မြန်မာနိုင်ငံ၏ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တိုင်းရင်းသားနိုင်ငံရေးအတွက် လက်ရှိအခြေအနေက ဘယ်လိုလဲ။

Publication date:

ရွေးကောက် ပွဲများမှာ ငြိမ်းချမ်းစွာပြီးဆုံးခဲ့သော်ငြားလည်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၏ အစိတ်အပိုင်းများတွင် ကြီးမားသည့် ပဋိပက္ခများဆက်လက် ဖြစ်ပွားခဲ့သည်။ အစိုးရအသစ်အပေါ် မျှော်မှန်းထားချက်များ မှာ အဆမတန် မြင့်မားလွန်းလှပါပြီး နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်မှာလည်း လွန်စွာခက်ခဲလှပါသည်။

About မြန်မာနိုင်ငံ၏ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ တိုင်းရင်းသားနိုင်ငံရေးအတွက် လက်ရှိအခြေအနေက ဘယ်လိုလဲ။

Publication type
Policy briefing
Part of series
Myanmar Policy Briefing Series , 17

ကြီးမားသည့် စိန်ခေါ်မှုများရှိခဲ့သော်ငြားလည်း မြန်မာနိုင်ငံ တွင် ရွေးကောက်ပွဲကျင်းပခဲ့သည့်နေ့ကို နေရာအားလုံးနီးပါးတွင် ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။ အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပလေ့လာစောင့်ကြည့်သူများ အနေဖြင့် သိသာထင်ရှားသည့် မမှန်မကန် လုပ်ဆောင်မှုများ ကင်းရှင်းသည်ဟု အသိအမှတ်ပြုခဲ့ကြပါသည်။ အောင်မြင်မှု အတိုင်းအတာနှင့် လာမည့်လများ အတွင်း စနစ်တကျ အာဏာလွှဲပြောင်းပေးရန် လက်ရှိ အစိုးရနှင့် စစ်တပ် အာဏာပိုင်များ၏ သိသာထင်ရှားသည့် လိုလားမှုတို့က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနောက်ပိုင်း သမိုင်းတွင် အပြုသဘောဆောင်သည့် စာမျက်နှာသစ်ကို ဖွင့်လှစ်ပေးနိုင်ရန် အလားအလာကောင်းများပင်ဖြစ်သည်။

အစိုးရအသစ်အပေါ် မျှော်မှန်းထားချက်များနှင့် မျှော်လင့်ချက်များမှာ အဆမတန် မြင့်မားလွန်းလှပါသည်။ သို့ရာတွင် နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အားလုံးကို ကိုင်တွယ်ဖြေရှင်းရန်မှာလည်း လွန်စွာခက်ခဲလှပါသည်။ နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးဆုံး ကိစ္စများအနက်တစ်ခုမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ် ကာလမှ စတင်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ အကွဲအပြဲများ၊ တိုင်းရင်းသားများကိုဖယ်ကြဉ်ထားမှုများနှင့် တိုင်းရင်းသား ပဋိပက္ခ၏ ဆယ်စုနှစ်များစွာသော အတိတ်သမိုင်းအမွေကို ကိုင်တွယ်ဖြေရှင်းခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲများမှာ ငြိမ်းချမ်းစွာပြီးဆုံးခဲ့သော်ငြားလည်း ကြီးမားသည့် ပဋိပက္ခများ အမျိုးသားလက်နက်ကိုင် အင်အားစုများ (တပ်မတော်)၏ ပုံမှန်ထက်ပိုပြီး ပြင်းထန်သည့် တိုက်ခိုက်မှုများအထူးသဖြင့် ရွေးကောက်ပွဲမတိုင်ခင်နှင့် အပြီးတွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၏ အစိတ်အပိုင်းများတွင် ဖြစ်ပွားခဲ့သည်။ ဤမရေရာမသေချာမှုတို့ကို ထပ်လောင်း ပြီး နိုင်ငံ၏ “တစ်မဲသာ အနိုင်ယူ” ရွေးကောက်ပွဲစနစ်က တနိုင်ငံလုံးတွင် NLD ၏ လူကြိုက်များမှုကြောင့် တိုင်းရင်း သားအခြေစိုက်နိုင်ငံရေးပါတီ အများစုသည် မဲအနည်းငယ်မျှနှင့် အချို့မှာ တမဲမျှ မရရှိကြဘဲ NLD မှ သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့ပါသည်။

အဓိက ဆွေးနွေးထားချက်များ
  • ၂ဝ၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အောင်ပွဲသည် ဆယ်စုနှစ်များစွာ စစ်တပ်ကြီးစိုးထားသည့် အစိုးရလက်ထက်မှ ဒီမိုကရေစီအပြောင်းအလဲတစ်ခုဖြစ်ထွန်းလာစေရန် လုပ်ပိုင်ခွင့်အာဏာ အပြတ်အသတ်ပေးလိုက်ခြင်းပင်ဖြစ်သည်။
  • နိုင်ငံအဝှမ်းရှိ တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာဒေသများတွင် အနိုင်ရခဲ့သည့်အတိုင်းအတာက NLD အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီစာမျက်နှာသစ်တစ်ခုကို အောင်မြင်စွာဖွင့်လှစ်လုပ်ဆောင်နိုင်မည်ဟူ သည့် မြန်မာနိုင်ငံသားများ၏ မျှော်လင့်ချက်ကို မီးမောင်းထိုးပြနေခဲ့သည်။ ယခုအခါ ပြည်တွင်းမှသာမက နိုင်ငံတကာ၏မျှော်လင့်ချက်များမှာလည်း မြင့်မားလျှက်ရှိပြီး အစိုးရသစ်သည် အစောပိုင်းတွင် ထောက်ခံအားပေးမှု များစွာ ရရှိနိုင်မည်ဖြစ်သည်။
  • လူမှုရေးနှင့်နိုင်ငံရေးဘဝတို့၏ အရေးကြီးသည့်ကဏ္ဍများတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာလည်း များစွာရှိနေသေးသည်။ စစ်တပ်မှကျောထောက်နောက်ခံပေးထားသည့်အစိုးရမှ အသွင်ကူးပြောင်းရေး၊ နိုင်ငံရေးဆိုင်ရာ အသွင်ကူးပြောင်းမှုနှင့် နိုင်ငံ၏အုပ်စုများအားလုံးနှင့် ဒေသများအားလုံးပါဝင်သည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်တို့လည်း ပါဝင်ပါသည်။
  • NLD အနေဖြင့် အနိုင်ရခဲ့သော်လည်း နိုင်ငံရေးဆိုင်ရာအပြောင်းအလဲတစ်ခုကို ပြုလုပ်နိုင်ခြင်းမရှိပါက လူနည်းစုများခံစားနေရသည့် ပဋိပက္ခနှင့်ဖယ်ကြဉ်ခံရခြင်းတို့ ဆက်လက်ရှိနေမည်ကို တိုင်းရင်းသား လူမျိုးစုများအကြားတွင် စိုးရိမ်ပူပန်လျှက်ရှိနေကြသည်။ အမျိုးသားနိုင်ငံရေး၏ လက်ရှိဖွဲ့စည်းပုံများနှင့် “တစ်မဲသာအနိုင်ယူစနစ် (first-past-the-post)” ရွေးကောက်ပွဲပုံစံတို့က တိုင်းရင်းသားလူမျိုးစုများ အားလုံးအတွက် သာတူညီမျှရှိသော ကိုယ်စားပြုမှုကိုအာမခံချက်မပေးနိုင်ဆိုသည့် အမြင်မှာ ကျယ်ကျယ်ပြန့်ပြန့်  ဖြစ်ပေါ်လျှက်ရှိပါသည်။
  • လာမည့်လများအတွင်း ဒီမိုကရေစီနည်းကျသည့် အုပ်ချုပ်စီမံမှုခေတ်သစ်တစ်ခုသို့ အောင်မြင်စွာအသွင်ကူးပြောင်းမှုနှင့် အားလုံးပါဝင်သည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တို့က ဆယ်စုနှစ်များစွာအတွင်း နက်ရှိုင်းစွာအမြစ်တွယ်နေသည့် ပြုပြင်ပြောင်းလဲမှုနှင့် တိုင်းရင်းသား ငြိမ်းချမ်းရေး အတွက် အခွင့်အလမ်းကောင်းတစ်ခုကို ဖန်တီးပေးနိုင်ပါလိမ့်မည်။ ကိုယ်ကျိုးစီးပွားရှာကြမည့်အစား ဘက်ပေါင်းစုံမှ ဝိုင်းဝန်းလုပ်ဆောင်ကြရန်လည်း အလွန်ပင်အရေးကြီးပါသည်။