နိုင်ငံတဝှမ်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေးလိုအပ်ချက်
ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော ပဋိပက္ခများဖြစ်လာခဲ့ပြီးချိန်တွင် မြန်မာ့နိုင်ငံရေးတိုက်ပွဲ၌ စစ်တပ်၊ ဒီမိုကရေစီလိုလားသူများနှင့် လူမျိုးစုများ ဟူသော အုပ်စုကြီးသုံးစုရှိသည်ဟု ဆိုကြလေ့ရှိသည်။ လူမျိုးစုရေးရာကိစ္စသည် မကြာခဏဆိုသလို နားလည်မှု လွဲတတ်ကြ သော၊ ဘေးဖယ်ထားခံရသောကိစ္စဖြစ်သည် ဟု ဆောင်းပါရှင် ချယ်ရီဇဟောင် ယခုဆောင်းပါးတွင် အဆိုပြုထား သည်။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ကြပုံများနှင့် အခြေခံရပ်တည်နားလည်မှုများ ပြောင်းလဲမှသာလျှင် အတိတ်ကဲ့သို့ ကျရှုံးမှုများထပ် မဖြစ်ရန် ရှောင်လွှဲနိုင်ကြပေမည်။
မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်များသည် အကြီးစားရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များကိုသာ အကျိုးပြုလျက်ရှိပြီး အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသများရှိ အသေးစားတစ်နိုင်တစ်ပိုင်တောင်သူများကို အကျိုးဖြစ်ထွန်းစေခြင်း မရှိသည့်အပြင် တိုင်းရင်းသားရပ်ရွာလူထုများ၏ မြေယာအခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားထားခြင်းမရှိပေ။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၁ မှ ၁၂ ရက်နေ့အထိ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ဘိန်းစိုက်တောင်သူအသိုက်အ ၀န်းများမှ ဘိန်းစိုက်တောင်သူများနှင့် ကိုယ်စားလှယ်များမှ အထက်မြန်မာပြည်၌ အတူတကွတွေ့ဆုံစည်းဝေး၍ မိမိတို့ကို သက်ရောက်ထိခိုက်လျက်ရှိသည့် မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ယင်းဆွေး နွေးပွဲရလဒ်အနေဖြင့် နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ မူဝါဒချမှတ်သူများအတွက် အကြံပြုထောက်ခံချက်များပါရှိသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြ သည်။
အထက်အောက်ဆန်သည့်ထိန်းသိမ်း စောင့်ရှောက်ရေးစီမံကိန်းများ၊ သဘာဝခရီးသွားလုပ်ငန်း၊ အကြီးစားရေထွက်ကုန်မွေးမြူရေးလုပ်ငန်းများ သည် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲလျက်ရှိသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကုန်းတွင်းရေအောက်သယံဇာတများသည် ကျယ်ပြန့်သော်လည်း ယင်းအပြောင်းအလဲဖြစ်စဉ်များနှင့် အရင်းအမြစ်များမှ မည်သူတို့ အကျိုးအမြတ် ခံစားခွင့်ရရှိနေကြောင်း၊ ထိုအရင်းအမြစ်များကို မည်သူတို့လက်လှမ်းမီ အသုံးချလျက်ရှိကြောင်း၊ မည်သူတို့ထိန်းချုပ်စီမံလျက်ရှိကြောင်း အရေးတစ်ကြီးမေးခွန်းမေးစရာရှိလာသည်။
မြန်မာနိုင်ငံ၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဤတကြိမ်တွင်လည်း တိုင်းရင်းသားလူမျိုးစုများ ချန်လှပ်ထားခံရမည် ဟူသော စိုးရိမ်မှုများ တိုးပွားလာကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများသည် တိုင်းရင်းသားလူမျိုးစုများကို ဒီမိုကရေစီ၏အနှစ်သာရများဖြစ်သော သာတူညီမျှမှုနှင့် ကိုယ်စားပြုမှု မပေးနိုင်ဟု ဤဝေဖန်ချက်စာတမ်းတွင် ဒေါ်လဖိုင်ဆိုင်းရော်က တင်ပြထားသည်။ ရွေးကောက်ပွဲများက ဤအခြေအနေကို ပြောင်းလဲစေလိမ့်မည် မဟုတ်ပါ။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုံးဝ လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းအလုပ်သမားအများစုမှာ ကျေးလက်ဒေသများမှ ဖြစ်ကာ ထိုဒေသများတွင် ယခုအချိန်ထိနက်ရှိုင်းကျယ်ပြန့်စွာရှိနေပါသေးသည်။ ခန့်မှန်းခြေအားဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်းခန့်သည် ထိုင်း၊ တရုတ် နှင့် မလေးရှား စသည့်နိုင်ငံများတွင် အများစု အလုပ်လုပ်နေပြီး တစ်နှစ်အတွင်း ပြည်တွင်းသို့ ငွေပြန်လွှဲသည့် ခန့်မှန်းပမာဏ ဒေါ်လာ ၈ ဘီလီယံခန့်ရှိပါသည်။
Transnational Institute သည် စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်လာသည့် ကယား (ကရင်နီ)ပြည်နယ်- လမ်းဆုံလမ်းခွရောက်နေသည့် မြန်မာနိုင်ငံတွင်း နယ်မြေဒေသတစ်ခု ဟူသည့် ခေါင်းစဉ်ဖြင့် ကယားပြည်နယ်နှင့်ပတ်သက်သည့် သုတေသနပြု လေ့လာဆန်း စစ်ချက် အစီရင်ခံစာတစ်စောင်ကို အင်္ဂလိပ်ဘာသာဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ပုံနှိပ်ထုတ် ဝေခဲ့သည်။ အစိုးမရသည့် အကူးအပြောင်းကာလအတွင်း ပြောင်းလဲလာခဲ့သည့် ဒေသ တွင်း လူမှု-နိုင်ငံရေးအခင်းအကျင်းကို လေ့လာသုံးသပ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ နောက်ခံသမိုင်းကြောင်းဖြင့်စတင်ကာ စစ်အစိုးရမှသည် အရပ်သားတစ်ပိုင်းစစ်အစိုးရအ ဖြစ်သို့ ကူးပြောင်းရာ၌ ပေါ်ပေါက်လာသည့် နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုနှင့် လူ့ အခွင့်အရေးဆိုင်ရာအရွေ့များအပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် လူထုအသိုက် အဝန်းများအကြား ကြုံတွေ့လာရသည့် စိန်ခေါ်မှုများကို အထူးတလည် အသားပေး၍ သုံး သပ်တင်ပြထားခြင်းဖြစ်သည်။ ရေမြေချင်းဆက်စပ်လျက်ရှိပြီး ကယန်းလူထုအများအပြား မှီတင်းနေထိုင်လျက်ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်များကိုပါ လွှမ်းခြုံ၍ လေ့လာဆန်းစစ်ထားခြင်းဖြစ်သည်။
ကိုလိုနီခေတ်အလွန် မြန်မာနိုင်ငံကျရှုံးမှုများ၏ ပုံရိပ်က အာရကန်မြေဟု သမိုင်းတွင်ခဲ့သော ရခိုင်ပြည်နယ်တွင် ထင်ဟပ်နေပေသည်။ လူမျိုးစု ပဋိပက္ခများ၊ နိုင်ငံရေး ညှပ်ပူးညှပ်ပိတ် အခြေအနေ၊ စစ်ဘောင်ချဲ့လာခြင်း၊ ဒေသစီးပွားရေးကို လျစ်လျူရှုခဲ့ခြင်းများနှင့် ဌာနေလူထုကို ဖယ်ကျဉ် ဆက်ဆံခဲ့ခြင်းများ ရှိနေသော ရခိုင်ပြည်နယ်သည် မြန်မာပြည်လိုပင်။ လွန်ခဲ့သော ဆယ်စုနှစ်များတွင် ထိုပြဿနာများ၏ အတိုင်းအဆ ပိုမိုပြင်းထန်လာကြသည်။ ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်တို့အကြား စိတ်ဝမ်းကွဲမှု ပိုမိုဆိုးရွားလာပြီး ခေတ်သစ် ကမ္ဘာ၏ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြစ်စေခဲ့သည်။ လူသားအရင်းအမြစ်နှင့် သဘာဝသယံဇာတ အရင်းအမြစ်တို့ဖြင့် အသေအချာ အလားအလာရှိသည့် ဒေသတစ်ခုဖြစ်သော်လည်း အာရကန်မှာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။
ရာစုနှစ် တစ်ဝက်ကျော်ကြာ စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာနိုင်ငံ အသွင်ကူးပြောင်းချိန် အကျပ် အတည်းကာလတစ်ခုတွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လုပ်ဆောင်ရန် စီစဉ်ထားလျက် ရှိသည်။
နိုဝင်ဘာအထွေထွေရွေးကောက်ပွဲပြီးနောက် သိပ်မကြာခင်မှာပင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ပြင်းထန်သော တိုက်ပွဲမှာ မထင်မှတ်ဘဲ ရပ်တန့်သွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (State Administrative Council- SAC) ၏ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု စကတည်းက အခြေအနေမှာလည်း သိမ်မွေ့နက်ရှိုင်း လျက်ရှိပါသည်။ နိုင်ငံရေးဆန့်ကျင်မှုမှာလည်း လွန်စွာမြင့်တက်လျက်ရှိသည်။ သို့သော် ရခိုင်အမျိုးသားရေးဝါဒမှာ နိုင်ငံ့တခြားဒေသရှိ နိုင်ငံရေးလှုပ်ရှားမှုများနှင့် မတူသော ဝန်းကျင်တစ်ခုသို့ ကျရောက်နေပေသည်။ ယခုမှတ်ချက်ပြုရေးသားချက်တွင် အဘယ်ကြောင့် လာမည့်လများသည် ရက္ခိုင်ပြည် နိုင်ငံရေးတွင် မသေချာမှုနှင့် တင်းမာမှု မြင့်တက်နေသော အချိန်တစ်ခုအဖြစ် ရှိနေမည်ကို ကိုကျော်လင်းက အလေးထားရေးသားထားပါသည်။
လူကိုမယုံချင်နေပါ။ ဒါပေမဲ့ ကျွန်တော်တို့တတွေ အတူရေးဆွဲကြမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုတော့ ယုံပါလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ၁၉၄၇ ဖေဖော်ဝါရီလမှာ သမိုင်းဝင်ပင်လုံ စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ စည်းရုံးခဲ့စဉ်က ဗမာခေါင်းဆောင်တစ်ချို့အပေါ် အယုံအကြည် လုံးဝမရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။
ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများနည်းတူ မြေယာစီမံခန့်ခွဲမှုပုံစံများသည် တစ်နေရာနှင့်တစ်နေရာ မတူညီကြပေ။
ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်ဆိုင်ရာအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက်မှညှိုနှိုင်းရေးမှူး စောအယ်စေး သည် မြန်မာနိုင်ငံတွင် မြေဆိုင်ရာ အခွင့်အရေးများအား မြှင့်တင်ရန် ကြိုးပမ်းအားထုတ်လုပ်ဆောင်မှုများအတွက် ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ Human Rights Tulip ဆု အား ရရှိခဲ့ကြောင်း နယ်သာလန်နိုင်ငံသံရုံးမှ ယမန်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် ကြေညာခဲ့သည်။ လူ့အခွင့်အရေး ကျူးလစ်ပန်းဆု(Human Rights Tulip) သည် ထူးချွန်ကာ ရဲစွမ်း သတ္တိရှိသောလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ဒတ်ခ်ျအစိုးရ မှနှစ်စဉ် ချီးမြှင့်သော ဆု တစ်ခု ဖြစ်သည်။