Search results

30 items
  1. အရှေ့တောင်အာရှ မူးယစ်ဆေးဝါးရေးရာမူဝါဒ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ဦးဆောင်တော့မှာလား။

    Renaud Cachia
    12 October 2017
    Article

    မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာရေးကို ဦးစားပေးသည့် ခေတ်မီတိုးတက်သော မူဝါဒများကို အကောင်အထည်ဖော်နေခြင်းအတွက်ထက် တရားမဝင်မူးယစ်ဆေး အမြောက်အများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းဖြူ (ဟီးရိုးအင်း) သုံးစွဲသူဦးရေ မြင့်မားခြင်းအပါအဝင် အလွန်ကြီးမားလှသည့် မူးယစ်ဆေးပြဿနာများရှိနေခြင်းအတွက် ပို၍လူသိများလှပါသည်။ သို့ရာတွင် မကြာမီအချိန်အတွင်း ယင်းသို့သော အခြေအနေမှ အပြောင်းအလဲများရှိလာနိုင်ပါသည်။ 

  2. မြန်မာ့ရေအားလျှပ်စစ်လုပ်ငန်းကဏ္ဍကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသလဲ။

    Nang Shining
    01 September 2017
    Article

    မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရပြီး ယင်းတို့အထဲ၌ သဘာဝပတ်ဝန်းကျင်အပေါ် ခြိမ်းခြောက်မှု ပြဿနာသည် လတ်တလော အရေးကြီးနေသည့် ပြဿနာတစ်ခုဖြစ်သည်သာမက ပိုမိုပြင်းထန်လာသော ပြဿနာတစ်ရပ်ဖြစ်လာသည်။ လျော် ကန်သင့်မြတ်သည့် စီမံချက်(သို့မဟုတ်)လူထုနှင့် ညှိနှိုင်းတိုင်ပင်မူမရှိသည်သာမက နိုင်ငံတစ်လွှားရှိ သဘာဝဝန်းကျင်ဂေဟစနစ်နှင့် လူ့အဖွဲ့အ စည်းအား နဂိုမူလအတိုင်း ပြန်မဖြစ်စေနိုင်လောက်သည့် အန္တရာယ်များကို ဖြစ်စေနိုင်သည့် အကြီးစားရေကာတာကြီးများနှင့် ရေအားလျှပ်စစ် လုပ်ငန်းစီမံကိန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းသည် အထူးတလည် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်ဖြစ်လာသည်။ အထက်ပါ စီမံကိန်းအများစုသည် ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသားလူမျိုးစုများ၏နေထိုင်ရာဒေသများတွင် တည်ရှိနေသည်သာမက အဆိုပါစီမံကိန်းမှ ထုတ်ယူမည့် စွမ်းအင်အ မြောက်အများကိုလည်း အိမ်နီးချင်းနိုင်ငံများသို့တင်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ကန့်ကွက်ဆန္ဒပြမှုများ တစ်နိုင်ငံလုံးပျံ့နှံ့ဖြစ် ပေါ်နေသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့် ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲရန် အချိန်မှီသေးသည်ဟု ဆိုနိုင်ပါသည်။ သင့်လျော်သော နေရာဒေသတွင် ရေအားလျှပ်စစ်သည် အရေးကြီးသည့် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်နိုင်သည် မှန်သော်လည်း ဒေသအခြေအနေနှင့် ဒေသခံ များ၏လိုအပ်ချက်များနှင့် ကိုက်ညီရန် အထူးအရေးကြီးပြီး ဒုက္ခအသစ်ဖန်တီးမှုမျိုးမဖြစ်ရန်၊ တိုင်းရင်းသားလူမျိုးစုများ၏ မကျေနပ်မှုသောကများနှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကြိုးပမ်းမှုများအတွက် ခြိမ်းခြောက်ဟန့်တားသည့် အခြေအနေမျိုးမဖြစ်အောင် ဂရုစိုက်ရန်လိုအပ်သည်။ (မြန်မာနိုင်ငံ၏) နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာနှင့်သက်ဆိုင်သည့် ဦးတည်ချက်များအပေါ်တွင် ရေရှည်အကျိုးသက်ရောက်မူရှိနိုင်မည့် စီမံ ကိန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပူးပေါင်းပါဝင်မှုကို အခြေတည်၍ အားလုံးပါဝင်သဘောတူနိုင်သည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်နေစဉ်အ တွင်း ယာယီတားမြစ်ချက်များ ပြဌာန်းထုတ်ပြန်ရန် မဖြစ်မနေလိုအပ်ပါသည်။

  3. ကမ္ဘာလုံးဆိုင်ရာ တားမြစ်သီးနှံပင် စိုက်ပျိုးထုတ်လုပ်သူများညီလာခံ (GFPPP)

    31 May 2017
    Report

    ယေဘုယျအားဖြင့် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးရေးရာ မူဝါဒစကားဝိုင်းအတွင်း ကိုကာရွက်၊ ဘိန်းပင်နှင့် ဆေးခြောက်ပင် စိုက်ပျိုးထုတ်လုပ်မှုအတွင်း ပါဝင်လျက်ရှိသည့်ထိခိုက်ခံလူထုလူတန်းစားများ၏ အသံများ ပျောက်ဆုံးလျက်ရှိသဖြင့် ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာဆိုင်ရာ အထူးအစီအစဉ်(UNGASS)မှ ချန်လှပ်ခံရနိုင်သည့် အရဲစွန့်ရမှုအန္တရာယ်ရှိလာခဲ့သည်။

  4. မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းလာ မြေယာ များကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်။

    Khun Oo, Khun Kaung
    06 April 2017
    Article

    မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ မြေသိမ်းယာသိမ်းဖြစ်ရပ်များ မကြုံစ ဖူး မြင့်တက်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၌ အထူးသဖြင့် ကုန်းမြင့် တောင်တန်းဒေသများရှိ မြေအသုံးပြုခွင့် အခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေအခင်းအကျင်းကို ပြောင်းလဲသွားစေသည့် မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်များစွာ ပါဝင်လျက်ရှိပြီး မြေယာကဏ္ဍ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို အား ပေးအားမြှောက်ပြုရန်အတွက် တရားဝင်မြေယာဈေးကွက်များကိုပါ ဖန်တီးခဲ့ကြသည်။ ဤအပြောင်းအလဲများ သည် စိုက်ပျိုးမြေများအပေါ် မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် သစ်တောများကို အမှီသဟဲပြုနေကြသည့် မြန်မာနိုင်ငံရှိ လူထုလူတန်းစားအများစု၏ စားနပ်ရိက္ခာနှင့် မြေယာလုပ်ပိုင်ခွင့်ကို အာမ ခံချက် ကင်းမဲ့သွားစေသဖြင့် စိုးရိမ်ပူပန်မှုများ အထူးတလည်မြင့်တက်လာစေသည်။

  5. သမုဒ္ဒရာနှင့် ရေအောက်သယံဇာတများကို ခြံခတ်သိမ်းဆည်းခြင်း

    16 March 2017
    Report

    အထက်အောက်ဆန်သည့်ထိန်းသိမ်း စောင့်ရှောက်ရေးစီမံကိန်းများ၊ သဘာဝခရီးသွားလုပ်ငန်း၊ အကြီးစားရေထွက်ကုန်မွေးမြူရေးလုပ်ငန်းများ သည် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲလျက်ရှိသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကုန်းတွင်းရေအောက်သယံဇာတများသည် ကျယ်ပြန့်သော်လည်း ယင်းအပြောင်းအလဲဖြစ်စဉ်များနှင့် အရင်းအမြစ်များမှ မည်သူတို့ အကျိုးအမြတ် ခံစားခွင့်ရရှိနေကြောင်း၊ ထိုအရင်းအမြစ်များကို မည်သူတို့လက်လှမ်းမီ အသုံးချလျက်ရှိကြောင်း၊ မည်သူတို့ထိန်းချုပ်စီမံလျက်ရှိကြောင်း အရေးတစ်ကြီးမေးခွန်းမေးစရာရှိလာသည်။

  6. မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးပြဿနာများက ကိုင်တွယ်ဖြေရှင်းခြင်း -

    02 March 2017
    Policy briefing

    ဤမူဝါဒသုံးသပ်ချက်အကျဉ်းကို မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးရေးရာ ပြဿနာအတိမ်အနက်ကို နက်နက်နဲနဲဖြင့် အကျယ်တ၀င့်နားလည သဘောပေါက်သည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ၁ ရေးဆွဲပြုစုထားခြင်းဖြစ်သည်။ သုံးသပ်ချက်ကို မြန်မာနိုင်ငံ၏ အခင်းအကျင်းနှင့် လိုက်လျောညီထွေရှိ၍ ခိုင်မာအားကောင်းသည့် ထောက်ခံအကြံပြုချက်များ အသီးသီးပါရှိနေသည့် မဟာဗျူဟာမြောက အရေးယူဆောင်ရွက်ချက် (၅) ရပ်အပေါ် အခြေတည်၍ ပြုစုရေးသားထားခြင်းဖြစ်သည်။ သုံးသပ်ချက်အတွင်း မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့မ ယုံကြည်အားထားရလောက်သည့် နောက်ဆုံးရ သတင်းအချက်အလက်များနှင့် အထောက်အထားအခြေပြု အလေ့အထ သာဓကများ ပါဝင်လျက်ရှိသည်။

  7. Anti-war protest by residents, Myitkyina / Photo credit Kachinland News

    ငြိမ်းချမ်းရေးသို့ မလှမ်းနိုင်သေးသည့် မြန်မာ့အပစ်အခတ်ရပ်စဲရေးများ

    Lahpai Seng Raw
    19 October 2016
    Article

    လူကိုမယုံချင်နေပါ။ ဒါပေမဲ့ ကျွန်တော်တို့တတွေ အတူရေးဆွဲကြမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုတော့ ယုံပါလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ၁၉၄၇ ဖေဖော်ဝါရီလမှာ သမိုင်းဝင်ပင်လုံ စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ စည်းရုံးခဲ့စဉ်က ဗမာခေါင်းဆောင်တစ်ချို့အပေါ် အယုံအကြည် လုံးဝမရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။

  8. မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို ခြိမ်းခြောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်များ

    Pietje Vervest
    17 October 2016
    Article

    ဖွံ့ဖြိုးစ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ တည်ငြိမ်မှု မရှိသေးဘဲ အထိအခိုက်လွယ်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒီလိုအချိန်မှာ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်တွေဟာ နိုင်ငံကို ပိုငြိမ်းချမ်းပြီး ဒီမိုကရေစီ ဆန်စေမယ့် လုပ်ငန်းစဉ်တွေအပေါ် အပျက်သဘော သက်ရောက်မှုတွေ ရှိမနေဖို့ လိုပါတယ်။

  9. အမျိုးသမီးမပါဘဲ ငြိမ်းချမ်းမှုမရှိနိုင် - မြန်မာနိုင်ငံအတွင်း ကျား/မတန်းတူညီမျှမှု၊ စစ်မက်ပဋ္ဋိပက္ခနှင့် ငြိမ်းချမ်းရေး

    23 May 2016
    Policy briefing

    ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ကျား/မရေးရာကိစ္စ၊ တိုင်းရင်း သားအရေးနှင့် အခြား သရုပ်လက္ခဏာများ အကြား ဆက်စပ်ပတ်သက်နေမှုများကို ပိုမိုနားလည်သဘောပေါက် ရန် လိုအပ်နေသည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် ပဋိပက္ခ ဖြေရှင်းမှုနှင့် နိုင်ငံတော်အဆင့်ပြုပြင်ပြောင်းလဲမှုတွင် အမျိုးသမီးအဖွဲ့အစည်းများ၏ ပါဝင်မှုနှင့် အမျိုးသမီးအခွင့်အရေးများ နှင့်ပတ်သက်သည့် တိုးတက်မှုအခြေ အနေသည် အရေးပါလှပါသည်။

  10. စတုတ္ထအကြိမ်မြောက် ဘိန်းစိုက်တောင်သူများညီလာခံ သဘောထားထုတ်ပြန်ချက်

    10 May 2016
    Report

    ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှ ကယား၊ ကယန်း ရှမ်း၊ ပအိုဝ်း၊ လားဟူ၊ တအာင်း(ပလောင်)၊ ကချင်ဘိန်းစိုက် တောင်သူများနှင့် ကိုယ်စားလှယ်များက ၎င်းတို့ နေ့တဓူဝရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ ကို ဆွေးနွေးတိုင်ပင်ရန်၊ အတွေ့အကြုံများကို နှီးနှောဖလှယ်ရန်နှင့် မိမိတို့ ကြုံတွေ့ရလျက်ရှိသည့် ပြဿနာရပ်များကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် အတွက် မြန်မာနိုင်ငံရှိ ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်၌ အတူတကွ တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။

  11. ကချင် မူးယစ်ပြဿနာ ကြီးထွား

    22 April 2016
    In the media

    Voice of America - Burmese- မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးရတဲ့ လူဦးရေထက် မူးယစ်ဆေးဝါးကြောင့် သေဆုံးရသူ အရေအတွက်က ပိုများနေတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Transnational Institute (TNI) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖေါ်ပြလိုက်ပါတယ်။ ဒီပြဿနာတွေကို လျော့ကျသွားအောင် NLD အရပ်သား အစိုးရသစ် လက်ထက်မှာ လုပ်ဆောင်ဖို့လိုကြောင်း TNI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

  12. မူးယစ်ဆေးပြဿနာ အပြစ်ပေးတာထက် ကူညီဖို့လိုအပ်တယ်

    15 April 2016
    Multi-media

    မူးယစ်ဆေးဝါး ဥပဒေတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပြန်လည်ထူထောင်ရေးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့ “Towards Sustainable Drug Policies : Myanmar and Ungass 2016” ဆွေးနွေးပွဲကို ဧပြီ ၄ရက်က ပြုလုပ်ခဲ့ပါတယ်။

  13. လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း

    Jennifer Franco
    04 April 2016
    Article

    မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာ၌ မြေ၏အခန်းကဏ္ဍ မည် မျှအထိ အရေးပါလျက်ရှိသနည်း။ မြန်မာနိုင်ငံသည် အချိုးအကွေ့တစ်ခု၌ ရောက်ရှိနေပြီး ဆန့်ကျင် ဘက် အစွန်းနှစ်ဖက်သို့ အလျင်အမြန် ချဉ်းကပ်ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ သို့ရာ တွင် သမိုင်းတွင်သည့် ရွေးကောက်ပွဲအတွင်း သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အစိုးရသစ်ကို ရွေး ကောက်တင်မြှောက်နိုင်ခဲ့ခြင်းက အပြုသဘောဆောင်သည့် ဦးတည်ချက်ဖြင့် လမ်းကြောင်းပြောင်း လျှောက်လမ်းနိုင်သည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ထုတ်ပေးအပ်ထားသည်။ ဆင်းရဲနွမ်းပါးသူများ၊ အထိခိုက်လွယ်သူများနှင့် အပယ်ခံလူထုလူတန်းစားများ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ၊ အမျိုး သမီးများနှင့် လူငယ်များကို ဦးစားပေးသည့် ချဉ်းကပ်လုပ်ဆောင်မှုအားဖြင့် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တစ်ခုကို ဖော်ထုတ်နိုင်ပါသည်။

Pages