲ့သို့ ဝတ်စားဆင်ယင် ပြုမူနေထိုင်သူများ(Transgender)၊ အမျိုးသမီး မူးယစ်ဆေးဝါး သုံးစွဲသူများဖြင့် ပေါင်းစည်း၍ ပါဝင်ခဲ့သည်။ ကျွန်ပ်တို့၏ အဓိကရည်ရွယ်ချက်မှာ လူ့အသိုင်းအဝိုင်းအတွင်း ခွဲခြားပြစ်တင်၊ ဖိနှိပ်ချုပ်ခြယ်ခြင်း ခံစားနေရသည့် အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု လျော့နည်းပပျောက် စေရန်ဖြစ်သည်။ ထိုဆယ်ရက်တာ လှုပ်ရှားမှုကို DPAG မှဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော တော်ဝင်ခရေကွန်ရက် (SWIM)၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများကွန်ရက် (MPWN)၊ မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (MYS)၊ Transnational Institute (TNI) တို့က တက်ကြွစွာ ပူးပေါင်းပါဝင်ကြသည်။ လှုပ်ရှားမှုအသေးစိတ် ပုံရိပ်များကို သိလိုပါက DPAG မျက်နှာစာအုပ်ဖြစ်သော https://www.facebook.com/Drug-Policy-Advocacy-Group-Myanmar-995656970513733 တွင် ကြည့်ရှုနိုင်ပါသည်။

စာမျက်နှာများ