မြန်မာနိုင်ငံ၏ ကပ်ဆိုးစက်ဝန်း

Regions

မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံကို လှုပ်ခတ်ခဲ့သော ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်သည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး စစ်အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ဒုက္ခခံစား နေရသော မြန်မာနိုင်ငံနှင့် ၎င်း၏ ပြည်သူများအပေါ် ကျရောက်ခဲ့သော လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကပ်ဆိုးများထဲမှ နောက်ဆုံး ကပ်ဆိုးတစ်ခု ဖြစ်သည်။ အဆိုပါငလျင်ကို အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင်လည်း ခံစားခဲ့ရသည်။ သို့သော် အဓိက ငလျင်ဗဟိုချက်မှာ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ နေပြည်တော်နှင့် ရှမ်းပြည်ဒေသတစ်ချို့ တို့တွင်ဖြစ်ပြီး အပျက်အစီး အများဆုံး ထိခိုက်မှုဒဏ်ကို ခံစားခဲ့ရသည်။ သို့သော်လည်း ကနဦး သတင်းများအရ လူပေါင်း တစ်ထောင်ခန့် သေဆုံးသည်ဟု သိရသော်လည်း ဆက်သွယ်ရေးများ ပြတ်တောက်နေပြီး သတင်း ဆင်ဆာဖြတ်တောက်မှုများကြောင့် နောက်ပိုင်းတွင် သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာရန်သာ ရှိသည်ဟု ခန့်မှန်းရသည်။

Blog by

Transnational Institute
Map earthquake

Google maps screenshot