ရှာလို့ရသောရလဒ်များ

57 items
  1. ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးအတွက် လိုအပ်ချက်

    Lahpai Seng Raw
    27 ဇန်နဝါရီလ 2016
    Article

    မြန်မာပြည်သူ/ပြည်သားများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သာယာဝပြောရေးနှင့် လူအခွင့်အရေးများဆိုင်ရာ အရေးကြီးသည့်ကိစ္စရပ်များကို အမျိုးသားရင်ကြားစေ့ရေးနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် စိတ်ဓါတ်ဖြင့် အပြည့်အဝဆွေးနွေးနိုင်သော အတူတကွ တွေ့ဆုံဆွေးနွေးမှုနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခုကို တောင့်တမျှော်လင့်နေခဲ့ကြသည်မှာ ကာလကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးပွဲဆီသို့ ဦးတည်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို အမြဲကြိုဆိုလျှက်ရှိသည်။

     

  2. မန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကောင်အထည်ဖော်မှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု အလားအလာ

    Jason Gelbort
    07 ဇန်နဝါရီလ 2019
    Article

    ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူပြုရန်အတွက် လူထုလူတန်းစားများ၏ မြေ ယာရပိုင်ခွင့်အခွင့်အရေးများကို မဖြစ်မနေအကာအကွယ်ပေးရမည်။

  3. အရှေ့တောင်အာရှ မူးယစ်ဆေးဝါးရေးရာမူဝါဒ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ဦးဆောင်တော့မှာလား။

    Renaud Cachia
    12 အောက်တိုဘာလ 2017
    Article

    မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာရေးကို ဦးစားပေးသည့် ခေတ်မီတိုးတက်သော မူဝါဒများကို အကောင်အထည်ဖော်နေခြင်းအတွက်ထက် တရားမဝင်မူးယစ်ဆေး အမြောက်အများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းဖြူ (ဟီးရိုးအင်း) သုံးစွဲသူဦးရေ မြင့်မားခြင်းအပါအဝင် အလွန်ကြီးမားလှသည့် မူးယစ်ဆေးပြဿနာများရှိနေခြင်းအတွက် ပို၍လူသိများလှပါသည်။ သို့ရာတွင် မကြာမီအချိန်အတွင်း ယင်းသို့သော အခြေအနေမှ အပြောင်းအလဲများရှိလာနိုင်ပါသည်။ 

  4. မြန်မာနိုင်ငံတွင်း မြေအဓိပ္ပာယ်ဖွင့်ဆိုမှု

    • Jennifer Franco, Hannah Twomey, Khu Khu Ju, Pietje Vervest, Tom Kramer
    26 စက်တင်ဘာလ 2001
    Primer
  5. မူးယစ်ဆေးပြဿနာ အပြစ်ပေးတာထက် ကူညီဖို့လိုအပ်တယ်

    15 ဧပြီလ 2016
    Multi-media

    မူးယစ်ဆေးဝါး ဥပဒေတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပြန်လည်ထူထောင်ရေးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့ “Towards Sustainable Drug Policies : Myanmar and Ungass 2016” ဆွေးနွေးပွဲကို ဧပြီ ၄ရက်က ပြုလုပ်ခဲ့ပါတယ်။

  6. ကချင် မူးယစ်ပြဿနာ ကြီးထွား

    22 ဧပြီလ 2016
    In the media

    Voice of America - Burmese- မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးရတဲ့ လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသူ အရေအတွက်က ပိုများနေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Transnational Institute (TNI) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြလိုက်ပါတယ်။ ဒီပြဿနာတွေကို လျော့ကျသွားအောင် NLD အရပ်သား အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်ဖို့လိုကြောင်း TNI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

  7. တစ်ကျော့ပြန

    • Ernestien Jensema, Martin Jelsma, Tom Kramer, Tom Blickman
    01 ဇွန်လ 2014
    Report
     

    TNI ၏ ရွှေတြိဂံဒေသအတွင်းရှိ တရားမ၀င်မူးယစ်ဆေးဝါးဈေးကွက်အပေါ် နှိုက်နှိုက်ချွတ်ချွတ်လေ့လာဆန်းစစ်ချက်အရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နှစ်ဆခန့်ပြန်လည်မြင့်တက်လာသည့်အပြင် ထောင်သွင်းအကျဉ်းချခံထားရသူ များပြားလာပြီး အသေးစားတစ်နိုင်တစ်ပိုင် တောင်သူငယ်လေးများအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဤအစီရင်ခံစာအတွင်း အောင်မြင်ခဲ့ခြင်းမရှိသည့် အာဆီယံဒေသ ‘မူးယစ်ကင်စင်ရေး’ မဟာဗျူဟာ၏ ကျဆုံးမှုကို အသေးစိတ်အချက်အလက်များဖြင့် တင်ပြထားပြီး ချဉ်းကပ်လုပ်ဆောင်မှုအသစ် လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြထားပါသည်။

  8. သမုဒ္ဒရာနှင့် ရေအောက်သယံဇာတများကို ခြံခတ်သိမ်းဆည်းခြင်း

    16 မတ်လ 2017
    Report

    အထက်အောက်ဆန်သည့်ထိန်းသိမ်း စောင့်ရှောက်ရေးစီမံကိန်းများ၊ သဘာဝခရီးသွားလုပ်ငန်း၊ အကြီးစားရေထွက်ကုန်မွေးမြူရေးလုပ်ငန်းများ သည် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲလျက်ရှိသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကုန်းတွင်းရေအောက်သယံဇာတများသည် ကျယ်ပြန့်သော်လည်း ယင်းအပြောင်းအလဲဖြစ်စဉ်များနှင့် အရင်းအမြစ်များမှ မည်သူတို့ အကျိုးအမြတ် ခံစားခွင့်ရရှိနေကြောင်း၊ ထိုအရင်းအမြစ်များကို မည်သူတို့လက်လှမ်းမီ အသုံးချလျက်ရှိကြောင်း၊ မည်သူတို့ထိန်းချုပ်စီမံလျက်ရှိကြောင်း အရေးတစ်ကြီးမေးခွန်းမေးစရာရှိလာသည်။

  9. ကမ္ဘာလုံးဆိုင်ရာ တားမြစ်သီးနှံပင် စိုက်ပျိုးထုတ်လုပ်သူများညီလာခံ (GFPPP)

    31 မလေ 2017
    Report

    ယေဘုယျအားဖြင့် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးရေးရာ မူဝါဒစကားဝိုင်းအတွင်း ကိုကာရွက်၊ ဘိန်းပင်နှင့် ဆေးခြောက်ပင် စိုက်ပျိုးထုတ်လုပ်မှုအတွင်း ပါဝင်လျက်ရှိသည့်ထိခိုက်ခံလူထုလူတန်းစားများ၏ အသံများ ပျောက်ဆုံးလျက်ရှိသဖြင့် ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာဆိုင်ရာ အထူးအစီအစဉ်(UNGASS)မှ ချန်လှပ်ခံရနိုင်သည့် အရဲစွန့်ရမှုအန္တရာယ်ရှိလာခဲ့သည်။

  10. ကျန်းမာရေးကို ရှေးရှုသော ဥပဒေအခင်းအကျင်းသို့

    • Ernestien Jensema, Martin Jelsma, Tom Kramer, Nang Pann Ei Kham, Gloria Lai, Tripti Tandon
    29 စက်တင်ဘာလ 2010
    Report

    The decision of the Myanmar Government to review drug laws is not only timely, but also offers a prospect to improve the drugs legislation and to ensure that the laws address drug-related problems in the country more effectively.

  11. မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးပြဿနာများက ကိုင်တွယ်ဖြေရှင်းခြင်း -

    02 မတ်လ 2017
    Policy briefing

    ဤမူဝါဒသုံးသပ်ချက်အကျဉ်းကို မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးရေးရာ ပြဿနာအတိမ်အနက်ကို နက်နက်နဲနဲဖြင့် အကျယ်တ၀င့်နားလည သဘောပေါက်သည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ၁ ရေးဆွဲပြုစုထားခြင်းဖြစ်သည်။ သုံးသပ်ချက်ကို မြန်မာနိုင်ငံ၏ အခင်းအကျင်းနှင့် လိုက်လျောညီထွေရှိ၍ ခိုင်မာအားကောင်းသည့် ထောက်ခံအကြံပြုချက်များ အသီးသီးပါရှိနေသည့် မဟာဗျူဟာမြောက အရေးယူဆောင်ရွက်ချက် (၅) ရပ်အပေါ် အခြေတည်၍ ပြုစုရေးသားထားခြင်းဖြစ်သည်။ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့မ ယုံကြည်အားထားရလောက်သည့် နောက်ဆုံးရ သတင်းအချက်အလက်များနှင့် အထောက်အထားအခြေပြု အလေ့အထ သာဓကများ ပါဝင်လျက်ရှိသည်။

  12. “အကြပ်အတည်းကို အလကားမဖြစ်စေနဲ့”

    • Walden Bello
    01 ဇွန်လ 2020
    Paper

    ကပ်ဘေးအပြီး ကမ္ဘာကြီးတွင် မည်ကဲ့သို့သောအနာဂတ်မျိုးကို မျှော်လင့်နိုင်မည်နည်းဟု ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြခြင်းများပေါ်လာအောင် ကိုဗစ်၁၉က နှိုးဆွပေးပါသည်။ စီးပွားရေးနယ်ပယ်တွင် စိုးမိုးနေသော အငြင်းအခုံတစ်ခုမှာ ကမ္ဘာ့စားနပ်ရိက္ခာစနစ်နှင့်သက်ဆိုင်သည်။ ကပ်ဘေးကြောင့် ကော်ပိုရိတ်တို့ လွှမ်းမိုးထားသော ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကြီးများ၏ ထိလွယ်ရှလွယ်ရှိပုံများ ထင်ရှားလာပြီး စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီး FAOနှင့် မဟာမိတ်အေဂျင်စီများက မြင်နေကြသကဲ့သို့ ထိုကော်ပိုရိတ်ကြီးစိုးသောစနစ်မှာ အဖြေမဟုတ်ကြောင်း ယခုစာတမ်း တွင်ထောက်ပြထားပါသည်။

  13. ငင်းပယ်ခံရလျက်ရှိသည့် ရယူသုံးစွဲပိုင်ခွင့် - မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေးနှင့် တိုင်းရင်းသားပဋိပက္ခ

    08 မလေ 2013
    Policy briefing

    မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်များသည် အကြီးစားရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များကိုသာ အကျိုးပြုလျက်ရှိပြီး အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသများရှိ အသေးစားတစ်နိုင်တစ်ပိုင်တောင်သူများကို အကျိုးဖြစ်ထွန်းစေခြင်း မရှိသည့်အပြင် တိုင်းရင်းသားရပ်ရွာလူထုများ၏ မြေယာအခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားထားခြင်းမရှိပေ။

  14. တတိယအကြိမ်မြောက် ဘိန်းစိုက်တောင်သူများ ညီလာခံ၏ ထုတ်ပြန် ကြေညာချက်

    25 စက်တင်ဘာလ 2015
    Declaration

    ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၁ မှ ၁၂ ရက်နေ့အထိ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ဘိန်းစိုက်တောင်သူအသိုက်အ ၀န်းများမှ ဘိန်းစိုက်တောင်သူများနှင့် ကိုယ်စားလှယ်များမှ အထက်မြန်မာပြည်၌ အတူတကွတွေ့ဆုံစည်းဝေး၍ မိမိတို့ကို သက်ရောက်ထိခိုက်လျက်ရှိသည့် မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ယင်းဆွေး နွေးပွဲရလဒ်အနေဖြင့် နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ မူဝါဒချမှတ်သူများအတွက် အကြံပြုထောက်ခံချက်များပါရှိသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြ သည်။

  15. မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းလာ မြေယာ များကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်။

    Khun Oo, Khun Kaung
    06 ဧပြီလ 2017
    Article

    မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ မြေသိမ်းယာသိမ်းဖြစ်ရပ်များ မကြုံစ ဖူး မြင့်တက်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၌ အထူးသဖြင့် ကုန်းမြင့် တောင်တန်းဒေသများရှိ မြေအသုံးပြုခွင့် အခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေအခင်းအကျင်းကို ပြောင်းလဲသွားစေသည့် မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်များစွာ ပါဝင်လျက်ရှိပြီး မြေယာကဏ္ဍ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို အား ပေးအားမြှောက်ပြုရန်အတွက် တရားဝင်မြေယာဈေးကွက်များကိုပါ ဖန်တီးခဲ့ကြသည်။ ဤအပြောင်းအလဲများ သည် စိုက်ပျိုးမြေများအပေါ် မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် သစ်တောများကို အမှီသဟဲပြုနေကြသည့် မြန်မာနိုင်ငံရှိ လူထုလူတန်းစားအများစု၏ စားနပ်ရိက္ခာနှင့် မြေယာလုပ်ပိုင်ခွင့်ကို အာမ ခံချက် ကင်းမဲ့သွားစေသဖြင့် စိုးရိမ်ပူပန်မှုများ အထူးတလည်မြင့်တက်လာစေသည်။

စာမျက်နှာများ