ရှာလို့ရသောရလဒ်များ

45 items
  1. မြန်မာနိုင်ငံတွင်း မြေအဓိပ္ပာယ်ဖွင့်ဆိုမှု

    • Jennifer Franco, Hannah Twomey, Khu Khu Ju, Pietje Vervest, Tom Kramer
    26 စက်တင်ဘာလ 2001
    Primer
  2. မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးပြဿနာများက ကိုင်တွယ်ဖြေရှင်းခြင်း -

    02 မတ်လ 2017
    Policy briefing

    ဤမူဝါဒသုံးသပ်ချက်အကျဉ်းကို မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးရေးရာ ပြဿနာအတိမ်အနက်ကို နက်နက်နဲနဲဖြင့် အကျယ်တ၀င့်နားလည သဘောပေါက်သည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ၁ ရေးဆွဲပြုစုထားခြင်းဖြစ်သည်။ သုံးသပ်ချက်ကို မြန်မာနိုင်ငံ၏ အခင်းအကျင်းနှင့် လိုက်လျောညီထွေရှိ၍ ခိုင်မာအားကောင်းသည့် ထောက်ခံအကြံပြုချက်များ အသီးသီးပါရှိနေသည့် မဟာဗျူဟာမြောက အရေးယူဆောင်ရွက်ချက် (၅) ရပ်အပေါ် အခြေတည်၍ ပြုစုရေးသားထားခြင်းဖြစ်သည်။ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့မ ယုံကြည်အားထားရလောက်သည့် နောက်ဆုံးရ သတင်းအချက်အလက်များနှင့် အထောက်အထားအခြေပြု အလေ့အထ သာဓကများ ပါဝင်လျက်ရှိသည်။

  3. ကမ္ဘာလုံးဆိုင်ရာ တားမြစ်သီးနှံပင် စိုက်ပျိုးထုတ်လုပ်သူများညီလာခံ (GFPPP)

    31 မလေ 2017
    Report

    ယေဘုယျအားဖြင့် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးရေးရာ မူဝါဒစကားဝိုင်းအတွင်း ကိုကာရွက်၊ ဘိန်းပင်နှင့် ဆေးခြောက်ပင် စိုက်ပျိုးထုတ်လုပ်မှုအတွင်း ပါဝင်လျက်ရှိသည့်ထိခိုက်ခံလူထုလူတန်းစားများ၏ အသံများ ပျောက်ဆုံးလျက်ရှိသဖြင့် ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာဆိုင်ရာ အထူးအစီအစဉ်(UNGASS)မှ ချန်လှပ်ခံရနိုင်သည့် အရဲစွန့်ရမှုအန္တရာယ်ရှိလာခဲ့သည်။

  4. မြန်မာနိုင်ငံ၏ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တိုင်းရင်းသားနိုင်ငံရေးအတွက် လက်ရှိအခြေအနေက ဘယ်လိုလဲ။

    21 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2015
    Policy briefing

    ရွေးကောက် ပွဲများမှာ ငြိမ်းချမ်းစွာပြီးဆုံးခဲ့သော်ငြားလည်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၏ အစိတ်အပိုင်းများတွင် ကြီးမားသည့် ပဋိပက္ခများဆက်လက် ဖြစ်ပွားခဲ့သည်။ အစိုးရအသစ်အပေါ် မျှော်မှန်းထားချက်များ မှာ အဆမတန် မြင့်မားလွန်းလှပါပြီး နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်မှာလည်း လွန်စွာခက်ခဲလှပါသည်။

  5. Panglong monument with Shwedagon replica in background

    ပင်လုံအလွန် -
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး အကျပ်အတည်း

    22 ဖေဖေါ်ဝါရီလ 2018
    Policy briefing

    တိုင်းရင်းသားပဋိပက္ခရေးရာနှင် ဒုက္ခသည်ရွှေ့ ပြောင်းမှုများသည် မြန်မာနိုင်ငံဧ။်နယ်စပ်ဒေသတစ်လွှားတွင် နေရာယူဆဲဖြစ်သောကြောင့် လက်ရှိအနေအထားတွင် တိုင်းပြည်သည် လမ်းဆတွုံင်တည်ရှိနေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့်

    စစ်အုပ်ချုပ်ရေးကာလနောက်ပိုင်း ၂၁ ရာစုပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် နှောင်းပိုင်း

    မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံးအတိုင်းအတာငြိမ်းချမ်းရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖော်ဆောင်နိုင် စေရန်ကြိုးပမ်းသည့် စိတ်အားတက်ကြွဖွယ်ရာအကောင်းဆုံး တာထွက်ခြေလှမ်းတစ်ရပ်အနေဖြင့် ကြိုဆိုဂုဏ်ပြု ခဲ့ကြသည်။

    သို့သော်လည်း ကျဆုံးသွားမည်ကို စိုးရိမ်မကင်းဖြစ်သည့် အငွေ့အသက်များက နိုင်ငံ၏ အတိတ် ကာလဖြစ်ရပ် ဆိုးများကို ပြန်ပြောင်းအမှတ်ရစေလျက်ရှိသည်။

  6. သမုဒ္ဒရာနှင့် ရေအောက်သယံဇာတများကို ခြံခတ်သိမ်းဆည်းခြင်း

    16 မတ်လ 2017
    Report

    အထက်အောက်ဆန်သည့်ထိန်းသိမ်း စောင့်ရှောက်ရေးစီမံကိန်းများ၊ သဘာဝခရီးသွားလုပ်ငန်း၊ အကြီးစားရေထွက်ကုန်မွေးမြူရေးလုပ်ငန်းများ သည် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲလျက်ရှိသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကုန်းတွင်းရေအောက်သယံဇာတများသည် ကျယ်ပြန့်သော်လည်း ယင်းအပြောင်းအလဲဖြစ်စဉ်များနှင့် အရင်းအမြစ်များမှ မည်သူတို့ အကျိုးအမြတ် ခံစားခွင့်ရရှိနေကြောင်း၊ ထိုအရင်းအမြစ်များကို မည်သူတို့လက်လှမ်းမီ အသုံးချလျက်ရှိကြောင်း၊ မည်သူတို့ထိန်းချုပ်စီမံလျက်ရှိကြောင်း အရေးတစ်ကြီးမေးခွန်းမေးစရာရှိလာသည်။

  7. တစ်ကျော့ပြန

    • Ernestien Jensema, Martin Jelsma, Tom Kramer, Tom Blickman
    01 ဇွန်လ 2014
    Report
     

    TNI ၏ ရွှေတြိဂံဒေသအတွင်းရှိ တရားမ၀င်မူးယစ်ဆေးဝါးဈေးကွက်အပေါ် နှိုက်နှိုက်ချွတ်ချွတ်လေ့လာဆန်းစစ်ချက်အရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နှစ်ဆခန့်ပြန်လည်မြင့်တက်လာသည့်အပြင် ထောင်သွင်းအကျဉ်းချခံထားရသူ များပြားလာပြီး အသေးစားတစ်နိုင်တစ်ပိုင် တောင်သူငယ်လေးများအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဤအစီရင်ခံစာအတွင်း အောင်မြင်ခဲ့ခြင်းမရှိသည့် အာဆီယံဒေသ ‘မူးယစ်ကင်စင်ရေး’ မဟာဗျူဟာ၏ ကျဆုံးမှုကို အသေးစိတ်အချက်အလက်များဖြင့် တင်ပြထားပြီး ချဉ်းကပ်လုပ်ဆောင်မှုအသစ် လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြထားပါသည်။

  8. စတုတ္ထအကြိမ်မြောက် ဘိန်းစိုက်တောင်သူများညီလာခံ သဘောထားထုတ်ပြန်ချက်

    10 မလေ 2016
    Report

    ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှ ကယား၊ ကယန်း ရှမ်း၊ ပအိုဝ်း၊ လားဟူ၊ တအာင်း(ပလောင်)၊ ကချင်ဘိန်းစိုက် တောင်သူများနှင့် ကိုယ်စားလှယ်များက ၎င်းတို့ နေ့တဓူဝရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ ကို ဆွေးနွေးတိုင်ပင်ရန်၊ အတွေ့အကြုံများကို နှီးနှောဖလှယ်ရန်နှင့် မိမိတို့ ကြုံတွေ့ရလျက်ရှိသည့် ပြဿနာရပ်များကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် အတွက် မြန်မာနိုင်ငံရှိ ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်၌ အတူတကွ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။

  9. အယူအမြင် ထောင်ချောက်

    • Walden Bello
    30 အောက်တိုဘာလ 2018
    Report

    မြန်မာနိုင်ငံသည် ထုံးတမ်းစဉ်လာ ဖွံ့ဖြိုးရေး ပါရာဒိုင်းတစ်ခု၏ ထောင်ချောက်များကို ရှောင်ရှားသွားနိုင်မည့် ရေရှည်တည်တံ့ မည့် ဖွံ့ ဖြိုးတိုးတက်ရေးလမ်းကြောင်းတစ်ခုပေါ်တွင် လျှောက် လှမ်းရန် ဖြစ်နိုင်ပါသလား။ အဆိုပါလမ်းကြောင်းသည် ဖြစ်နိုင် ခြေရှိရုံမျှမက မဖြစ်မနေ လျှောက်လှမ်းရန် လိုအပ်သော လမ်းကြောင်း ဖြစ်သည်ကို ဤအစီရင်ခံတွင် အဆိုပြုဆွေးနွေး တင်ပြသွားမည် ဖြစ်သည်။

  10. အမျိုးသမီးမပါဘဲ ငြိမ်းချမ်းမှုမရှိနိုင် - မြန်မာနိုင်ငံအတွင်း ကျား/မတန်းတူညီမျှမှု၊ စစ်မက်ပဋ္ဋိပက္ခနှင့် ငြိမ်းချမ်းရေး

    23 မလေ 2016
    Policy briefing

    ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ကျား/မရေးရာကိစ္စ၊ တိုင်းရင်း သားအရေးနှင့် အခြား သရုပ်လက္ခဏာများ အကြား ဆက်စပ်ပတ်သက်နေမှုများကို ပိုမိုနားလည်သဘောပေါက် ရန် လိုအပ်နေသည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် ပဋိပက္ခ ဖြေရှင်းမှုနှင့် နိုင်ငံတော်အဆင့်ပြုပြင်ပြောင်းလဲမှုတွင် အမျိုးသမီးအဖွဲ့အစည်းများ၏ ပါဝင်မှုနှင့် အမျိုးသမီးအခွင့်အရေးများ နှင့်ပတ်သက်သည့် တိုးတက်မှုအခြေ အနေသည် အရေးပါလှပါသည်။

  11. ငင်းပယ်ခံရလျက်ရှိသည့် ရယူသုံးစွဲပိုင်ခွင့် - မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေးနှင့် တိုင်းရင်းသားပဋိပက္ခ

    08 မလေ 2013
    Policy briefing

    မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်များသည် အကြီးစားရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များကိုသာ အကျိုးပြုလျက်ရှိပြီး အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသများရှိ အသေးစားတစ်နိုင်တစ်ပိုင်တောင်သူများကို အကျိုးဖြစ်ထွန်းစေခြင်း မရှိသည့်အပြင် တိုင်းရင်းသားရပ်ရွာလူထုများ၏ မြေယာအခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားထားခြင်းမရှိပေ။

  12. ကျန်းမာရေးကို ရှေးရှုသော ဥပဒေအခင်းအကျင်းသို့

    • Ernestien Jensema, Martin Jelsma, Tom Kramer, Nang Pann Ei Kham, Gloria Lai, Tripti Tandon
    29 စက်တင်ဘာလ 2010
    Report

    The decision of the Myanmar Government to review drug laws is not only timely, but also offers a prospect to improve the drugs legislation and to ensure that the laws address drug-related problems in the country more effectively.

  13. “ပထမတော့ သေနတ်နဲ့ ကျနော်တို့ရဲ့ မြေတွေကို လုယူသွားခဲ့ကြတယ်။ အခုကျတော့ မြေလုဖို့ ဥပဒေကို အသုံးချလာပြန်ပြီ။"

    03 စက်တင်ဘာလ 2019
    Article

    မြန်မာနိုင်ငံထဲက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တရား မျှတမှုမရှိတဲ့ဒဏ်ကို တစ်ရစ်ပြီးတစ်ရစ် ခါးစည်းခံခဲ့ကြရတယ်။ ဒီနေ့ဒီအချိန်မှာလည်း သန်းခေါင် ထက်ညနက်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတုန်းပါပဲ။

  14. သီးနှံသစ်တောရောနှောစိုက်ပျိုးရေးစနစ်ကို ပြစ်မှုကြောင်းအရ အရေးမယူဘဲ ဖြေလျှော့ပေးခြင်း

    • Oliver Springate-Baginski
    17 ဇန်နဝါရီလ 2019
    Primer

    အနှစ်ချုပ်

    ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးသည် စိုက်ကွက်တစ်ခုကို နောက်တစ်ကြိမ်ပြန်လည်မစိုက်ပျိုးမီ သစ်တော သစ်ပင်များ ပြန်လည်ပေါက်ရောက်ရှင်သန်နိုင်မည့် ကာလအပိုင်းအခြားတစ်ခုအထိ အနားပေးသည့်စနစ်မျိုးဖြင့် ရာသီအလိုက်သီးနှံများကို ရောနှောစိုက်ပျိုးသည့် သီးနှံ-သစ်တောရောနှောစိုက်ပျိုးမှု ပုံစံတစ်မျိုးဖြစ်သည်။ 

  15. မူးယစ်ဆေးပြဿနာ အပြစ်ပေးတာထက် ကူညီဖို့လိုအပ်တယ်

    15 ဧပြီလ 2016
    Multi-media

    မူးယစ်ဆေးဝါး ဥပဒေတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပြန်လည်ထူထောင်ရေးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့ “Towards Sustainable Drug Policies : Myanmar and Ungass 2016” ဆွေးနွေးပွဲကို ဧပြီ ၄ရက်က ပြုလုပ်ခဲ့ပါတယ်။

စာမျက်နှာများ