မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ

Publication date:

-

About မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ

Publication type
Policy briefing
Part of series
Myanmar Policy Briefing Series , 16
ISBN/ISSN
2214-8957

အဓိကအချက်များ

 ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီ တရားမျှတမှုရှိမည်ဆိုလျှင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုအသီးသီးအတွက် နိုင်ငံရေးဆိုင်ရာ သဘောထားများကို ထုတ်ဖေါ်ပြသရန်နှင့် မိမိတို့၏ မျှော်လင့်ချက်များကို ရရှိလာနိုင်စေရန်အတွက် အရေးကြီးသည့် အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်လျှင် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးစနစ်မှ အသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်၏ နောက်ထပ်အရေးပါလှသည့် အဆင့်တစ်ဆင့်အဖြစ် မှတ်တမ်းတင်နိုင်ပါမည်။ သို့ရာတွင် နိုင်ငံ တော်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးရာတွင် နိုင်ငံသားအားလုံးပါဝင်ရေး၊ ကိုယ်စားပြုရေးနှင့် ဒီမိုကရေစီအခွင့် အရေးများကို အာမခံချက်ပေးနိုင်ရန်အတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးနှင့် အခြားဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတို့လည်း လိုအပ်နေပါသေးသည်။

တိုင်းရင်းသားပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် အမတ်နေရာများစွာ အနိုင်ရနိုင်သော်လည်း တိုင်းရင်းသား လူမျိုး စုနှင့် နိုင်ငံရေးပါတီများအကြား မဲကွဲခြင်းနှင့် လူမျိုးရေး သရုပ်လက္ခဏာနိုင်ငံရေး၏ အကျိုးဆက်ကြောင့် ရွေးကောက် ပွဲ အောင်မြင်မှုသည် မျှော်လင့်ထားသလောက် ဖြစ်မလာမည်ကို မြင်တွေ့ရနိုင်သည်။ ထိုသို့ဖြစ်မလာစေရန် နိုင်ငံရေး ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။ ဒီမိုကရေစီ ဖြစ်စဉ်မှ တိုင်းရင်းသားလူမျိုး လူမှုအသိုင်းအဝိုင်းများအတွက် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိစေနိုင်သည့် မျှော်လင့် ချက်တစ်ခု ပေးစွမ်းနိုင်ခြင်းမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မရှိမဖြစ်လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ အခွင့်အရေးများ မျှတစွာ ခံစားနိုင်ခွင့်မရှိခဲ့ကြသည့်အတွက် မယုံကြည် မှုများရှိနေပြီး စစ်မက်ပဋိပက္ခများ နှစ်ရှည်လများ ဖြစ်ပွားနေခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ အမျိုးသားနိုင်ငံရေးတွင် နိုင်ငံရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုမဟုတ်သည့် အားလုံးပါဝင်သည့်ခေတ်သစ်တစ်ခုကို မှတ်တမ်းတင်နိုင်ရပါမည်။ ရွေးကောက်ပွဲပြီးနောက် အားလုံးပါဝင်နိုင်သည့် နိုင်ငံတော်အဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတစ်ခုကို နိုင်ငံသားအားလုံးအတွက် နိုင်ငံရေးဆိုင်ရာ လမ်းပြမြေပုံတစ်ခုအဖြစ်ဖြင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားများ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲများကို ပေါင်းစည်းနိုင်ရန် မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရပါမည်။