ငင်းပယ်ခံရလျက်ရှိသည့် ရယူသုံးစွဲပိုင်ခွင့် - မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေးနှင့် တိုင်းရင်းသားပဋိပက္ခ
Regiones

မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားအုပ်စုများအနေဖြင့် ခွဲခြားဆက်ဆံမှုနှင့် အပယ်ခံရမှုများကို အစဉ်အဆက်ခံစားလာခဲ့ရသဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်းများစွာမှ တိုင်းရင်းသားအခွင့်အရေးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် လူများစုဗမာတိုင်းရင်းသားများ လွှမ်းမိုးချုပ်ကိုင်ထားသည့် ဗဟိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည်။ တိုက်ပွဲအများစုသည် တိုင်းရင်း သားလူနည်းစုအဖွဲ့များ ပျံ့နှံ့နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံနယ်စပ်တစ်လွှား၌ ဖြစ်ပွားလျက်ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ တိုင်းရင်းသားလူမျိုးကွဲပြားမှု အများဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၃၀-၄၀ ရာခိုင်နှုန်းခန့် သည် တိုင်းရင်းသားလူနည်းစုများဖြစ်ကြပြီး နိုင်ငံအကျယ်အဝန်း၏ ၅၇% ခန့်ကို ကိုယ်စားပြုလျက်ရှိသည်။ ယင်းနယ်မြေဒေသများသည် ဆင်းရဲ၍ အမြဲတမ်းလိုလို ဖိနှိပ်ညှင်းဆဲခံရလျက်ရှိသည့် တိုင်းရင်းသားလူနည်းစုများ၏ နေအိမ်များတည်ရှိရာ ဒေသများဖြစ်သည်။ ထိုကဲ့သို့သော ဆင်းရဲနွမ်းပါး၍ တိုက်ပွဲများဖြင့် မွစာကြဲလျက် ရှိသည့် ဒေသများ၌ နေထိုင်သူအများစုသည် ကုန်းမြင့်စိုက်ပျိုးရေးလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည့် တစ်နေ့လုပ်တစ်နေ့စား တောင်သူလယ်သမားများဖြစ် ကြသည်။ စီးပွားရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုများသည် ပြည်တွင်းစစ်ကြီးကို အားဖြည့် မောင်းနှင်ပေးလျက်ရှိသည့် အဓိကလောင်စာဖြစ်နေသည်။ ယင်းဒေသများရှိ သဘာဝသယံဇာတအရင်းအမြစ်များကို ဗဟိုအစိုးရမှ စနစ်တကျ ခေါင်းပုံဖြတ်အ မြတ်ထုတ်လျက်ရှိပြီး ဒေသခံလူထုများ၏ အကျိုးစီးပွားအတွက် ပြန်လည်သုံးစွဲမှု အလျဉ်းမရှိပေ။
သုံးသပ်ချက်များနှင့် အကြံပြုတင်ပြထောက်ခံချက်များ
မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်များသည် အကြီးစားရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များကိုသာ အကျိုးပြုလျက်ရှိပြီး အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသများရှိ အသေးစားတစ်နိုင်တစ်ပိုင်တောင်သူများကို အကျိုးဖြစ်ထွန်းစေခြင်း မရှိသည့် အပြင် တိုင်းရင်းသားရပ်ရွာလူထုများ၏ မြေယာအခွင့်အရေးကိုလည်း ထည့်သွင်း စဉ်းစားထားခြင်းမရှိပေ။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသစ်များသည်လည်း သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝ၍ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများဖော်ဆောင်လျက် သည့် လက်နက်ကိုင်ပဋိပက္ခများကို တွေ့ကြုံခံစားခဲ့ရသည့် တိုင်းရင်းသားဒေသ များအတွင်း မြေယာလုယူမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ တိုင်းရင်းသားအဖွဲ့ အစည်းအတော်များများက အဘက်ဘက်မှ ခြုံငုံသုံးသပ်ထားသည့် နိုင်ငံရေး သဘောတူညီချက်များ မရရှိမီ ၎င်းတို့၏နယ်မြေဒေသများအတွင်း အကြီးစားစီးပွား ရေးစီမံကိန်းကြီးများ ဖော်ဆောင်မှုမပြုရန် ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။ အခြားအဖွဲ့အစည်းများက အဆိုပါစီမံကိန်းကြီးများကို ပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။
တိုင်းရင်းသားနယ်မြေဒေသများရှိ ဆင်းရဲနွမ်းပါးမှုများကို တိုက်ဖျက်၍ စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာ၌ ယင်းဒေသများအတွင်း ရှိနှင့်ပြီးဖြစ်သည့် မြေ ယာ၊ ရေ၊ သားငါးနှင့် သစ်တောဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် အများသဘောတူ လုပ်ပိုင်ခွင့်စနစ်များကို လေးစားအသိအမှတ်ပြုရန် အလွန်အရေးကြီးသည်။ သို့မှ သာ ဆယ်စုနှစ်ပေါင်းများစွာ စစ်ဒဏ်ခံခဲ့ရသည့် အပယ်ခံတိုင်းရင်းသားရပ်ရွာလူ ထုများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရေရှည်ထိန်းသိမ်းဖော်ဆောင် နိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းနေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများနှင့် ဒုက္ခ သည်များကို ဆန္ဒအလျောက်နေရပ်ပြန်နိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။
မြေယာလုယူမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုမရှိသည့် စီးပွားရေးဖော်ဆောင်မှု အလေ့ အထများကို ရပ်တန့်၍ သဘာဝသယံဇာတအရင်းအမြစ်များကို အသုံးပြုခြင်း၊ စီမံ ခန့်ခွဲခြင်း၊ ခွဲဝေနေရာချထားရေးနှင့် ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ဒေသခံရပ်ရွာလူထုများ၏ ပူးပေါင်းပါဝင်မှုနှင့် အများသဘောတူခွင့်ပြု ချက်များ ပါရှိအောင် ဆောင်ရွက်ပေးရမည်။
အစိုးရအနေဖြင့် ဒေသခံရပ်ရွာလူထုများ၏ မြေယာများ လုယူခံရခြင်းမရှိအောင် ကာကွယ်စောင့်ရှောက်ပေးရမည်။ မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ် များကို ပြန်လည်ပြင်ဆင်၍ တိုင်းရင်းသားဒေသများအပါအဝင် အသေးစားတောင် သူလယ်သမားများ၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ ပေးသင့်သည်။
မူရင်းဓာတ်ပုံပိုင်ရှင် - ခင်ပွန်းဖြစ်သူကို ဗမာ့တပ်မတော်မှ ဖမ်းဆီးသွားခဲ့ပြီး ပျောက်ဆုံးနေသည်မှာ တစ်လကျော်ပြီဖြစ်ကြောင်း ပြန်ပြောင်းပြောဆိုမှုအပြီး၌ ရိုက်ထားသည့် လဖိုင်နန်ဘောက် (အငယ်ဆုံးသမီးနှင့်အတူ ရိုက်ထားသည့် ဓာတ်ပုံ)၏ ဓာတ်ပုံဖြစ်သည်။ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ အတူလက်တွဲ ကြပါစို့ဟူသည့်အဖွဲ့မှ ရိုက်ကူးထားသည့်ပုံဖြစ်သည်။ United to End Genocide