မန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကောင်အထည်ဖော်မှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု အလားအလာ

Jason Gelbort ၏ သုံးသပ်တင်ပြချက်
07 Enero 2019
Article

ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုကို အထောက်အကူပြုရန်အတွက် လူထုလူတန်းစားများ၏ မြေ ယာရပိုင်ခွင့်အခွင့်အရေးများကို မဖြစ်မနေအကာအကွယ်ပေးရမည်။

Farmers working in the northern Shan State / Photo credit Jason Gelbort

မြန်မာနိုင်ငံတော်အစိုးရ၏ မြေယာမူဝါဒအပေါ် ချဉ်းကပ်မှုပုံစံသည် မြေယာပဋိပက္ခများ တိုးပွားလာ စေပြီး တရားဝင်ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရာ၌ လက်ရှိကြုံတွေ့ရလျက်ရှိသည့် စိန်ခေါ်မှုများကို ပိုမို ဖိတ်ခေါ်လျက်ရှိသည်။ အရပ်ဖက်လူမှုအဖွဲ့အ စည်းများကလည်း လတ်တလောပြင်ဆင်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ (VFV မြေယာဥပဒေ)ကို အကောင်အထည်ဖော်ခြင်းဖြင့် ကျေးလက်နေလူထုလူတန်းစားများကို ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေများမှ နေရပ်စွန့်ခွာတိမ်းရှောင်ရစေပြီး ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာ ရပိုင်ခွင့်အခွင့်အရေးများ ချိနှဲ့အားနည်းသွားစေရန် တွန်းအားပေးလိမ့်မည်ဟူသည့် ကြောင်းကျိုးဆီ လျော်သည့် စိုးရိမ်ပူပန်မှုပေါ်အခြေခံ၍ အကောင်အထည်ဖော်မှုကို အပြင်းအထန်ကန့်ကွက်လျက် ရှိသည်။ 1 နေပြည်တော်၏ ဥပဒေပြုပြင်ပြောင်းလဲမှုသည် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ရည် မှန်းချက်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ ကတိက၀တ်များနှင့် ဆန့်ကျင်သွေဖယ်လျက်ရှိကြောင်း ဤအချက်က သက်သေပြလျက်ရှိသည်။ ထို့အပြင် NCA ၌ သ ဘောတူလက်မှတ် ရေးထိုးထားခြင်းမရှိသေးသည့် နယ်မြေဒေသပေါင်းများစွာလည်း ကျန်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အစိုးရတစ်ရပ်အနေဖြင့် အပြောင်းအလဲဆီသို့ ဦးတည်ချဉ်းကပ်ရာ၌ မြေယာ ရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ငြိမ်းချမ်းရေးတိုးတက်ဖြစ်ထွန်းလာ စေမည့် ယုံကြည်မှုတိုးတက်ခိုင်မာလာအောင် တည်ဆောက်သွားရန် မဖြစ်မနေလိုအပ်ပါသည်။ 

နောက်ခံအကျဉ်း - မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေအပေါ် အရပ်ဖက်လူမှုအဖွဲ့အ စည်းများ ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှု 

ရာပေါင်းများစွာသော အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် မြေယာပဋိပက္ခနှင့် မြေယာလုယူမှုကို အားပေးကူညီသည့် ဥပဒေတစ်ရပ်ဖြစ်လာမည့် အစိုးရ၏ VFV မြေယာဥပဒေ အကောင်အထည် ဖော်မှုကို ဆန့်ကျင်ကန့်ကွက်ရန် စည်းရုံးလှုပ်ရှားလျက်ရှိသည်။ သဘောထားထုတ်ပြန်ကြေညာ ချက်တစ်ခုအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမြေ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ အမိန့်ကြေညာချက်အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအသုံးပြု လျက်ရှိသည့် မည်သူမဆို မှတ်ပုံတင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ရှင်း လင်းဖော်ပြထားသည်။ 2 ဤကြေညာချက်သည် မြန်မာနိုင်ငံလူဦးရေ၏ ကြီးမားသည့်လူအုပ်စုတစ် ရပ်အတွက် ဆိုးရွားလှသည့် မသေချာမရေရာမှုများစွာကို ဆောင်ကျဉ်းလာခဲ့သည်။ မြေကိုမှတ်ပုံ တင်လိုက်ပါကလည်း ယင်းမြေနှင့်ဆက်စပ်လျက်ရှိသည့် ၎င်းတို့၏ သမိုင်းအစဉ်အလာနှင့် ဓလေ့ ထုံးတမ်းဆိုင်ရာ ရပိုင်ခွင့်အခွင့်အရေးများကို နှစ်(၃၀)အသုံးပြုခွင့်နှင့် အလဲအထပ်ပြုလုပ်ရပေ တော့မည်။ မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့ပါကလည်း ကန်ထုတ်ခံရနိုင်သည့် အရဲစွန့်ရမှုအန္တရာယ် သို့မဟုတ် ထောင်ဒဏ် (၂)နှစ်သော်လည်းကောင်း ဒဏ်ငွေ(၅)သိန်းသော်လည်းကောင်း နှစ်ရပ်စ လုံးသော်လည်းကောင်း ကျခံရနိုင်သည့် ပြစ်ဒဏ်များက စောင့်ကြိုနေပြန်သည်။ အစိုးရမှ VFV အ ဖြစ် သတ်မှတ်နိုင်သည့် မြေဧကပေါင်း ၄၅ သန်းကျော်ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားရာ၌ ၈၂% သော မြေယာများသည် တိုင်းရင်းသားပြည်နယ်များ၌ တည်ရှိနေသဖြင့် နိုင်ငံတစ်ဝှမ်းရှိ မရေမတွက်နိုင်သည့် လူထုလူတန်းစားပေါင်းများစွာ၏ ရှင်သန်နေထိုင်ရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။3

CSOs များက VFV မြေယာဥပဒေမှ ရှိနှင့်ပြီးဖြစ်သည့် မြေယာလုပ်ပိုင်ခွင့်များအပေါ် ခြိမ်းခြောက် လာနိုင်သည့် ပုံစံများအပြင် မြေယာလုယူမှုကို အားပေးကူညီ၍ မြေယာပဋိပက္ခများကို မြင့်တက် လာစေနိုင်သည့် အလားအလာများကိုပါ ထောက်ပြပြောဆိုခဲ့ကြသည်။4 အဖွဲ့အစည်းပေါင်း သုံးရာ နှင့် လေးဆယ့်ခြောက်ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးထားသည့် သဘောထားထုတ်ပြန်ချက်၌ “ဤဥပ ဒေကို လက်ခံအတည်ပြုမည့်အစား အခြေခံအကျဆုံး ဦးစားပေးအနေဖြင့် ဓလေ့ထုံးတမ်းဆိုင်ရာ အလေ့အထများနှင့် စုပေါင်းမြေယာအခွင့်အရေးများကို ထိထိရောက်ရောက်အသိအမှတ်ပြု၍ မြေ ယာအပေါ် မှီခိုရှင်သန်နေရသူများ၏ အကျိုးစီးပွားများကို ဘေးဆီးရန်ကာပေးသင့်သည်”ဟု ပြော ဆိုထားသည်။5 ဤသဘောထားထုတ်ပြန်ချက်နှင့် များမကြာသေးမီက ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများ(IDPs)၏ သဘောထားထုတ်ပြန် ချက်အတွင်း၌ မိမိတို့၏ ဘိုးဘွားပိုင်မြေယာများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကြီးစွာသောစိန် ခေါ်မှုအခက်အခဲများကို ကြုံတွေ့နေရပြီးဖြစ်သည့် ပဋိပက္ခဒဏ်သင့် နေရပ်စွန့်ခွာစစ်ဘေးတိမ်း ရှောင်နေကြရသူများအပေါ် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေလိမ့်မည်ဟု မီးမောင်းထိုးပြထားသည်။6

ဥပဒေပြင်ဆင်ချက်အတွင်း တိုင်းရင်းသားဒေသများရှိ ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာလုပ်ပိုင်ခွင့်စ နစ်များအောက်၌ အသုံးပြုလျက်ရှိသည့် မြေယာများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေ အောက်မှ ကင်းလွတ်ခွင့်ပြုသည်ဟု ဖော်ပြပါရှိသည်။ သို့သော်လည်း ကင်းလွတ်ခွင့်ကို မည်ကဲ့သို့ သတ်မှတ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သေချာလမ်းညွှန်ထားခြင်းမရှိသလို ထိုကဲ့သို့သော မြေယာအခွင့်အရေးများကို အကာအကွယ်ပေးရန် မြန်မာနိုင်ငံ၏ ဥပဒေများ သို့မဟုတ် တိုင်းရင်းသား အခြေပြု အုပ်ချုပ်ရေးစနစ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် ဖွဲ့စည်းတည်ဆောက်ပုံအတွင်း မည်သည့်အကာအကွယ်ကိုမျှ လောက်လောက်လားလား အာမခံပေးထားခြင်းမရှိပေ။7 မိမိတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ပိုင်ခွင့်အခွင့်အရေး တောင်းဆိုလျက်ရှိသည့် ရွာသူရွာသားများအနေဖြင့် တစ်ဖက်သတ်စီရင်ချက်ချခံရမည့်အပြင် မိမိတို့၏အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွားနိုင်သည့် အရဲစွန့်ရမှုအန္တရာယ်များနှင့်သာ အဆုံးသတ်သွားလိမ့်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

နိုင်ငံရေးပါတီပေါင်း(၁၅)ပါတီပါဝင်လျက်ရှိသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)နှင့် ၎င်းတို့၏ မိတ်ဖက်အဖွဲ့အစည်းများကလည်း ဤဥပဒေနှင့်ပတ်သက်၍ ပေါ် ပေါက်လာမည့် ပြဿနာရပ်များကို ရှင်းလင်းဖော်ပြထားသည့် သဘောထားကြေညာချက်တစ် စောင်ကို ထုတ်ပြန်ခဲ့ကြသည်။ လက်ရှိအသုံးပြုလျက်ရှိသည့် မြေယာများကို မှတ်ပုံတင်ထားသည် ဖြစ်စေ၊ မှတ်တမ်းတင်ထားသည်ဖြစ်စေ သို့မဟုတ် မြေပုံထုတ်ပြီးဖြစ်စေ၊ မထုတ်ထားသည်ဖြစ်စေ “ဓလေ့ထုံးတမ်းစနစ်အောက်ရှိ မြေယာလုပ်ပိုင်ခွင့် အခွင့်အရေးများနှင့် တိုင်းရင်းသားမျိုးနွယ်စု များ၏ သက်ဆိုင်ရာဒေသအလိုက် ဓလေ့ထုံးတမ်းအရ စီမံခန့်ခွဲလျက်ရှိသည့် မြေယာအလေ့အထ များကို တရားဝင်အသိအမှတ်ပြု၍ ကာကွယ်စောင့်ရှောက်ပေးရန်” လိုအပ်လျက်ရှိသည်ဟု UNA မှ လူသိရှင်ကြား ရှင်းလင်းပြောဆိုထားသည်။8 အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း လက်ရှိဥပ ဒေကို ပယ်ဖျက်၍ ပူးပေါင်းပါဝင်ခွင့်ရှိသည့် ဥပဒေပြုရေးလုပ်ငန်းစဉ်နှင့် တည်ဆဲအမျိုးသားမြေအ သုံးချမှုမူဝါဒတို့အပေါ် အခြေခံတည်ဆောက်ထားသည့် ဖက်ဒရယ်မြေယာဥပဒေတစ်ရပ်ဖြင့် အစား ထိုးပြဋ္ဌာန်းပေးရန် တွန်းအားပေးတောင်းဆိုလျက်ရှိသည်။ 

VFV ဥပဒေနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် - အံချော်လျက်ရှိခြင်း

အစိုးရ၏ မြေယာဥပဒေ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာ၌ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်အောက်ရှိ မိမိတို့၏ ကတိက၀တ်များကို အမြဲတမ်းလိုလို မျက် ကွယ်ပြုထားလေ့ရှိသဖြင့် အငြင်းပွားဖွယ်ရာဖြစ်နေပါသည်။ အနည်းဆုံး တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းပေါင်း(၂၀)မှ ဆယ်ဖွဲ့သည် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်တို့ နှင့် NCA သဘောတူလက်မှတ် ရေးထိုးခဲ့ကြပြီးနောက် လွှတ်တော်မှ ယင်းသဘောတူညီချက်ကို ဆက်လက်အတည်ပြုခဲ့သည်။9 NCA စာသားအရ ချက်ခြင်းမြင်သာရန်ခဲယဉ်းသည့် မြေယာစီမံခန့် ခွဲမှုအတွက် လက်မှတ်ရေးထိုးထားသည့် EAO များနှင့် ညှိနှိုင်းဆောင်ရွက်ရန် အစိုးရဖက်က သ ဘောတူထားသည့် နည်းလမ်းနှစ်သွယ်ရှိသည်။ ပထမနည်းလမ်းမှာ ကြားကာလအစီအစဉ်များနှင့် NCA စည်းဝေးဆုံးဖြတ်ချက်များအားဖြင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် ဒုတိယနည်းလမ်းအနေဖြင့် NCA ၌ ထပ်လောင်းအတည်ပြုထားသည့် နှစ်ဦးသဘောတူ အပစ်အခတ်ရပ်စဲရေး သဘောတူစာ ချုပ်များအားဖြင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်သည်။10

NCA ၏ ကြားကာလ အစီအစဉ်များအခန်း၌ အစိုးရနှင့် EAO များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည့် ကဏ္ဍများစာရင်းကို အကျယ်တ၀င့်ရှင်းလင်းဖော်ပြထားသည်။ ဤအခန်း၌ နောက် ဆုံးငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်မဖော်ဆောင်နိုင်မီ တိုင်းရင်းသားနယ် မြေဒေသများ၌ လက်ရှိကျင့်သုံးလျက်ရှိသည့် အုပ်ချုပ်ရေးစနစ်များကို အသိအမှတ်ပြု၍ အဆိုပါ အုပ်ချုပ်ရေးစနစ်များကို ထိပါးနှောက်ယှက်လာသည့် လုပ်ဆောင်ချက်များမှ အကာအကွယ်ပေး ရန် ရည်ရွယ်ထားသည်။ NCA ၏ အပိုဒ်ခွဲ ၂၅(က-၂)၌ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး”ကို ကြားကာလအစီအစဉ်အောက်ရှိ နယ်ပယ်ဒေသတစ်ခုအဖြစ် သတ်မှတ်ထားသည်။

NCA စည်းဝေးဆုံးဖြတ်ချက် မှတ်တမ်းများနှင့် NCA အပိုဒ် ၃၀ ၌ မြေယာနှင့် တိုက်ရိုက်ဆက်စပ် သည့် ကိစ္စရပ်များကို ဖော်ပြထားသည်။ ဤအပိုဒ်အရ NCA အကောင်အထည်ဖော်မှုအတွင်း သက်ဆိုင်ရာ စည်းဝေးဆုံးဖြတ်ချက်မှတ်တမ်းများကိုပါ ထည့်သွင်းဖော်ဆောင်ရန် လိုအပ်သည်။11 NCA စည်းဝေးဆုံးဖြတ်ချက် အမှတ်(၂၅)၌ ကြားကာလအစီအစဉ်များကို မည်သို့အဓိပ္ပာယ်ဖွင့်ဆို ရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းလမ်းညွှန်ပေးထားသည်။ “ပုဒ်မ ၂၅(က-၂)တွင် ‘သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး’ဆိုရာ၌ EAO များအဆိုပြုသည့်အတိုင်း မြေယာနှင့် သယံဇာတအရင်းအမြစ်စီမံခန့်ခွဲရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရမည်”ဟု ရှင်းလင်းဖော်ပြထားသည်။12 ဆိုလိုသည်မှာ NCA ကြားကာလ အစီအစဉ်များကို အကောင်အထည်ဖော်ရာ၌ မြေယာစီမံခန့်ခွဲရေးပါဝင်လျက်ရှိပြီး တိုင်းရင်းသားမျိုးနွယ်စုများ၏ ရှိရင်းစွဲအုပ်ချုပ်စီမံရေး သို့မဟုတ် အကျိုးစီးပွားများနှင့် ၀ိရောဓိဖြစ်စေရန် အစိုးရဖက်မှ တစ်ဖက်သတ်ပြုမူဆောင်ရွက်ခြင်းမရှိစေရဟု ဆိုလိုခြင်းဖြစ်သည်။ ဤအချက်သည် အပစ်အခတ်ရပ်စဲထားသည့် နယ်မြေဒေသအားလုံး၌ သက်ရောက်အကျုံးဝင်လျက်ရှိပြီး အထူးသဖြင့် ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ပိုင်ခွင့်စနစ်များကို အသိအမှတ်ပြု အကာအကွယ်ပေးထားသည့် ကိုယ်ပိုင်မြေယာမူဝါဒဖြင့် လည်ပတ်လျက်ရှိသည့် KNU ထိန်းချုပ်နယ်မြေများ သို့မဟုတ် လွှမ်းမိုးထားသည့်နယ်မြေဒေသများသည်လည်း အပါအ၀င်ဖြစ် သည်။13

ထို့အပြင် NCA သည် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် EAO များနှင့် နှစ်ဦးသ ဘောတူချုပ်ဆိုထားသည့် ကနဦးစာချုပ်အတွင်း ဖော်ပြထားသည့် မြေယာဆိုင်ရာ ကိစ္စရပ်များအား လုံးကိုပါ လွှမ်းခြုံမှုရှိသည်။ NCA ၌ အဖွဲ့ဝင်များအား ၎င်းတို့၏ နှစ်ဦးသဘောတူချုပ်ဆိုထားခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်အကောင်အထည်ဖော်ရန် အားပေးတိုက်တွန်းကြောင်း နှစ် ကြိမ်တိတိဖော်ပြထားသည်။စကားချီးပိုင်း၌ NCA သည် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုထားသည့် ယခင်သဘောတူစာချုပ် များအားလုံးကို အသိအမှတ်ပြု၍ ထပ်လောင်းခိုင်မာစေရန် ထပ်မံအတည်ပြုသည်”ဟု ဖော်ပြထား ပါသည်။ ပုဒ်မ (၂-ဂ)တွင် အဖွဲ့ဝင်များသည် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုထားသည့် ယခင်သဘောတူညီချက်များအား လုံးနှင့် ကတိက၀တ်များအားလုံးကို ထပ်လောင်းအတည်ပြုသည်”ဟု ပါရှိသည်။ မွန်ပြည်သစ် ပါတီ(NMSP)နှင့် ပြည်ထောင်စုအဆင့်နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၌ “လူထု၏ မြေယာဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းဆောင်ရွက်၍ အဖြေရှာသွားရန်” သဘောတူသည်ဟု ဖော်ပြထားသဖြင့် ဤအချက်များသည် မြေယာအတွက် အလွန်အရေးကြီးသည့် ကိစ္စရပ်များဖြစ် သည်။14 ကြားကာလအစီအစဉ်အခန်း၌လည်း အလားတူပင် မြေယာဆိုင်ရာ ကိစ္စရပ်များအတွက် အစိုးရအနေဖြင့် သက်ဆိုင်ရာ EAO များနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဟုပါရှိသည်။15

မြေယာဥပဒေ ပြုပြင်ပြောင်းလဲရေးသည် ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် ပိုမိုကြီးမားကျယ်ပြန့်သည့် စိန်ခေါ်မှုများကို ကိုယ်စားပြုထင်ဟပ်စေလျက်ရှိသည်။ 

VFV ဥပဒေ အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် ရပ်ရွာလူထုလူတန်းစားများ၏ အခွင့်အ ရေးများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် သိသိသာသာ စိုးရိမ်ပူပန်မှု မြင့်တက်လာရုံ မျှမက နေပြည်တော်ရှိ မြေယာဥပဒေပြုပြင်ပြောင်းလဲရေးနှင့် အပစ်အခတ်ရပ်စဲရေးဖော်ဆောင် သည့် လုပ်ငန်းစဉ်အကြား ဆက်စပ်မှုပျောက်ဆုံးနေခြင်းကလည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိစေရန် စေ့စပ်ညှိနှိုင်းလျက်ရှိသည့် ကြိုးပမ်းအားထုတ်မှုများနှင့် ၂၀၂၀ ခုနှစ် အထွေ ထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် NLD ၏ ရွေးကောက်ပွဲမျှော်မှန်းချက်များအတွက် ကြီးစွာ သော အခက်အခဲပြဿနာများကို ပေါ်ပေါက်လာစေမည့် လက်တွေ့ဖြစ်ရပ်တစ်ခုအဖြစ် သာဓက ပြဆိုလျက်ရှိသည်။ ကရင်ငြိမ်းချမ်းရေးထောက်ကူပြုကွန်ရက်၏ ၂၀၁၈ ခုနှစ် ဇူလိုင်လထုတ် အစီ ရင်ခံစာ၌ လတ်တလော VFV မြေယာဥပဒေပြင်ဆင်ချက်များနှင့် အကောင်အထည်ဖော်ဆောင်မှု မတိုင်မီကတည်းက ဤပြဿနာကို အောက်ပါအတိုင်း ကြိုတင်မီးမောင်းထိုးပြခဲ့ပြီးဖြစ်သည်။   

လက်ရှိလွှတ်တော်တွင်း ဖြစ်ပေါ်လျက်ရှိသည့် မြေယာဆိုင်ရာ ဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် နိုင်ငံတစ်နံတစ်လျား နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လျက်ရှိသည့် မြေယာ ဆိုင်ရာ ပဋိပက္ခများကို ပြေလည်သွားစေနိုင်ပြီး နိုင်ငံတွင်း အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ပေါ်လာစေရန် အုတ်မြစ်ချပေးနိုင်သည့် အခွင့်အလမ်းများကို လုံးဝမျက် ကွယ်ပြုရာ ရောက်နေပါသည်။ တိုင်းရင်းသားလူထုလူတန်းစားများက အရေးပါလှသည့် ဤကိစ္စရပ်ကို ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်အားဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်စေ ရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ သို့သော်လည်း မြေယာဆိုင်ရာ ဥပဒေမူဘောင်များ နှင့် ပတ်သက်သည့် လွှတ်တော်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအားဖြင့် ဗဟိုဦးစီး မြေယာထိန်းချုပ်ရေးစနစ်တစ်ရပ်ကို ဆက်လက်ဖော်ဆောင်နေခြင်းက ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးမှု လုပ်ငန်းစဉ်နှင့် မြေယာအရေးကိစ္စအတွက် သာတူညီမျှရှိ၍ တရားမျှတမှုရှိ သည့် ဖြေရှင်းရေးနည်းလမ်းများဆီသို့ ဦးတည်သွားစေနိုင်သည့် အခွင့်အလမ်းများအား လုံးကို ကသောင်းကနင်းဖြစ်သွားစေခဲ့သည်။16

NCA အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်၌ ဆိုးရွားပြင်းထန်သည့် စိန်ခေါ်မှုများကို ရင်ဆိုင် ကြုံတွေ့ရလျက်ရှိသည်။ အစိုးရ၊ တပ်မတော်နှင့် NCA အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ဝင် ထိပ်တန်းခေါင်းဆောင်များ၏ အောက်တိုဘာလ ၁၅-၁၆ ရက်နေ့ နေပြည်တော်စည်းဝေး ပွဲနောက်ပိုင်း KNU နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)များက ၎င်းတို့အနေ ဖြင့် လက်ရှိ NCA ဆိုင်ရာ တွေ့ဆုံစည်းဝေးပွဲများ၌ ယာယီအနေဖြင့် ပါဝင်ဆောင်ရွက်မှုကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။ ဤနှစ်ဖွဲ့သည် NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနက် အင်အားအကြီးဆုံးဖြစ်သည်။ သို့သော်လည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီများကို အကောင်အထည်ဖော် သည့်ပုံစံသည် အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး သို့မဟုတ် အနှစ်သာရပြည့်ဝသည့် အ ပြောင်းအလဲဆီသို့ ခေါ်ဆောင်သွားနိုင်လိမ့်မည်မဟုတ်ဟု စိုးရိမ်တကြီး ထုတ်ဖော်ပြောဆိုခဲ့ကြ သည်။ အဖွဲ့အစည်းနှစ်ရပ်စလုံးက လက်ရှိတရားဝင်လုပ်ငန်းစဉ်အတွင်း အဓိကရင်ဆိုင်ကြုံတွေ့ရ လျက်ရှိသည့် ပြဿနာသည် NCA ပါ စည်းမျဉ်းစည်းကမ်းများအပေါ် ဘုံနားလည်သဘောပေါက်မှု ကင်းမဲ့နေခြင်းနှင့် အဖွဲ့ဝင်များအားလုံး သဘောတူညီချက်(နှင့် နှစ်ဦးသဘောတူစာချုပ်များ)ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် ပျက်ကွက်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။17

အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း မြေယာဥပဒေများကို စည်းကြပ်ဖော်ဆောင်ခြင်းသည် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကတိပြုထားသည့် ဖက်ဒရယ်စနစ်ဆီသို့ ဦးတည်ရမည့်အစား ဗဟို၌ သာ အာဏာများကို စုဝေးထားရှိလိုသည့် သဘောထားကို ကိုယ်စားပြုထင်ဟပ်လျက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။18 တစ်ချိန်တည်းမှာပင် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်ပြီး NCA ၌ ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ခံရခြင်းမရှိသည့် သို့မဟုတ် ပြန်လည်သုံး သပ်ရန် သို့မဟုတ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟုဆိုကာ ငြင်းပယ်ခံထားရသည့် နယ်မြေဒေ သများ ကျန်ရှိနေဆဲဖြစ်သည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးစကားဝိုင်း၌ ယုံကြည်မှုကို ပြန်လည်တည် ဆောက်ရန် နေပြည်တော်ရှိ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း များနှင့် တိုင်းရင်းသားပြည်နယ်ဒေသများ၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူများအကြား ကြားကာ လအစီအစဉ်များနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ အကောင်အထည်ဖော် ရေးကိစ္စရပ်များအပါအ၀င် ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံရန်နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။ 

အလားတူပင် လောလောလတ်လတ် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ပြိုင်ဆိုင်မှု ပြင်းထန်သည့် ကိုယ်စားလှယ်နေရာ ၁၃ ခုအနက် NLD မှ ကိုယ်စားလှယ်နေရာ (၇)ခုကိုသာ အ နိုင်ရရှိခဲ့ခြင်းကလည်း ပါတီအနေဖြင့် အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်များအတွင်းရှိ မိမိတို့၏ အများစုနေရာကို လက်လွှတ်ဆုံးရှုံးရနိုင်သည့် အရဲစွန့်ရမှုအန္တရာယ်ရှိနေကြောင်း ပေါ်လွင်ထင်ရှား လျက်ရှိသည်။ NLD သည် အစိုးရတစ်ရပ်အနေဖြင့် အာဏာပိုင်ဆိုင်ထားရုံမျှမက မူဝါဒများကို ထိန်းကျောင်းမောင်းနှင်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်နေရာအများစုကိုလည်း ရရှိထားသဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်း အင်အားစုများနှင့် ကွန်ရက်များ၏ တိုက်တွန်းအကြံပြုချက်များနှင့်အညီ ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာလုပ်ပိုင်ခွင့်စနစ် အာမခံချက်ရှိအောင် အားပေးမြှင့်တင်မှုအပါအ၀င် တစ်နိုင်ငံလုံးရှိ လူထုလူတန်းစားများ၏ အခွင့်အရေးများကို အားပေးအားမြှောက်ပြုရန် အဆိုပါအာ ဏာများကို ဂရုတစိုက်အသုံးချသင့်ပါသည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် များ၏ အနှစ်သာရ သို့မဟုတ် စာသားများကို ယုတ်လျော့ပျက်ပြယ်သွားခြင်းမရှိစေရန် အကာအ ကွယ်ပေး၍ အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရန် ကြွေးကြော်ထားသည့် မိမိတို့၏ သံဓိဋ္ဌာန်များကို လျော်ကန်သင့်မြတ်စွာ လိုက်နာစောင့်ထိန်းမှုရှိအောင် ကြပ်မတ်ထိန်းကျောင်းပေးသင့်ပါသည်။ ထို့ အပြင် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများ အတွက်ပေးအပ်သည့် နိုင်ငံတကာမှ နည်းပညာအကူအညီသည် အပစ်အခတ်ရပ်စဲရေးနှင့် တိုင်း ရင်းသားမျိုးနွယ်စုများ၏ အုပ်ချုပ်ရေးလုပ်ငန်းများအပါအ၀င် နိုင်ငံ၏ အခြားဥပဒေနှင့် အုပ်ချုပ်စီမံ ရေးမူဘောင်ဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကိုပါ လွှမ်းခြုံထင်ဟပ်မှု ရှိရန် မဖြစ်မနေလိုအပ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ယိမ်းယိုင်ပြိုလဲလာနေပြီဖြစ်ရာ အဘယ် ကြောင့် တိုးတက်မှုဆိတ်သုဉ်း၍ အခက်အခဲများဖြင့်သာ စခန်းသွားနေရကြောင်း အင်အားစုများ အားလုံး ဆင်ခြင်သုံးသပ်ရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။ ယင်း၌ မြေယာပြုပြင်ပြောင်းလဲ ရေးနှင့် ဥပဒေစည်းကြပ်ဖော်ဆောင်မှုကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းမရှိကြောင်း သေ ချာအောင်ဆောင်ရွက်ရန်လည်း လိုအပ်လျက်ရှိသည်။ မြေယာသည် မြန်မာနိုင်ငံ၏ အနာဂတ်အ တွက် အဓိကအကျဆုံး သော့ချက်တစ်ခုဖြစ်သည်။    

Jason Gelbort သည် ၂၀၁၃ ခုနှစ်မှစ၍ တိုင်းရင်းသားအင်အားစုများအား ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အကြံပေးလာခဲ့သည့် နိုင်ငံတကာရှေ့နေတစ်ဦးဖြစ်သည်။

References

1 Vacant, Fallow and Virgin Land Law (amended 11 September 2018, by Pyidaungsu Hluttaw Law No.24). Forest Trends conducted a legal analysis of the law prior to the recent amendments in 2012. Food Security Working Group’s Land Core Group, “Legal Review of Recently Enacted Farmland Law and Vacant, Fallow and Virgin Lands Management Law” (November 2012), available at: https://www.forest-trends.org/wp-content/uploads/imported/fswg_lcg_legal-review-of-farmland-law-and-vacant-fallow-and-virgin-land-management-law-nov-2012-eng-2-pdf.pdf.

2 Land In Our Hands, “Statement on the Opening of the Vacant, Fallow & Virgin Land Management Central Committee for Applying VFV Lands”, available at: https://progressivevoicemyanmar.org/2018/11/06/statement-on-the-opening-of-the-vacant-fallow-virgin-land-management-central-committee-for-applying-vfv-lands/.

3 See Land In Our Hands, “Statement on the Opening”.

4 The statements cited here present many of these concerns. For information on land grabbing and land conflicts, see, e.g., Land In Our Hands Network, “Destroying People’s Lives: The Impact of Land Grabbing on communities in Myanmar” (December 2015), available at: https://www.tni.org/files/article-downloads/lioh_research_report_eng_0.pdf; and Human Rights Watch, “Nothing for Our Land: Impact of Land Confiscation on Farmers in Myanmar” (2018), available at: https://www.hrw.org/sites/default/files/report_pdf/burma0718_web2.pdf. A recent randomized survey in Karen areas found that land grabbing was the most common human rights abuse since the 2012 bilateral ceasefires and that land-grabbing cases occurred almost exclusively in government-controlled and mixed-controlled areas. Saferworld and Karen Peace Support Network, “Security, justice and governance in southeast Myanmar: A knowledge, attitudes and practices survey in Karen ceasefire areas” (October 2018), pp.66-69.

5 “Civil Society Organizations’ Statement on the Vacant, Fallow & Virgin Land Management 2018 and related announcement”, 16 November 2018, (signed by 346 CSOs), available at: https://www.facebook.com/landinourhands/posts/2264079397202697. See also, "Letter of concern regarding implementation of the Vacant, Fallow and Virgin Lands Management Law (2012) as Amended by The Law Amending the Vacant, Fallow and Virgin Lands Management Law (2018)”, 16 November 2018, (signed by 41 INGOs and CSOs), available at: https://reliefweb.int/sites/reliefweb.int/files/resources/Final%20VFV%20letter%20to%20CC%20English.pdf. Other civil society organizations continue to issue statements. See, e.g., statements by the Karenni Land Seminar, 5 December 2018, and by four Kayan (KNP, KyWO, KNGY, KLCC) organizations, 5 December 2018.

6 “Statement on 2018 VFV law by IDPs from Kachin and Northern Shan state” (26 November 2018), available at: https://progressivevoicemyanmar.org/2018/11/26/statement-on-2018-vfv-law-by-idps-from-kachin-and-northern-shan-state/. There have been multiple reports of Kachin IDPs’ land being grabbed, especially for banana plantations. See, e.g., Htun Khaing, “Kachin IDPs fear land grabs in the villages they once called home” Frontier Myanmar (19 January 2018), available at: https://frontiermyanmar.net/en/kachin-idps-fear-land-grabs-in-the-villages-they-once-called-home. The Kachin Independence Organization issued a statement opposing the land grabs of IDPs’ lands. Central Committee Kachin Independence Organization, “Statement”, 25 November 2017. The concerns raised by displaced persons in northern Myanmar also apply to IDPs and refugees from other areas of the country.

7 See Ben Dunant, “Why a land law change is sparking fears of mass evictions”, Frontier Myanmar, 19 November 2018.

8 The United Nationalities Alliance and its Partner Organizations, “Joint Statement of the United Nationalities Alliance (UNA) and its Sister Organizations on the Vacant, Fallow & Virgin Land Management Law” (November 2018), available at: https://www.facebook.com/UnitedNationalitiesAlliance/posts/1135254689975656.

9 “Two new signatories become members of NCA”, Global New Light of Myanmar, 1 March 2018.

10 "The Nationwide Ceasefire Agreement Between the Government of the Republic of the Union of Myanmar and the Ethnic Armed Organizations (15 October 2015)", available at: https://peacemaker.un.org/sites/peacemaker.un.org/files/MM_151510_NCAAgreement.pdf.

11 “We agree that, in consultation with each other, decisions contained in the agreed meeting minutes taken during negotiations for the Nationwide Ceasefire Agreement shall be referred to in the implementation of the Agreement.” NCA, article 30.

12 In addition to land, women’s participation in the political dialogue and education programs are key issues addressed by the NCA meeting decisions. “Decisions and minutes made during NCA” (unofficial translation), SHAN Herald (11 January 2016), available at: https://english.shannews.org/archives/13393.

13 “Karen National Union – KNU Land Policy”, Office of the Supreme Headquarters, Karen National Union, Kawthoolei (December 2015), (updated from a series of land policies beginning in 1974), available at: https://www.tni.org/files/article-downloads/knu_land_policy_eng.pdf.

14 “NMSP-Government 4-point Union-level Peace Agreement” (25 February 2012), Unofficial English translation summary available at: http://mmpeacemonitor.org/images/pdf/NMSP-Government-feb2012.pdf. The signed the NCA on 13 February 2018. See also the KNU agreements of 13 January and 7 April 2012, noted discussion of resolving land rights issues.

15 A separate question for analysis remains on whether the overall land law framework and the Union Accord agreed at the Union Peace Conference (21st Century Panglong) are consistent with each other. During the July 2018 conference, the Union Accord was updated to include the principle: “Only citizens can own land in the country, and foreigners and illegal settlers must not own it directly or indirectly.” If the Burmese term more accurately refers to land use, then the Union Accord may create an inconsistency with the VFV Land Law and other existing land laws, which allow permissions to be granted for the transfer of rights to foreign or partially foreign entities. If a full legal analysis confirms this inconsistency, it would mean that 1) the political dialogues are able to achieve results contrary to existing laws, but 2) perhaps only where the government and Tatmadaw lack a consistent strategy across the political dialogue and legal reform processes, including for encouraging investment. For the Union Accord Part II text, see, “14 points signed as Part II of Union Accord”, Global New Light of Myanmar, 17 July 2018.

16 Karen Peace Support Network, “Burma’s Dead-End Peace Negotiation Process: A Case Study of the Land Sector”, 2 July 2018, 16, available at: https://progressivevoicemyanmar.org/wp-content/uploads/2018/07/Eng-Burmas-Dead-End-Peace-Negotiation-Process-KPSN-report-web.pdf.

17 The KNU stated, “Implementation of the NCA without common understanding among the stakeholders in the peace process is now the issue is [sic] necessary to solve.” Karen National Union Headquarters, “Statement on the 6th Central Standing Committee emergency meeting”, 10 November 2018, available at: https://www.facebook.com/knuheadquartersofficial/posts/2229673713981732. The RCSS stated, “The RCSS finds that the RCSS and Tamattaw [sic] have a different understanding and definition of bilateral ceasefire agreements of both of state and union levels.” Restoration Council of Shan State, “Statement of Central Executive Committee of RCSS Emergency Meeting”, 12 November 2018, available at: http://www.taifreedom.com/english/index.php/2014-05-27-08-24-29/statements/762-the-statement-of-central-executive-committee-of-rcss-emergency-meeting. The statement of the 6th KNU Toungoo District Meeting stated that the government is taking the land from the land’s historical owners. “KNU Toungoo District 6th Meeting Statement”, 2 December 2018.

18 See, e.g., Lawi Weng, “Newly Amended Law Helps Officials Seize Land, Critics Warn”, The Irrawaddy, 13 November 2018.