ရှာလို့ရသောရလဒ်များ

59 items
  1. မြန်မာနိုင်ငံတွင်း မြေအဓိပ္ပာယ်ဖွင့်ဆိုမှု

    • Jennifer Franco, Hannah Twomey, Khu Khu Ju, Pietje Vervest, Tom Kramer
    26 စက်တင်ဘာလ 2001
    Primer
  2. ကျန်းမာရေးကို ရှေးရှုသော ဥပဒေအခင်းအကျင်းသို့

    • Ernestien Jensema, Martin Jelsma, Tom Kramer, Nang Pann Ei Kham, Gloria Lai, Tripti Tandon
    29 စက်တင်ဘာလ 2010
    Report

    The decision of the Myanmar Government to review drug laws is not only timely, but also offers a prospect to improve the drugs legislation and to ensure that the laws address drug-related problems in the country more effectively.

  3. ငင်းပယ်ခံရလျက်ရှိသည့် ရယူသုံးစွဲပိုင်ခွင့် - မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေးနှင့် တိုင်းရင်းသားပဋိပက္ခ

    08 မလေ 2013
    Policy briefing

    မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်များသည် အကြီးစားရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များကိုသာ အကျိုးပြုလျက်ရှိပြီး အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသများရှိ အသေးစားတစ်နိုင်တစ်ပိုင်တောင်သူများကို အကျိုးဖြစ်ထွန်းစေခြင်း မရှိသည့်အပြင် တိုင်းရင်းသားရပ်ရွာလူထုများ၏ မြေယာအခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားထားခြင်းမရှိပေ။

  4. တစ်ကျော့ပြန

    • Ernestien Jensema, Martin Jelsma, Tom Kramer, Tom Blickman
    01 ဇွန်လ 2014
    Report
     

    TNI ၏ ရွှေတြိဂံဒေသအတွင်းရှိ တရားမ၀င်မူးယစ်ဆေးဝါးဈေးကွက်အပေါ် နှိုက်နှိုက်ချွတ်ချွတ်လေ့လာဆန်းစစ်ချက်အရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နှစ်ဆခန့်ပြန်လည်မြင့်တက်လာသည့်အပြင် ထောင်သွင်းအကျဉ်းချခံထားရသူ များပြားလာပြီး အသေးစားတစ်နိုင်တစ်ပိုင် တောင်သူငယ်လေးများအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဤအစီရင်ခံစာအတွင်း အောင်မြင်ခဲ့ခြင်းမရှိသည့် အာဆီယံဒေသ ‘မူးယစ်ကင်စင်ရေး’ မဟာဗျူဟာ၏ ကျဆုံးမှုကို အသေးစိတ်အချက်အလက်များဖြင့် တင်ပြထားပြီး ချဉ်းကပ်လုပ်ဆောင်မှုအသစ် လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြထားပါသည်။

  5. တတိယအကြိမ်မြောက် ဘိန်းစိုက်တောင်သူများ ညီလာခံ၏ ထုတ်ပြန် ကြေညာချက်

    25 စက်တင်ဘာလ 2015
    Declaration

    ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၁ မှ ၁၂ ရက်နေ့အထိ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ ဘိန်းစိုက်တောင်သူအသိုက်အ ၀န်းများမှ ဘိန်းစိုက်တောင်သူများနှင့် ကိုယ်စားလှယ်များမှ အထက်မြန်မာပြည်၌ အတူတကွတွေ့ဆုံစည်းဝေး၍ မိမိတို့ကို သက်ရောက်ထိခိုက်လျက်ရှိသည့် မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ယင်းဆွေး နွေးပွဲရလဒ်အနေဖြင့် နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ မူဝါဒချမှတ်သူများအတွက် အကြံပြုထောက်ခံချက်များပါရှိသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ကြ သည်။

  6. မြန်မာနိုင်ငံ၏ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တိုင်းရင်းသားနိုင်ငံရေးအတွက် လက်ရှိအခြေအနေက ဘယ်လိုလဲ။

    21 ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 2015
    Policy briefing

    ရွေးကောက် ပွဲများမှာ ငြိမ်းချမ်းစွာပြီးဆုံးခဲ့သော်ငြားလည်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၏ အစိတ်အပိုင်းများတွင် ကြီးမားသည့် ပဋိပက္ခများဆက်လက် ဖြစ်ပွားခဲ့သည်။ အစိုးရအသစ်အပေါ် မျှော်မှန်းထားချက်များ မှာ အဆမတန် မြင့်မားလွန်းလှပါပြီး နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်မှာလည်း လွန်စွာခက်ခဲလှပါသည်။

  7. ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်ရေးအတွက် လိုအပ်ချက်

    Lahpai Seng Raw
    27 ဇန်နဝါရီလ 2016
    Article

    မြန်မာပြည်သူ/ပြည်သားများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သာယာဝပြောရေးနှင့် လူအခွင့်အရေးများဆိုင်ရာ အရေးကြီးသည့်ကိစ္စရပ်များကို အမျိုးသားရင်ကြားစေ့ရေးနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် စိတ်ဓါတ်ဖြင့် အပြည့်အဝဆွေးနွေးနိုင်သော အတူတကွ တွေ့ဆုံဆွေးနွေးမှုနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်ခုကို တောင့်တမျှော်လင့်နေခဲ့ကြသည်မှာ ကာလကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးပွဲဆီသို့ ဦးတည်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို အမြဲကြိုဆိုလျှက်ရှိသည်။

     

  8. ကချင်ပြည်နယ်ရှိ လူထုအခြေပြု မူးယစ်ဆေးဝါး စစ်ပွဲ၊ အောင်မြင်မှုမရှိသည့် မူဝါဒများ၏ သက်သေ

    21 မတ်လ 2016
    Article

    ပတ်ဂျဆန်ကို ဖွဲ့စည်းတည်ထောင်မှုနှင့် ယင်းတို့၏ ‘လူထုအခြေပြု မူးယစ်ဆေးဝါးစစ်ပွဲ’သည် ကချင် ပြည်နယ်၌သာမက နိုင်ငံတစ်နံတစ်လျား အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာပေါင်းများစွာကို ဖော်ထုတ်မီးမောင်းထိုးပြခဲ့သည်။ အဆုံး၌ မူးယစ်ဆေးဝါးပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းလာပြီဟု ယူဆသည့် ကချင်လှုပ်ရှားတက်ကြွသူများ၏ ချီးမွမ်းထောက်ခံမှုကို ပတ်ဂျဆန်တို့ ရရှိထားသော်လည်း တစ်ဖက်တွင်မူ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဘိန်းစိုက်တောင်သူများအပါအ၀င် အပယ်ခံရပ်ရွာလူထုများအတွက် မည်သည့်ဝန်ဆောင်မှုမျှ ပေးအပ်ထောက်ပံ့မှုမရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အခြားအဖွဲ့အစည်းများ၏ ပြစ်တင်ဝေဖန်ခြင်းကို ခံရလျက်ရှိသည်။

  9. လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း

    Jennifer Franco
    04 ဧပြီလ 2016
    Article

    မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာ၌ မြေ၏အခန်းကဏ္ဍ မည် မျှအထိ အရေးပါလျက်ရှိသနည်း။ မြန်မာနိုင်ငံသည် အချိုးအကွေ့တစ်ခု၌ ရောက်ရှိနေပြီး ဆန့်ကျင် ဘက် အစွန်းနှစ်ဖက်သို့ အလျင်အမြန် ချဉ်းကပ်ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ သို့ရာ တွင် သမိုင်းတွင်သည့် ရွေးကောက်ပွဲအတွင်း သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အစိုးရသစ်ကို ရွေး ကောက်တင်မြှောက်နိုင်ခဲ့ခြင်းက အပြုသဘောဆောင်သည့် ဦးတည်ချက်ဖြင့် လမ်းကြောင်းပြောင်း လျှောက်လမ်းနိုင်သည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ထုတ်ပေးအပ်ထားသည်။ ဆင်းရဲနွမ်းပါးသူများ၊ အထိခိုက်လွယ်သူများနှင့် အပယ်ခံလူထုလူတန်းစားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၊ အမျိုး သမီးများနှင့် လူငယ်များကို ဦးစားပေးသည့် ချဉ်းကပ်လုပ်ဆောင်မှုအားဖြင့် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖော်ထုတ်နိုင်ပါသည်။

  10. မူးယစ်ဆေးပြဿနာ အပြစ်ပေးတာထက် ကူညီဖို့လိုအပ်တယ်

    15 ဧပြီလ 2016
    Multi-media

    မူးယစ်ဆေးဝါး ဥပဒေတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပြန်လည်ထူထောင်ရေးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့ “Towards Sustainable Drug Policies : Myanmar and Ungass 2016” ဆွေးနွေးပွဲကို ဧပြီ ၄ရက်က ပြုလုပ်ခဲ့ပါတယ်။

  11. ကချင် မူးယစ်ပြဿနာ ကြီးထွား

    22 ဧပြီလ 2016
    In the media

    Voice of America - Burmese- မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးရတဲ့ လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသူ အရေအတွက်က ပိုများနေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Transnational Institute (TNI) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြလိုက်ပါတယ်။ ဒီပြဿနာတွေကို လျော့ကျသွားအောင် NLD အရပ်သား အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်ဖို့လိုကြောင်း TNI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

  12. စတုတ္ထအကြိမ်မြောက် ဘိန်းစိုက်တောင်သူများညီလာခံ သဘောထားထုတ်ပြန်ချက်

    10 မလေ 2016
    Report

    ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှ ကယား၊ ကယန်း ရှမ်း၊ ပအိုဝ်း၊ လားဟူ၊ တအာင်း(ပလောင်)၊ ကချင်ဘိန်းစိုက် တောင်သူများနှင့် ကိုယ်စားလှယ်များက ၎င်းတို့ နေ့တဓူဝရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ ကို ဆွေးနွေးတိုင်ပင်ရန်၊ အတွေ့အကြုံများကို နှီးနှောဖလှယ်ရန်နှင့် မိမိတို့ ကြုံတွေ့ရလျက်ရှိသည့် ပြဿနာရပ်များကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် အတွက် မြန်မာနိုင်ငံရှိ ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်၌ အတူတကွ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။

  13. အမျိုးသမီးမပါဘဲ ငြိမ်းချမ်းမှုမရှိနိုင် - မြန်မာနိုင်ငံအတွင်း ကျား/မတန်းတူညီမျှမှု၊ စစ်မက်ပဋ္ဋိပက္ခနှင့် ငြိမ်းချမ်းရေး

    23 မလေ 2016
    Policy briefing

    ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ကျား/မရေးရာကိစ္စ၊ တိုင်းရင်း သားအရေးနှင့် အခြား သရုပ်လက္ခဏာများ အကြား ဆက်စပ်ပတ်သက်နေမှုများကို ပိုမိုနားလည်သဘောပေါက် ရန် လိုအပ်နေသည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် ပဋိပက္ခ ဖြေရှင်းမှုနှင့် နိုင်ငံတော်အဆင့်ပြုပြင်ပြောင်းလဲမှုတွင် အမျိုးသမီးအဖွဲ့အစည်းများ၏ ပါဝင်မှုနှင့် အမျိုးသမီးအခွင့်အရေးများ နှင့်ပတ်သက်သည့် တိုးတက်မှုအခြေ အနေသည် အရေးပါလှပါသည်။

  14. မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို ခြိမ်းခြောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်များ

    Pietje Vervest
    17 အောက်တိုဘာလ 2016
    Article

    ဖွံ့ဖြိုးစ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ တည်ငြိမ်မှု မရှိသေးဘဲ အထိအခိုက်လွယ်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒီလိုအချိန်မှာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်တွေဟာ နိုင်ငံကို ပိုငြိမ်းချမ်းပြီး ဒီမိုကရေစီ ဆန်စေမယ့် လုပ်ငန်းစဉ်တွေအပေါ် အပျက်သဘော သက်ရောက်မှုတွေ ရှိမနေဖို့ လိုပါတယ်။

  15. Anti-war protest by residents, Myitkyina / Photo credit Kachinland News

    ငြိမ်းချမ်းရေးသို့ မလှမ်းနိုင်သေးသည့် မြန်မာ့အပစ်အခတ်ရပ်စဲရေးများ

    Lahpai Seng Raw
    19 အောက်တိုဘာလ 2016
    Article

    လူကိုမယုံချင်နေပါ။ ဒါပေမဲ့ ကျွန်တော်တို့တတွေ အတူရေးဆွဲကြမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုတော့ ယုံပါလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ၁၉၄၇ ဖေဖော်ဝါရီလမှာ သမိုင်းဝင်ပင်လုံ စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ စည်းရုံးခဲ့စဉ်က ဗမာခေါင်းဆောင်တစ်ချို့အပေါ် အယုံအကြည် လုံးဝမရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။

  16. မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးပြဿနာများက ကိုင်တွယ်ဖြေရှင်းခြင်း -

    02 မတ်လ 2017
    Policy briefing

    ဤမူဝါဒသုံးသပ်ချက်အကျဉ်းကို မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးရေးရာ ပြဿနာအတိမ်အနက်ကို နက်နက်နဲနဲဖြင့် အကျယ်တ၀င့်နားလည သဘောပေါက်သည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ၁ ရေးဆွဲပြုစုထားခြင်းဖြစ်သည်။ သုံးသပ်ချက်ကို မြန်မာနိုင်ငံ၏ အခင်းအကျင်းနှင့် လိုက်လျောညီထွေရှိ၍ ခိုင်မာအားကောင်းသည့် ထောက်ခံအကြံပြုချက်များ အသီးသီးပါရှိနေသည့် မဟာဗျူဟာမြောက အရေးယူဆောင်ရွက်ချက် (၅) ရပ်အပေါ် အခြေတည်၍ ပြုစုရေးသားထားခြင်းဖြစ်သည်။ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့မ ယုံကြည်အားထားရလောက်သည့် နောက်ဆုံးရ သတင်းအချက်အလက်များနှင့် အထောက်အထားအခြေပြု အလေ့အထ သာဓကများ ပါဝင်လျက်ရှိသည်။

  17. သမုဒ္ဒရာနှင့် ရေအောက်သယံဇာတများကို ခြံခတ်သိမ်းဆည်းခြင်း

    16 မတ်လ 2017
    Report

    အထက်အောက်ဆန်သည့်ထိန်းသိမ်း စောင့်ရှောက်ရေးစီမံကိန်းများ၊ သဘာဝခရီးသွားလုပ်ငန်း၊ အကြီးစားရေထွက်ကုန်မွေးမြူရေးလုပ်ငန်းများ သည် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲလျက်ရှိသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကုန်းတွင်းရေအောက်သယံဇာတများသည် ကျယ်ပြန့်သော်လည်း ယင်းအပြောင်းအလဲဖြစ်စဉ်များနှင့် အရင်းအမြစ်များမှ မည်သူတို့ အကျိုးအမြတ် ခံစားခွင့်ရရှိနေကြောင်း၊ ထိုအရင်းအမြစ်များကို မည်သူတို့လက်လှမ်းမီ အသုံးချလျက်ရှိကြောင်း၊ မည်သူတို့ထိန်းချုပ်စီမံလျက်ရှိကြောင်း အရေးတစ်ကြီးမေးခွန်းမေးစရာရှိလာသည်။

စာမျက်နှာများ