အရှေ့တောင်အာရှ မူးယစ်ဆေးဝါးရေးရာမူဝါဒ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ဦးဆောင်တော့မှာလား။

လွှတ်တော် သို့ လတ်တလောတင်ပြ ခဲ့ သော ဥပဒေမူကြမ်း နှင့် ပတ်သက်၍ သုံးသပ်တင်ပြချက်။
12 October 2017
Article

မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာရေးကို ဦးစားပေးသည့် ခေတ်မီတိုးတက်သော မူဝါဒများကို အကောင်အထည်ဖော်နေခြင်းအတွက်ထက် တရားမဝင်မူးယစ်ဆေး အမြောက်အများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းဖြူ (ဟီးရိုးအင်း) သုံးစွဲသူဦးရေ မြင့်မားခြင်းအပါအဝင် အလွန်ကြီးမားလှသည့် မူးယစ်ဆေးပြဿနာများရှိနေခြင်းအတွက် ပို၍လူသိများလှပါသည်။ သို့ရာတွင် မကြာမီအချိန်အတွင်း ယင်းသို့သော အခြေအနေမှ အပြောင်းအလဲများရှိလာနိုင်ပါသည်။ 

ပြောင်းလဲတော့မည့် အရိပ်အယောင်

မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာရေးကို ဦးစားပေးသည့် ခေတ်မီ တိုးတက်သော မူဝါဒများကို အကောင်အထည်ဖော်နေခြင်းအတွက်ထက် တရားမဝင် မူးယစ်ဆေး အမြောက်အများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းဖြူ (ဟီးရိုးအင်း) သုံးစွဲသူဦးရေ မြင့်မားခြင်း အပါအဝင် အလွန်ကြီးမားလှသည့် မူးယစ်ဆေးပြဿနာများ ရှိနေခြင်းအတွက် ပို၍လူသိများလှပါသည်။ သို့ရာတွင် မကြာမီအချိန်အတွင်း ယင်းသို့သော အခြေအနေမှ အပြောင်းအလဲများရှိလာနိုင်ပါသည်။ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန အကြီးအမှူးဖြစ်သူ ရဲမှူးကြီး မြင့်အောင်က ပြောကြားရာတွင် “[မူးယစ်ဆေးဝါးသုံးစွဲမှု] ကို ရာဇဝတ်မှုပုံစံမျိုးထက် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ကိုင်တွယ်လုပ်ဆောင်ရန်” အတွက် ဥပဒေပိုင်း ဆိုင်ရာ အပြောင်းအလဲများဖော်ဆောင်ရန် စဉ်းစားနေပါသည်ဟု ယမန်နှစ်က မှတ်ချက်ပေးခဲ့ပါသည်။ များမကြာသေးမီကာလက တပ်မတော်မှ ခန့်အပ်ထားသည့် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်စိုးက လွှတ်တော်အမတ်တစ်ဦးအား “တားဆီးကာကွယ်ရေးနဲ့ တရားရေးဆိုင်ရာ မဟာဗျုဟာတွေက မူးယစ်ဆေးပြဿနာတွေကို ဖြေရှင်းဖို့ မလုံလောက်တဲ့အတွက် စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေ၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့ပါသည်။

မူးယစ်ဆေးဝါးပြဿနာများကို ကိုင်တွယ်ရာတွင် ဤသို့ပြောင်းလဲလာသည့်ချဉ်းကပ်မှုကို ဩဂုတ်လ ၁၆ ရက်နေ့တွင် အထက်လွှတ်တော် (“အမျိုးသားလွှတ်တော်”) က အတည်ပြု ပေးခဲ့သည့် ဥပဒေမူကြမ်းတစ်ခုတွင် ထင်ဟပ်စေခဲ့သည်။ ယင်းတွင် ၁၉၉၃ ခုနှစ် မူးယစ်ဆေ ၀ါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအား ပြင်ဆင်ချက်များကို ထည့်သွင်းထား ပြီး အထူးခြားဆုံးအချက်မှာ မူးယစ်ဆေးသုံးစွဲမှုအတွက် ထောင်ဒဏ် ချမှတ်ခြင်းကို ပယ်ဖျက်ရန် အကြံပြုထားသည်။ ထောင်များရှိ အကျဉ်းသား အားလုံး ၏ ၇၄ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ပြစ်မှုများဖြစ်ရာ၌ အများစုသည် အသေးစားပြစ်မှုများဖြစ်နေသဖြင့် မူးယစ်ဆေးသုံးစွဲသူအဖြစ်မှတ်ပုံတင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင်သော နိုင်ငံတစ်နိုင်ငံ အနေဖြင့် ယင်းခြေလှမ်းမှာ အရေးပါလှပါသည်။ သို့သော် မြန်မာနိုင်ငံ၏ မူဝါဒချမှတ်သူများအနေဖြင့် မူးယစ်ဆေးသုံးစွဲသူများကို ရာဇဝတ်မှုကျူးလွန်သူများ အဖြစ်ထက် အကူအညီ လိုအပ်နေသူများအဖြစ်ဖြင့် အမှန်တကယ်သာရှုမြင်ခဲ့လျှင်၊ ကိုယ်တိုင် အသုံးပြုရန်အတွက် မူးယစ်ဆေးဝါးအနည်းငယ်မျှ လက်ဝယ်ထားရှိမှုကို ထောင်ဒဏ်ချမှတ်ခြင်းမှ ကင်းလွတ်ခွင့်ကိုလည်း ထည့်သွင်းပေးရန် အရေးကြီးပါသည်။

ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO)များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း များစွာက မူးယစ်ဆေးဝါးသုံးစွဲမှုကို အပြစ်ဒဏ်ကင်းလွတ်ခွင့်အတွက် ဆွေးနွေး အကြံပြုတိုက်တွန်း နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလက အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့်စင်္ကြန်တစ်ခုဖြစ်သည့် မူးယစ်ဆေးဆိုင်ရာ မူဝါဒအကြံပြုဆွေးနွေးရေးအဖွဲ့ - မြန်မာ (DPAG) ကလည်း မူးယစ်ဆေးသုံးစွဲသူများ အတွက် ကျန်းမာရေး၊ ဘေးအန္တရာယ် လျော့ချ ရေး၊ မိမိသဘောဆန္ဒအလျောက် ကုသမှုရရှိစေရေး တိုးမြှင့်လုပ်ဆောင်စေရန် နှင့် မူးယစ်ဆေးသုံးစွဲမှု အတွက် ပြစ်ဒဏ်ချမှတ်မှုတို့ အဆုံးသတ်စေရန် တို့ကို အကြံပြုထားသည့် မူဝါဒသုံးသပ်ချက်တစ်ခုကိုလည်း ထုတ်ပြန် ခဲ့ကြပါသည်။ အမှန်ပင်လျှင် ကမ္ဘာတစ်ဝှမ်းလုံးမှ တွေ့ရှိချက် အထောက်အထား အများအပြား က ထောင်ချအပြစ်ပေးခံရမည်ကို ကြောက်ရွံ့မှုသည် မူးယစ်ဆေး သုံးစွဲမှုကို ထိရောက်စွာ ဟန့်တားနိုင်ခြင်းမရသကဲ့သို့ မူးယစ်ဆေးသုံးစွဲသူများ၏ ကျန်းမာ ရေး နှင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက်လည်း ထိခိုက်နစ်နာမှုများစွာ ဖြစ်စေပါသည်။

လက်ရှိ မူးယစ်ဆေးဝါးဥပဒေ ပြုပြင်ပြောင်းလဲမှုမှ မည်သည့် အကျိုးရလဒ်များ မျှော်လင့် နိုင်မည်လဲ။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် ထောင်ဒဏ်ကို ပယ်ဖျက်လိုက်ခြင်းနှင့် ပတ်သက်၍ ငြင်းခုန်ဆွေးနွေးစရာများစွာရှိလာနိုင်သည်မှာ သံသယဖြစ်စရာမရှိချေ။ မိဘများနှင့် ဆရာ/ဆရာမ များအပါအဝင် လူပေါင်းများစွာကလည်း အရေးကြီး၍ မေးသင့်သည့် မေးခွန်းတစ်ခုဖြစ်သည့် - မူးယစ်ဆေးသုံးစွဲသူမျာအား ဖမ်းဆီး၊ ထောင်ချခြင်းကို ရပ်တန့်လိုက်ပါက မည်သို့ ဆက်ဖြစ်လာနိုင်မည်နည်းဆိုသည်ကို မေးမြန်းလိုလျက်ရှိကြပါသည်။ နိုင်ငံအတွင်းရှိ လူငယ်များအကြား မူးယစ်ဆေးသုံးစွဲသူဦးရေပို၍ များပြားလာသည်ကို မြင်တွေ့နေကြရသည်လည်း မဟုတ်ပါလား။

ဤမေးခွန်းကို ဖြေကြားရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ အလားတူ ပြုပြင်ပြောင်းလဲမှုများ ကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်နေသည့် နိုင်ငံပေါင်း ၃၀ ကျော်တွင် ဖြစ်ပျက်နေသည့်အခြေအနေ များကို လေ့လာကြည့်ရန်ဖြစ်သည်။ ယင်းတို့အနက်မှ ပေါ်တူဂီနိုင်ငံဧ။် အကျိုးရလဒ်မျာမှာ သိသာထင်ရှားသည့်အတွက် နမူနာ ယူစရာပင်ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ပေါ်တူဂီအစိုးရက မူးယစ်ဆေးသုံးစွဲမှုကို ပြစ်ဒဏ်ချမှတ်ခြင်းပြုတော့မည် မဟုတ် ကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများအတွက် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည့်အကြောင်းကို ကြေညာခဲ့သည်။အတိုက်အခံများက အစိုးရ၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာဝေဖန်ခဲ့ကြပြီး၊ လူငယ်များအကြား မူးယစ်ဆေး သုံးစွဲသူ ဦးရေ အဆမတန်မြင့်မားလာနိုင်ပြီး၊ ပေါ်တူဂီနိုင်ငံသည် “မူးယစ်ဆေးသုံးစွဲရန် လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များ” အတွက် နိဗ္ဗာန်ဘုံတစ်ခုအဖြစ်သို့ပင် အသွင်ပြောင်းလာနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။ ၁၅ နှစ်ကျော်မျှ ကြာပြီးနောက် ယင်းခန့်မှန်းချက်များအားလုံး မဖြစ်လာခဲ့သည် ကို တွေ့လာခဲ့ရပါသည်။ ထိုသို့ဖြစ်ရမည့်အစား၊ ပေါ်တူဂီ၏မူဝါဒကို အပြုသဘောဆောင်သည့် အကျိုးရလဒ်များစွာရှိခဲ့သောကြောင့် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးမူဝါဒများအနက်မှ တစ်ခု အဖြစ် အသိအမှတ်ပြုလက်ခံခဲ့ကြသည်။ ယင်းအကျိုးရလဒ်များမှာ မူးယစ်ဆေးသုံးစွဲသူများနှင့် ပြဿနာရှိသည့် မူးယစ်ဆေးသုံးစွဲသူများ (အထူးသဖြင့် ဆယ်ကျော်သက်များ အကြား) အရေ အတွက် ကျဆင်းလာသည်နှင့် တပြိုင်နက်မှာပင် အိတ်ခ်ျအိုင်ဗွီနှင့်သွေးမှ တဆင့်ကူးစက် သည့်အခြားရောဂါများ ကူးစက်မှုချက်ခြင်းကျဆင်းသွားခြင်း၊ အလွန်အကျွံသုံးစွဲ၍ သေဆုံးသူဦးရေ နည်းပါးသွားခြင်း၊ ဆေးမှီခိုစွဲလန်းမှု ကုသရေးအစီအစဉ်တွင် ပါဝင်လာသည့် မူးယစ်ဆေးသုံးစွဲသူ အရေအတွက် သိသိသာသာများလာခြင်းတို့ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ရာဇဝတ်မှုဖြင့်တရားရင်ဆိုင်နေရသူများ သိသိသာသာ လျော့ကျသွားခဲ့ပြီး မူးယစ်ဆေးသုံးစွဲမှု၊ အထူးသဖြင့် အသေးအဖွဲခိုးမှုများနှင့် ပတ်သက်သည့် ရာဇဝတ်မှုများ ကျဆင်းသွားခဲ့သည်။

လက်တင်အမေရိကနိုင်ငံများစွာတွင်လည်း အလားတူရည်ရွယ်ချက်များဖြင့် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုလုပ်ဆောင်ပြီး မူးယစ်ဆေးသုံးစွဲမှုကို ရာဇဝတ်မှုအဖြစ်မှ ဖယ်ရှားခဲ့သည်။ အရှေ့ တောင်အာရှတွင် အိမ်နီးချင်းထိုင်းနိုင်ငံသည်လည်း ထောင်တွင်းတွင် လူများ အလွန်များပြား ကြပ်ညပ်နေမှုကို လျော့ချရန်နှင့် မူးယစ်ဆေးသုံးစွဲမှုနှင့် ဆက်စပ်သည့် ပြဿနာများကို ပို၍ ထိရောက်စွာ အရေးယူတုန့်ပြန်နိုင်ရန် အလားတူ အပြောင်းအလဲများ လုပ်ဆောင်ရန် စဉ်းစားလျက် ရှိသည်။ ၂၀၁၆ခုနှစ် UNGASS (ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မူးယစ်ဆေးဝါးဆိုင်ရာ အထူးဆွေးနွေးပွဲ) မှ ထွက်ရှိလာသည့် ဆွေးနွေးချက်စာတမ်းနှင့် ကိုက်ညီမှုရှိသည့် ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေးဆိုင်ရာချဉ်းကပ်မှုတစ်ခုအဖြစ် ဦးစားပေးလုပ်ဆောင်ရန် မြန်မာ၏ ဆုံးဖြတ်ချက်သည် ဒေသအတွင်း နိုင်ငံအချို့ နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ကျင့်သုံးနေသည့် အကြမ်း ဖက်ဖြေရှင်းလုပ်ဆောင်မှုများ ပိုမိုများပြားလာခြင်းနှင့် မူးယစ်ဆေးကို ထိုးစစ်ပုံစံဖြင့် အကြမ်း နည်းသုံး တိုက်ဖျက်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေမှုများနှင့် လုံးဝဖီလာဆန့်ကျင်နေပြီး အလွန်အားရကျေနပ်စရာကောင်းသည့် အရွေ့ တစ်ခုလည်းဖြစ်သည်။၁၀

မတူညီသည့် နောက်ခံအခြေအနေ အမျိုးမျိုးရှိနေသည်မှာ အမှန်ပင်ဖြစ်ပြီး ပြင်ဆင်ချမှတ်လိုက်သည့် မူဝါဒအပြောင်းအလဲတစ်ခု၏ အကျိုးသက်ရောက်မှုကို မျှော်မှန်းကြည့်ရန်မှာ အမြဲလိုပင် အခက်အခဲရှိပါသည်။ သို့သော် ကမ္ဘာပေါ်တွင် တွေ့ကြုံခဲ့သည့် အဖြစ်အပျက်အမျိုးမျိုးက ရာဇဝတ်ကြောင်းအရ ပြစ်ဒဏ်ချမှတ်ခြင်း၏ ဆိုးကျိုးများသည် ရာဇဝတ်မှုအဖြစ်မှဖြေလျှော့ပေးလိုက်သည့် အကျိုးဆက်များထက် အဆမတန်များပြားနေသည်ကို ရှင်းရှင်းလင်းလင်း ပြသလျက်ရှိသည်။၁၁ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရ၏ မူးယစ်ဆေးသုံးစွဲမှုအတွက် ထောင်ဒဏ်အပြစ်ပေးခြင်းကို ပယ်ဖျက်ရန် ရည်ရွယ်သည့် သတင်းကောင်းအား သောင်းသောင်းဖြဖြ ကြိုဆိုကြရပေမည်။

အဆိုပြုခဲ့သည့် အပြောင်းအလဲများကို သေချာစွာလေ့လာကြည့်မည်ဆိုပါက အထက်လွှတ်တော်မှ မကြာသေးမီက အတည်ပြုခဲ့သည့် ဥပဒေမူကြမ်းတွင် ပြဿနာဖြစ်နိုင်သည့် အစိတ်အပိုင်းများပါရှိ နေသေးသည်ကိုမူ တွေ့ရှိရသည်။ အထူးသဖြင့် အထူးဂရုပြုရန် လိုအပ်သည့် အချက်လေးချက် ရှိနေပါသည်။ ယင်းတို့မှာ ကိုယ်တိုင်သုံးစွဲရန်အတွက် မူးယစ်ဆေးလက်ဝယ်ရှိမှုကို ဆက်လက်၍ ပြစ်ဒဏ်ပေးခြင်း၊ မူးယစ်ဆေးသုံးစွဲသူများအား မဖြစ်မနေဆေးကုသမှု အတင်းအကျပ်ခံယူစေခြင်း၊ တစ်နိုင်တစ်ပိုင် ဘိန်းစိုက်ပျိုးသည့် တောင်သူများကို ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ခြင်းနှင့် မူးယစ်ဆေးနှင့်ဆက်စပ်သည့် ပြစ်မှုများအတွက် သေဒဏ်ကိုအသုံးပြုနိုင်သည့် အခြေအနေများ ဆက်လက်ရှိနေခြင်း တို့ဖြစ်သည်။

ကံအားလျော်စွာပင် ယင်းအချက်များကို ထပ်လောင်းပြင်ဆင်ရန်မှာ အချိန်မလွန်သေးချေ။ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် ဦးစားပေးစဉ်းစားရန်မဖြစ်မနေလိုအပ်သည့် စံချိန်စံညွှန်းနှင့် ညီညွတ်သည့် ပြုပြင်ပြောင်းလဲမှုများကို အောက်တွင် ဆက်လက် အကြံပြုဖော်ပြ ပေးထားပါသည်။ ယင်းအကြံပြုချက်များက နိုင်ငံအတွင်းရှိ မူးယစ်ဆေး၏ ဒုက္ခမျိုးစုံကို ခံစား နေကြရသည့် ထောင်သောင်းချီသည့်လူများ၏ ဘဝများကို များစွာတိုးတက်ကောင်းမွန်လာ စေရန်အတွက် ကူညီထောက်ပံ့ပေးနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

ထပ်လောင်း၍ အကြံပြုလိုသည့် ပြင်ဆင်ချက်များ

မူးယစ်ဆေးသုံးစွဲမှုနှင့် ကိုယ်တိုင်သုံးစွဲရန် လက်ဝယ်ထားရှိမှုအတွက် ထောင်ဒဏ်အပြစ် ပေးခြင်းကို ပယ်ဖျက်ခြင်း - ပြီးပြည့်စုံသည့် ပြည်သူ့ကျန်းမာရေးအစီအစဉ်အတွက် အခြေခံ ကျသည့် အချက်တစ်ချက်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မူးယစ်ဆေးသုံးစွဲရုံ သက်သက် အတွက် ထောင်ဒဏ်ပြစ်ဒဏ်များကို ဖယ်ရှားသည့် ပြောင်းလဲမှုများကို အတည်ပြုပေးခဲ့ကြသည်။ မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ ရယူနိုင်စေရန်အတွက်ကြိုးပမ်းချက် တစ်ခုအဖြစ်လုပ်ဆောင်ခဲ့သည်ဟု အတည်ပြုပြောကြားခဲ့ကြသည်။ မူးယစ်ဆေးသုံးစွဲသူများအား တစ်ကိုယ်ရေသုံးအတွက် မူးယစ်ဆေးအနည်းငယ်လက်ဝယ်ထားရှိရန် ကင်းလွတ်ခွင့်ပြု ထားသည့်ပြဋ္ဌာန်းချက်တစ်ခုကို ဥပဒေမူကြမ်းတွင် ကနဦး၌ထည့်သွင်းထားသော်လည်း လွှတ်တော် ဆွေးနွေးမှုအပြီး၌ ပြန်လည်ပယ်ဖျက်ခဲ့ပါသည်။ ဤသို့မျှော်လင့်မထားခဲ့သည့် ဆုံးဖြတ်ချက်သည် ပြုပြင်ပြောင်းလဲမှုတစ်ခုလုံးကို ကံအကြောင်းမလှစွာ ပျက်စီးစေနိုင်မည်ဖြစ်သည်။ အမှန်စင်စစ် ဤလုပ်ရပ်သည် ဥပဒေမူကြမ်း၏ မူလရည်မှန်းချက်ဖြစ်သည့် အကြိမ်ကြိမ်အထပ်ထပ်ကြွေးကြော်ခဲ့သည့် ပြစ်မှုဆိုင်ရာ တရားစီရင်ရေးထက် ပြည်သူ့ကျန်းမာရေးကို ဦးစားပေးမည်ဆိုသည်နှင့် လုံးဝဖီလာဆန့်ကျင်ဖြစ်နေခဲ့ပါသည်။ မူဝါဒချမှတ်သူများအနေဖြင့် မူးယစ်ဆေးသုံးစွဲမှုအတွက် ထောင်ဒဏ်ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြင့် ပြင်းထန်သည့်ပြစ်ဒဏ်ချမှတ်မှုသည် မူးယစ်ဆေးသုံးစွဲသူများ အနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု ရယူခြင်းအတွက် အတားအဆီးတစ်ခုအဖြစ်ဖြင့် အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင်၊ ယင်း ကင်းလွတ်ခွင့်သည် ကိုယ်တိုင်သုံးစွဲရန်အတွက် မူးယစ်ဆေး အနည်းအကျဉ်းလက်ဝယ်ထားရှိမှု နှင့်လည်း အကြုံးဝင်ပါသည်။ အမှန်တွင် မူးယစ်ဆေးသုံးစွဲခြင်းတွင် ပထမဆုံးအနေဖြင့် လက်ဝယ် ထားရှိမှုလည်း ပါဝင်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ပေးထားသည့် ကိုယ်တိုင် သုံးသည် ဟု လက်ခံနိုင်လောက်အောင် အများဆုံးရှိနိုင်သည့် ပမာဏသည် ရဲနှင့် တရားသူကြီးများကို သုံးစွဲသူသက်သက်နှင့် အရောင်းအဝယ်လုပ်သူများကို ခွဲခြားသိသာနိုင်ရန် ထိရောက်စွာ အထောက်အကူပြုနိုင်ပြီး ယင်းသို့ပြုလုပ်ခြင်းက ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လာခြင်းကို လည်း တားဆီးဟန့်တားပေးနိုင်ပါသည်။

မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် သူတို့ကိုယ်တိုင်သုံးစွဲရန်အတွက် ပမာဏအနည်းငယ် လက်ဝယ်ရှိရုံမျှဖြင့် နှစ်ပေါင်းများစွာထောင်သွင်းအကျဉ်းကျနိုင်သည့် အန္တရာယ်က ပြည်သူ့ ကျန်းမာရေးမျက်နှာစာတွင်သိသာထင်ရှားသည့် မည်သည့် အကျိုးရလဒ်ကိုမျှ မျှော်လင့် စေနိုင်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် မဝေးတော့မည့်အနာဂတ်တွင် ဥပဒေမူကြမ်း ကို ဆွေးနွေးမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကနဦးကင်းလွတ်ပေးခဲ့သည့် အပိုဒ်ကို ပြန်လည်ထည့်သွင်းရေးသည် ပြုပြင်ပြောင်းလဲရေး၏ အောင်မြင်မှုအတွက် အလွန်အရေးကြီးလှပါသည်။

မိမိသဘောဆန္ဒအလျောက် ဆေးကုသမှုခံယူနိုင်စေရန် အားပေးမြှင့်တင်ခြင်း

ဥပဒေ၏ ဦးစားပေးနယ်ပယ်တစ်ခုဖြစ်သည့် ပြည်သူ့ကျန်းမာရေးအပေါ် အလေးထားမှုသည် ကြိုဆိုရမည့် တိုးတက်မှုတစ်ခုပင်ဖြစ်သည်။ သို့သော် အထက်လွှတ်တော်မှ အတည်ပြုခဲ့သည့် ဥပဒေမူကြမ်းတွင် မူးယစ်ဆေးသုံးစွဲနေသူများအားလုံးအနေဖြင့် ဆေးကုသမှုခံယူရန် လိုအပ်သည်ဟု ပါရှိနေ ပါသည်။ (အပိုဒ် ၉၊ အပိုဒ်ခွဲ က)၊ “မူးယစ်ဆေးသုံးစွဲသူအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် ဌာန သို့မဟုတ် ကျန်းမာရေး ဌာနများတွင် ယင်းအတွက်ဆေးကုသမှုခံယူရမည်။” ဤနေရာတွင် ပြဿနာဖြစ်နိုင်သည့် အကြောင်းရင်း နှစ်ချက်ရှိပါသည်။

ပထမအနေဖြင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို အသုံးပြုမှုသည် အန္တရာယ်ဖြစ် စေနိုင်သည့် အလားအလာများရှိနိုင်သော်ငြားလည်း၊ လက်တွေ့တွင် အသုံးပြုသူအများစုသည် မူးယစ်ဆေးသုံးစွဲမှု၏ ပြင်းထန်သောဆိုးကျိုးကို မည်သို့မျှ မကြုံတွေ့ရဘဲ တချိန်ချိန် တွင် သူတို့ဘာသာ သုံးစွဲချင်စိတ်ကုန်သွားနိုင်သည်ဟု ဆေးသိပ္ပံပညာကဆိုထားပါသည်။ UNODC က မူးယစ်ဆေးသုံးစွဲမှုမှ ပြဿနာဖြစ်စေသည့်ပုံစံမျိုး သို့မဟုတ် မူးယစ်ဆေးအပေါ် လုံးဝမှီခိုသူ ဦးရေမှာ မူးယစ်ဆေးသုံးစွဲသူ စုစုပေါင်း၏ ၁၀%မျှလောက်သာရှိသည်ဟု ခန့်မှန်းပါသည်။၁၂ အမှန်တွင် မူးယစ်ဆေးသုံးစွဲမှုမှာ အန္တရာယ်မရှိနိုင်ဟု မဆိုလိုဘဲ အန္တရာယ်ရှိနေသည့် အဖြစ် အပျက်များလည်း များစွာပင်ရှိနေပါသည်။ သို့ရာတွင် ဆေးကုသမှုကို မူးယစ်ဆေးသုံးစွဲသူအများစု အနေဖြင့် မလိုအပ်လှပါဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ပြဿနာရှိသည့် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် အလွန်အမင်းမှီခိုစွဲလန်း နေသူများကဲ့သို့သော လိုအပ်နေသူများကိုသာ ဆေးဝါးကုသပေးသင့်ပါသည်။

မဖြစ်မနေ ဆေးကုသမှုခံယူသင့်သည်ဆိုသည့်အချက်မှာ ပြဿနာဟုဆိုရသည့် ဒုတိယ အကြောင်းရင်းမှာ လူ့အခွင့်အရေးများကို လုံးဝဖောက်ဖျက်ကျုးလွန်သည့်အဖြစ်မျိုးသို့ ရောက်သွား စေနိုင်ပါသည်။ ဗီယက်နမ်၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် လာအို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံများစွာတွင် ထိုအကြောင်းပြချက်ဖြင့် အထူးပြုလုပ်ထားသည့် ဂေဟာများတွင် မူးယစ်ဆေးသုံးစွဲသူများကို မဖြစ်မနေ ဆေးကုသမှုခံယူစေခြင်းကို နှစ်ပေါင်းများစွာ အလေးထားလုပ်ကိုင်ခဲ့ပါသည်။ ဥပမာအားဖြင့် ဗီယက်နမ်နိုင်ငံတွင် ၂၀၀၉ခုနှစ်၌ ထောင်ဒဏ်ချမှတ်ခြင်းအစား မူးယစ်ဆေးဖြတ်သည့် ပြန်လည် ထူထောင်ရေးစခန်းများတွင် မဖြစ်မနေဆေးကုသမှုခံယူခြင်းနှင့် အစားထိုးလုပ်ဆောင်ခဲ့ပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ဗီယက်နမ်အစိုးရသည် မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် အသုံးအနှုံးမျိုးနှင့်ပင် မူးယစ်ဆေးသုံးစွဲသူများကို ‘ရာဇဝတ်သားများ’ အစား ‘လူနာများ’ အဖြစ် ယူဆရမည်ဟု ပြောကြားခဲ့ကြသည်။ လက်တွေ့တွင် ပြောင်းလဲမှု ပုံစံသစ်သည် မူးယစ်ဆေးသုံးစွဲ သူများကို ကုသမှုခံယူရမည်ဆိုသည့် အမည်ခေါ်ဆိုပြောင်းလဲမှုအောက်တွင် ပုံစံပြောင်း၍ ဖမ်းဆီးထိန်းသိမ်းထားလျက် ဖိနှိပ်သည့်မူဝါဒများကိုသာလျှင် ဆက်လက်သုံးစွဲခြင်းမျိုး ဖြစ်ခဲ့ပါသည်။၁၃ လူ့အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုများ၊ ရိုက်နှက်မှုများနှင့် လူမဆန်သည့် ကုသမှုများကိုလည်း အစီရင်ခံဖော်ပြထားပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ဖမ်းဆီးခံထားရသူများ၏ ကျန်းမာရေးအန္တရာယ်ရှိလာမှုကြောင့် ထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန်အတွက် ၂၀၁၂ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့အစည်းပေါင်း ၁၂ ခုက မူးယစ်ဆေးဖြတ်စခန်းနှင့် ပြန်လည်ထူထောင်ရေးစခန်းများ အားလုံးကို ချက်ခြင်း ပိတ်ပစ်ရန် မကြုံစဖူး တောင်းဆိုမှုတစ်ခုကို ပြုလုပ်ရသည်အထိ ဖြစ်ခဲ့ပါသည်။၁၄

ထို့အပြင်၊ မဖြစ်မနေ ဆေးကုသမှုခံယူစေခြင်းက အလွန်ပင် မထိရောက်လှကြောင်း သက်သေသာဓကများလည်း ရှိပါသည်။ တရုတ်၊ ကမ္ဘောဒီးယား သို့မဟုတ် ဗီယက်နမ် နိုင်ငံများရှိ မဖြစ်မနေဆေးကုသမှုခံယူစေသည့်စခန်းများမှ ပြန်ထွက်လာသူများအနက် ပြန်လည်သုံးစွဲ သည့်နှုန်းမှာ ၉၀% အထိမြင့်မားသည်ဟု အစီရင်ခံဖော်ပြထားသည်။၁၅ ခြုံကြည့်လျှင် ဤနည်းလမ်း၏ အားနည်းချက်များမှာ အလွန်ပြင်းထန်ဆိုးရွားလှသဖြင့် ဗီယက်နမ်အစိုးရ အနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် တစိတ်တပိုင်းအနေဖြင့် ရုတ်သိမ်းခဲ့ပြီး ထိန်းသိမ်းရေးစခန်းများတွင် မဖြစ်မနေဆေးကုခံရခြင်းမှ ရပ်ရွာအခြေပြု အခြေအနေများတွင် မိမိသဘောဆန္ဒအလျောက် ဆေးကုသမှုခံယူခြင်းသို့ စတင်ပြောင်းလဲခဲ့သည်။

အတင်းအကျပ်ဆေးဝါးကုသမှု ခံယူစေခြင်းကြောင့် ပေါ်ပေါက်လာသည့် ဆိုးကျိုးများက မြန်မာနိုင်ငံရှိ မူဝါဒချမှတ်သူများအား ဒေသအတွင်းရှိ အခြားနိုင်ငံများကဲ့သို့သော အလားတူအမှားမျိုး ထပ်မံကျုးလွန်မိခြင်းမရှိစေရန် သတိပေးနေသကဲ့သို့ရှိနေပါသည်။ ကံအားလျော်စွာပင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာအခန်းများပါ စကားလုံး အသုံးအနှုံးများကို ပြန်လည်သုံးသပ်နိုင်ခွင့်ရှိသေးပြီး ဆေးကုသမှုကို သဘာဝအတိုင်း မိမိဆန္ဒအလျောက်ဟု ဆက်လက်ထားရှိစေနိုင်ပါသေးသည်။ ဆေးကုသမှုကို မဖြစ်မနေ လုပ်ဆောင်စေမည့်အစား အစိုးရအနေဖြင့် မိမိသဘောဆန္ဒအလျောက်ဆေးကုသမှုရယူခြင်း၊ သတင်းအချက်အလက်၊ နှစ်သိမ့်ဆွေးနွေးမှုခံယူခြင်းနှင့် အန္တရာယ်လျော့ချရေးဆိုင်ရာ ဝန်ဆောင်မှုများကို လိုအပ်သည့် မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် ပို၍ လွယ်ကူစွာ ရယူနိုင်စေရန် ကြိုးပမ်းမှုများအပေါ် အလေးထားလုပ်ဆောင်ပေးသင့်ပါသည်။

ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ဖွံ့ဖြိုးရေးကို ဦးတည်သည့်နည်းလမ်းကို ဦးစားပေး ခြင်း

အထက်လွှတ်တော်မှ အတည်ပြုခဲ့သည့် ဥပဒေမူကြမ်း၏ နောက်ထပ် ဆိုးရွားလှသည့် အားနည်းချက်မှာ တစ်နိုင်တစ်ပိုင်စားဝတ်နေရေးအတွက် စိုက်ပျိုးသော ဘိန်းစိုက်တောင်သူများ၏ ဘဝအခြေအနေကို ကိုင်တွယ်ဖြေရှင်းပေးရန် မပါဝင်သည့်အချက်ပင်ဖြစ်သည်။ ဤကိစ္စ နှင့်ပတ်သက်ပြီး မည်သည့်အပြောင်းအလဲ သို့မဟုတ် ပြင်ဆင်မှုမျိုးကိုမျှ အဆိုမပြုခဲ့ဘဲ စိုက်ပျိုးသည့်ပမာဏ သို့မဟုတ် ပြစ်မှုဆိုင်ရာအခြေအနေ မည်သို့ဖြစ်စေ ဘိန်းစိုက်ပျိုးမှု အတွက် အနည်းဆုံး ၅ နှစ်မှ ၁၀နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးသူ အများစုမှာ ရာဇဝတ်မှုကျူးလွန်သူများမဟုတ်ဘဲ စားဝတ်နေရေး ပြေလည်စေရန် နည်းလမ်းတစ်ခု အဖြစ်ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများဖြစ်သည်ဟု သိရှိထားကြပါသည်။၁၆ လယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများအနက်မှ အချို့ မျှသာဖြစ်သည့် ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ လက်နက်ကိုင် ပဋိပက္ခ၊ အခြေခံအဆောက်အအုံများမရှိမှု၊ မြေသိမ်းဆည်းခြင်း သို့မဟုတ် ရေရှည်လုပ်နိုင်မည့် စီးပွားရေးအခွင့်အလမ်းများ မရှိခြင်းစသည်တို့ကို မကိုင်တွယ်ဘဲ နှစ်ရှည်ထောင်သွင်း အကျဉ်းချရန် ပြဋ္ဌာန်းခြင်းသည် လက်တွေ့မကျသကဲ့သို့ မတရားလွန်းရာ လည်းကျပါသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျင့်သုံးနေသည့် စနစ်ကောင်းတစ်ခု၊ အလွန်ကောင်းမွန်သည့် နမူနာတစ်ခုမှာ ထိုင်းနိုင်ငံ၏လုပ်ဆောင်ချက်ပင်ဖြစ်ပါသည်။ ၁၉၆၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သော ဘုရင်ကြီး ဘူမိဘောလ် အဒူယဒက် (Bhumibol Adulyadej) လက်ထက်က ထိုင်းနိုင်ငံ အစိုးရသည် ဘိန်းစိုက်ပျိုးသည့်ဒေသများရှိ ကုန်းမြေမြင့်တွင်နေထိုင်သည့်သူများအား ခေတ်မီ စိုက်ပျိုးရေး၊ ဈေးကွက်ရှာဖွေပေးခြင်းနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများဖန်တီးပေးလျက် ဖွံ့ဖြိုးရေးစီမံချက်များတွင် များစွာရင်းနှီးမြှုပ်နှံပေးခဲ့ပါသည်။ ‘ပူဖေါင်း အကျိုးဆက် (ballon effect)’ အဖြစ် ခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံအပါအဝင် အခြားဒေသများတွင် ဘိန်းစိုက်ပျိုးမှုကို ရွှေ့ ပြောင်းစိုက်ခဲ့ခြင်းကြောင့် တစိတ်ဒေသပါဝင်နိုင်သော်လည်း ၁၉၈၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၈၀% နီးပါး အထိကျဆင်းခဲ့သည်။ လယ်သမားများကို အပြစ်ပေးခြင်းနှင့် ဖမ်းဆီးခြင်းတို့မှာ မရှိသလောက်နည်းပါးပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကာလ ပထမ ၁၅နှစ်ကြာပြီးမှသာ အတင်းအကြပ် ဖျက်သိမ်းမှုကို စတင်လုပ်ဆောင်ခဲ့သည်။ ယနေ့ခေတ်တွင် ထိုင်းနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုမှာ အလေးဂရုပြုစရာမလိုသည့် အဆင့်သို့ပင် ကျဆင်းခဲ့ပြီဖြစ်သည်။၁၆

ရေရှည်တည်တံ့ခိုင်မြဲနိုင်သည့် အခြားအသက်မွေးလမ်းကျောင်း လုပ်ငန်းများမရှိဘဲ တစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် စိုက်ပျိုးမှုကြောင့် ထောင်ဒဏ်ချမှတ်ခြင်းကို ပယ်ဖျက်ပေးရန် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လေးလေးနက်နက် စဉ်းစားသင့်ပါသည်။ စိုက်ပျိုးမှု မြင့်တက်လာနိုင်မှုကို တားဆီးနိုင်ရန် ဘိန်းစိုက်တောင်သူ အသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များ နှင့် တိုင်ပင်ဆွေးနွေးလျက် အာဏာပိုင်များက ကန့်သတ်ချက်များ နှင့် လိုက်နာရမည့် စည်းကမ်းများကိုလည်း ချမှတ်ပေးနိုင်ပါသည်။ စီးပွားဖြစ်စိုက်ပျိုးသူများနှင့် ရင်းနှီးမြှုပ်နှံသူများကို ခွဲခြား၍ တစ်နိုင်တစ်ပိုင် စားဝတ်နေရေး အတွက် စိုက်ပျိုးသူများကို ထောင်ဒဏ်ချမှတ်မည့်အစား အနည်းဆုံး၊ အနည်းငယ်ပျော့ပြောင်းပြီး ပိုပြီးသင့်တင့်မျှတသည့် ပြစ်ဒဏ်များကို စဉ်းစားပေးသင့်ပါသည်။ ခြုံ၍ဆိုရလျှင် အခြေခံစားဝတ်နေမှုဘဝအတွက် တရားမဝင် မူးယစ်ဆေးဝါး စီးပွားရေးလုပ်ဆောင်မှုအတွက် အစိုးရအနေဖြင့် လယ်သမားတစ်ဦးကို ပြစ်ဒဏ်မချနိုင်မီ လုံလောက်ပြီး ရေရှည်တည်တံ့နိုင်သည့် ဖွံ့ဖြိုးရေးဆိုင်ရာ ပံ့ပိုးမှုမျိုးပေးသင့်ပါသည်။

မူးယစ်ဆေးနှင့် ပတ်သက်သည့် ပြစ်မှုများအတွက် သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းခြင်း

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ အသုံးမပြုသော်လည်း သေဒဏ်ကို မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု များ၏ အချို့ သောကဏ္ဍများအတွက် ဆက်လက်ထားရှိထားပါသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မူးယစ်ဆေးဆိုင်ရာ ပြစ်မှုများအတွက် သေဒဏ်အသုံးပြုခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် မကိုက်ညီ၊ မျှတမှုမရှိကြောင်း ဖော်ပြလိုပါသည်။ အမှန်တွင် အဓိက နိုင်ငံတကာ လူ့ အခွင့်အရေး သဘောတူစာချုပ်တစ်ခုဖြစ်သည့် အရပ်သားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်က အသက်သေစေခြင်း သို့မဟုတ် တမင်တကာ သတ်ဖြတ် ခြင်းနှင့် သက်ဆိုင်သည့် ပြစ်မှုတစ်ခုအဖြစ်ဖြင့် သတ်မှတ်နိုင်သည့် “ကြီးမားပြင်းထန်သည့် ရာဇဝတ်မှု” အတွက်သာ သေဒဏ်ကို ချမှတ်ရန် ကန့်သတ်ထားပါသည်။ တနည်းအားဖြင့် ဆိုရလျှင် မူးယစ်ဆေးနှင့်ပတ်သက်ပြီး ကျုးလွန်သည့် ပြစ်မှုများကို မည်သည့်သဘောသဘာဝ သို့မဟုတ် အတိုင်းအတာဖြင့်ဖြစ်စေ၊ နိုင်ငံတကာဥပဒေအရ ကြီးမားဆုံးသော ပြစ်မှုတွင် အကြုံး မဝင်ချေ။ ထို့အပြင် မူးယစ်ဆေးနှင့် ပတ်သက်သည့် ပြစ်မှုများအတွက် သေဒဏ် အသုံးပြုမှုသည် နိုင်ငံတကာ မူးယစ်ဆေးထိန်းချုပ်မှုသဘောတူစာချုပ်များပါ ရည်ရွယ်ချက်များနှင့်လည်း မညီညွတ် ချေ။၁၇ နောက်ဆုံးအနေဖြင့် မူးယစ်ဆေးဆိုင်ရာပြစ်မှုများအတွက် သေဒဏ်ပေးသည့်နိုင်ငံများတွင် ပင် တားမြစ်ကာကွယ်နိုင်သည့် ရလဒ်ပေးနိုင်သည့် အထောက်အထားမျိုးကို မတွေ့ရချေ။၁၈ မူးယစ် ဆေးနှင့်ပတ်သက်သည့် ပြစ်မှုများအတွက် သေဒဏ်ပေးနိုင်သည့် ရွေးချယ်မှုကို ဥပဒေတွင် ဆက်လက်ထားရှိခြင်းသည် အမှန်တကယ်ပင် လွယ်ကူစွာ လက်ခံကျင့်သုံးနိုင်စေပါသည်။ ထို့အတွက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာချမှတ်သူများအား သက်ဆိုင်ရာ အခန်းကို ပြန်လည် စဉ်းစားသုံးသပ်ရန်နှင့် ယင်းပြစ်မှုများအတွက် သေဒဏ်ချမှတ်ခြင်းကို ဖျက်သိမ်းပေးရန် လေးလေး နက်နက် တိုက်တွန်းအပ်ပါသည်။

ရှေ့ လုပ်ငန်းစဉ် - ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း

ဥပဒေသက်သက်ကို ပြန်လည်သုံးသပ်ခြင်းထက် ကျော်လွန်၍ မြန်မာအစိုးရအနေဖြင့် စီမံကိန်း ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ထိရောက်စွာလုပ်ဆောင်ရန်မှာလည်း တန်းတူအရေးကြီးလှပါ သည်။ မူးယစ်ဆေးသုံးစွဲသူများနှင့် ဘိန်းစိုက်ပျိုးသည့် လူမှုအသိုင်းအဝန်းများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်များ၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ လုပ်ငန်းများအတွက် လုံလောက်သည့် ငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းမရှိဘဲ ပြဿနာရှိသည့် မူးယစ်ဆေးသုံးစွဲမှုနှင့် မူးယစ်ဆေးထုတ်လုပ်မှုကြောင့် ပေါ်ပေါက်လာသည့် အန္တရာယ်များကို ထိထိရောက်ရောက် လျှော့ချနိုင်လိမ့်မည်မဟုတ်ပါ။

အန္တရာယ်လျော့ချရေးလုပ်ငန်းများကို ပံ့ပိုးကူညီ၍ မူးယစ်ဆေးသုံးစွဲသူများအား မိမိသဘော ဆန္ဒအလျောက် အထောက်အထားအပေါ် အခြေပြုသည့် ဆေးဝါးကုသမှုခံယူနိုင်စေရန် အားပေးမြှင့်တင်ခြင်း

မြန်မာနိုင်ငံတွင် တရားမဝင် မူးယစ်ဆေးသုံးစွဲမှုနှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာအန္တရာယ် များအနက် တစ်ခုမှာ မသန့်ရှင်းသည့် ဆေးထိုးအပ်များဖြင့် ထိုးသွင်းသည့် အလေ့အကျင့်များ ကြောင့် ကူးစက်သည့် အိတ်ခ်ျအိုင်ဗွီနှင့် အခြားသွေးကြောင့်ဖြစ်သည့် ရောဂါများပင် ဖြစ်နေပါသေး သည်။၁၉ ဤအရေးပေါ်အခြေအနေကို တုန့်ပြန်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် (၂၀၁၆ - ၂၀၂၀) တတိယမြောက် နိုင်ငံတော်အဆင့် မဟာဗျုဟာ လုပ်ငန်းစဉ်၏ အဓိကဦးစားပေး လုပ်ငန်းတစ်ခုအဖြစ်ဖြင့် မူးယစ်ဆေး အကြောထဲထိုးသွင်းသူများ အတွက် အန္တရာယ်လျော့ချသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ထည့်သွင်းထားခဲ့ပါသည်။ ပြည်တွင်း နှင့် နိုင်ငံတကာ NGO များက မူးယစ်ဆေးသုံးစွဲမှုအများဆုံး ဒေသများတွင် ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များ လဲလှယ်ပေးခြင်း စီမံကိန်းများ သို့မဟုတ် အိတ်ခ်ျအိုင်ဗွီပိုးရှိမရှိ ဆေးစစ် ပေးခြင်း နှင့် ကုသပေးခြင်းကဲ့သို့သော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင် ပေးလျက်ရှိပါသည်။ သို့ရာတွင် လုပ်ဆောင်နိုင်မှုအခြေအနေမှာ များစွာ လိုအပ်ချက်များရှိနေသေးပြီး ယင်းဝန်ဆောင်မှုလုပ်ငန်းများကို ရယူရန် ကြိုးစားရာတွင် မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် များစွာသော အတားအဆီးများရှိနေပါသေးသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အန္တရာယ်လျော့ချမှု အစီအစဉ်များကို ပုံမှန်ထောက်ပံ့မှုပေးနေသည့် နိုင်ငံတကာ အလှူရှင် များစွာကလည်း သူတို့၏ ငွေကြေးဆိုင်ရာ ပံ့ပိုးကူညီမှုကို များစွာလျော့ချရန် ရည်ရွယ်ချက်ရှိကြောင်း ကြေညာခဲ့ပါသည်။၂၀ ဤအခြေအနေတွင် မြန်မာအစိုးရအနေဖြင့် နိုင်ငံတွင် အန္တရာယ်လျော့ချရေး ဝန်ဆောင်မှုလုပ်ငန်း များကို အလုံအလောက်ပေးရန် ထပ်မံကတိကဝတ်ပေးရန်မှာ ပို၍အရေးကြီးလှပါသည်။ အတိအကျဆိုရလျှင် အစိုးရအနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သည့်နည်းလမ်းဖြင့်ဖြစ်စေ ယင်းဝန်ဆောင်မှုများကို ပံ့ပိုးပေးမည့် ရန်ပုံငွေများကို ခွဲဝေချထားပေးရန် လိုအပ်သည်။ ထို့အပြင် အစိုးရအနေဖြင့် ဤနယ်ပယ်ကဏ္ဍအတွင်း လုပ်ကိုင်ဆောင်ရွက်ရာ၌ မကြာခဏဆိုသလို နယ်ခံရပ် ရွာလူထုများ သို့မဟုတ် ဒေသန္တရအာဏာပိုင်များ၏ ဆန့်ကျင်ကန့်ကွက်မှုများကို ကြုံတွေ့နေရသည့် NGO များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံရေးအရ ရှင်းလင်းပြတ်သားစွာ အားပေးထောက် ခံ၍ ကျားကန်ပေးရန်လိုအပ်ပါသည်။

အန္တရာယ်လျော့ချခြင်းအပြင်၊ အထောက်အထားအပေါ် အခြေခံသည့် မူးယစ်ဆေးကုသမှု ဆိုင်ရာ ဝန်ဆောင်မှုများပေးနေသည့် ဆေးရုံနှင့် အထူးကုဆေးခန်း၊ဌာနများ၏ အရေအတွက်မှာ အထူးသဖြင့် မူးယစ်ဆေး အကြောတွင်းထိုးသွင်းမှု အလွန်အမင်း များပြားသည့် ဒေသများတွင် အဆမတန် နည်းပါးနေပါသည်။ ဦးစားပေးလုပ်ငန်းတစ်ရပ် အနေဖြင့် မူးယစ်ဆေး သုံးစွဲသူများ အနေဖြင့် များစွာသဘောကျလက်ခံပြီး ထိရောက်မှုရှိကြောင်း သက်သေပြလျက်ရှိသည့် မက်သဒုံး အစီအစဉ်များ၂၁ကို နေရာဒေသအနှံ့ လိုအပ်သည့်အချိန်တိုင်း အလုံအလောက်ရရှိနိုင်စေရန် အရှိန်အဟုန်မြှင့် ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည်။ ဗျူပရီနိုဖိန်းကဲ့သို့သော အခြားသော အစားထိုးကုသမှုနည်းလမ်းများကို မိတ်ဆက်ကျင့်သုံးနိုင်ရန်လည်း ထည့်သွင်းစဉ်းစားသင့်သည်။ အလားတူပင် ကျန်းမာရေးဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ ကြီးကြပ်မှုဖြင့် မိမိ၏သဘောဆန္ဒ အလျောက် အထောက်အထားပေါ် အခြေခံသည့် အမူအကျင့်ပြောင်းလဲရေး ကုထုံးများကို ရယူသုံး စွဲနိုင်သည့် ရပ်ရွာအခြေပြုကုသရေးအစီအစဉ်များကို ဖွင့်လှစ်အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ အနှံ့အပြား တစ်ဟုန်ထိုးမြင့်တက်လာလျက်ရှိသည့် အမ်ဖီတမင်းအသုံးပြုသူများကို များစွာအကူအ ညီရစေပါလိမ့်မည်။ လူမှုဝန်ထမ်းဝန်ကြီးဌာနက မူးယစ်ဆေးသုံးစွဲသူများအတွက် ယခင်က လုပ်ဆောင်ခဲ့သည့် မိမိဆန္ဒအလျောက် ပြန်လည်ထူထောင်ရေး စီမံကိန်းများကိုလည်း ပြန်လည်အသက်သွင်းပြီး လိုအပ်သည့် ပံ့ပိုးမှုများကို အလုံအလောက်ပေးသင့်ပါသည်။

နောက်ဆုံးအနေဖြင့်ပြောရသော်လည်း အရေးကြီးသည့်အချက်မှာ တားဆီးနှိမ်နှင်းရေး အဖွဲ့အ စည်းများ၏ ထိပ်ဆုံးအဆင့်မြင့်အရာရှိများမှသည် ဒေသအဆင့် အရာရှိများအထိ ပြင်ဆင်လိုက် သည့် ဥပဒေနှင့်အညီ အပြောင်းအလဲဖြစ်လာသည့် အထူးသဖြင့် လက်တွေ့စည်းကြပ်ဖော်ဆောင် မှုနှင့် မုချပေါ်ပေါက်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို အနုလုံပဋိလုံ နားလည်သဘော ပေါက်နေရန် လိုအပ်ပါသည်။

ဘိန်းစိုက်ပျိုးသည့်ဒေသများတွင် အခြားဖွံ့ဖြိုးတိုးတက်မှုစီမံချက်များ အားပေးလုပ်ဆောင်ရန်

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဘိန်းဖျက်ဆီးမှုများကို အလေးထားလုပ်ဆောင်ခဲ့သော်လည်း၊ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုမှာ ၂၀၀၆ ခုနှစ်မှစပြီး သုံးဆပိုတိုးလာခဲ့ပါသည်။၂၂ ယင်းကဲ့သို့ သိသာသည့် ဆန့်ကျင်ဖက်အကျိုးရလဒ်များက အထက်ဖော်ပြပါ တရားမဝင်သီးနှံများစိုက်ပျိုးမှုကို တွန်းအားပေးနေသည့်အချက်များကို ကိုင်တွယ်ရာတွင် အရေးကြီးမှုကို မီးမောင်းထိုးပြနေပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်ကို မူအရမကြာခဏထောက်ခံကြသော်လည်း ရပ်ရွာအဖွဲ့အစည်းမဆိုစလောက်အနည်းငယ်မျှသာလျှင် ပံ့ပိုးမှုကို အပြည့်အဝရကြပါသည်။ မြန်မာ့ဘိန်းစိုက်ပျိုးသူလယ်သမားများဖိုရမ်က “ဘိန်းစိုက်ခင်းများကို ဖျက်ဆီးပစ်ခြင်း နှင့် လာဘ်ယူ ခြင်းနှင့် တရားမဝင် အခွန်ကောက်ခံခြင်းတို့ပြုလုပ်နေမည့်အစား အစိုးရအရာရှိကြီးများကို ရပ်ရွာ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံဝန်ဆောင်မှုများနှင့် ရေရှည်ပံ့ပိုးကူညီမှုပေးရန်” သူတို့၏ နောက်ဆုံး ထုတ်ပြန်ကြေညာချက်တွင် မေတ္တာရပ်ခံခဲ့သည်။

အထက်တွင်ဖော်ပြခဲ့သည့် ထိုင်းနိုင်ငံ၏ သာဓကအရ ဘိန်းစိုက်ပျိုးမှုကို စဉ်ဆက် မပြတ်လျှော့ချလိုပါက မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးသည့် ဘိန်းစိုက်ဒေသများရှိ ကျေး လက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၌ အတိုင်းအတာတစ်ခုအထိ ရေရှည်ရင်းနှီးမြှုပ်နှံမှုပြုရန် လိုအပ်ပါလိမ့်မည်။ အကောင်းဆုံးမှာ ယင်းသို့သော ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို ပို၍ကျယ်ပြန့်သည့် နိုင်ငံတော်အဆင့် ကျေးလက်ဖွံ့ဖြိုးရေး မဟာဗျုဟာတစ်ခုအတွင်းတွင် ထည့်သွင်းလုပ်ဆောင်သင့်သည်။ တရားမဝင် သီးနှံများ အတင်း အဓမ္မဖျက်သိမ်းခြင်းကို ရေရှည်တည်တံ့ခိုင်မြဲ နိုင်သည့် အခြားအသက်မွေးကျောင်းအခွင့်အလမ်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ချိန်အထိ မလုပ်ဆောင်သင့်ကြောင်း ရှင်းလင်းသည့်မူဝါဒမျိုး ချမှတ်သင့်ပါ သည်။

နိဂုံး - အရှေ့ တောင်အာရှတွင် မြန်မာနိုင်ငံသည် မူးယစ်မူဝါဒ ပြုပြင်ပြောင်းလဲမှုတွင် ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်လား။

ပြင်းထန်သည့် အပြစ်ဒဏ်များချမှတ်မှုသည် “မူးယစ်ဆေးဝါးပြဿနာကို တိုက်ဖျက်ရန်” အတွက် တစ်ခုတည်းနှင့် အားလုံးအဆင်ပြေနိုင်သည့်နည်းလမ်းဆိုသည့် ထင်မြင်ယူဆချက်မျိုး အရှေ့  တောင်အာရှတွင် နက်ရှိုင်းစွာရှိကြသည်။ ထိုင်းနိုင်ငံ၂၃ နှင့် ဖိလစ်ပိုင်နိုင်ငံ ကဲ့သို့သော နိုင်ငံများ သည် ကြီးလေးသည့် ထောင်ဒဏ်များချမှတ်ခြင်း၊ အတင်းအဓမ္မကုသမှုခံယူစေခြင်း၊ သေဒဏ်ပေး ခြင်းနှင့် မူးယစ်ဆေးသုံးစွဲသူများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်းများပါ ပေါင်းစပ်၍ သူတို့ကိုယ်ပိုင် “မူးယစ်ဆေးဝါးစစ်ပွဲ”ကို ဆင်နွှဲလျက်ရှိကြသည်။ သို့ရာတွင် ယင်းနည်းလမ်းများတွင် သူ့အကန့် အသတ်များနှင့်သူ ရှိနေသည်ကို ပိုပြီးတွေ့ရှိနေရသည်။ မူးယစ်ဆေးသုံးစွဲမှုကြောင့် ကျန်းမာရေး ဆိုင်ရာ အန္တရာယ်များကို လျော့ချရန် သို့မဟုတ် ရပ်ရွာလူမှုအသိုင်းအဝိုင်းများကို ကာကွယ်ရန် ဝေး၍ အကြမ်းဖက်မှုကို ပို၍အရှိန်မြှင့်ပေးရန်၊ အဂတိလိုက်စားမှုကို ပိုမိုတွန်းအားပေးရန်နှင့် တရား ဥပဒေစိုးမိုးမှုအခြေအနေကို များစွာထိခိုက်စေသည့်သာဓကများသာ တွေ့ရလေသည်။၂၄ လက်မခံချင်စရာ အမှန်တရားတစ်ခုမှာ မူးယစ်ဆေးဆိုင်ရာ ပြဿနာများနှင့်ကိစ္စရပ်များ အားလုံး ကို ကိုင်တွယ်ရာတွင် လွယ်ကူစွာဖြေရှင်းနိုင်သည့်နည်းလမ်းများ သို့မဟုတ် အံ့ဘွယ်ပြောင်းလဲ စေနိုင်သည့် မူဝါဒမျိုးမရှိခြင်းပင်ဖြစ်သည်။ သို့သော် ယင်းပြဿနာများကို သိသာစွာကျဆင်း စေနိုင်ပြီး ရပ်ရွာပြည်သူလူထုအားလုံးနှင့် မူးယစ်ဆေးသုံးစွဲနေသူများအတွက်ပါ များစွာအကျိုး ဖြစ်ထွန်းစေနိုင်သည့် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများရှိပါသည်။

မြန်မာအစိုးရအနေဖြင့် မူးယစ်ဆေးအသုံးပြုမှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ခြင်းသည် တန်ပြန် ဆိုးကျိုးများကို များစွာဖြစ်စေနိုင်ပြီး ပြည်သူ့ကျန်းမာရေးသည် မူးယစ်ဆေးမူဝါဒများ၏ ဗဟိုချက် ဖြစ်သင့်သည်ဆိုသည်ကိုလည်း အသိအမှတ်ပြုထားပြီးဖြစ်ပါသည်။ ယင်းအချက်က ကြီးမား လှသည့် တိုးတက်မှုပင်ဖြစ်သည်။ သို့သော်လည်း တစ်ကိုယ်ရေသုံးအတွက် ပမာဏအနည်းအ ကျဉ်းလက်ဝယ်ထားရှိမှုအတွက် ထောင်ဒဏ်ကင်းလွတ်ခွင့်မပြုရန် ရွေးချယ်ဆုံးဖြတ်ခြင်းဖြင့် လွှတ် တော်ကိုယ်စားလှယ်များသည် အများပြည်သူ၏ ကျန်းမာရေးကို ဦးစားပေးမည့် မိမိတို့၏ ရည်ရွယ် ချက်ကို ယုတ်လျော့အားနည်းသွားစေနိုင်ရုံမျှမက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်လုံးကို ကသောင်းကနင်းပင် ဖြစ်သွားစေနိုင်ပါသည်။ မူးယစ်ဆေးသုံးစွဲသူများ ဆေးကုသမှု ခံယူခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည့်လိုအပ်ချက်အဖြစ်ပြုလုပ်ခြင်းကလည်း ပြဿနာပင်ဖြစ်ပြီး ဒေသတွင်းရှိ အခြားနိုင်ငံများတွင် ဖြစ်ခဲ့သည့် အမှားများကို ထပ်မံကျုးလွန်သကဲ့သို့ဖြစ်နိုင်ပါသည်။ အလားတူပင် တစ်နိုင်တစ်ပိုင်စားဝတ်နေရေးအတွက် ဘိန်းစိုက်တောင်သူများကို ရာဇဝတ်မှုဖြင့် ဆက်လက် အရေးယူခြင်းသည် ကျရှုံးမှုများစွာဖြစ်ခဲ့သည့် သက်သေများရှိနေသော မတရားသည့် မူဝါဒများကို ပြန်လည်ချမှတ်လုပ်ဆောင်ရာရောက်သည့်အဓိပ္ပါယ်ပင် ဖြစ်နေတော့သည်။ ထိရောက်သည့် မူးယစ်ဆေးဝါးမူဝါဒများသည် ပြည်သူ့ကျန်းမာရေးအတွက် ထည့်သွင်းစဉ်းစားခြင်း များအပေါ် အခြေခံသင့်ပါသည်။ သို့ရာတွင် လူ့အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း တပြေးညီတည်း အရေးကြီးသည့်မဏ္ဍိုင်များအဖြစ် အသက်သွင်းလုပ်ဆောင်ရန် လိုအပ်ပါသည်။ ဥပဒေမူကြမ်းတွင် ဆက်လက်ပါရှိနေသေးသည့် အထက်တွင်ဖော်ပြထားသည့် အပိုဒ်များက ဤရှု့ ထောင့် အမြင်နှစ်ခုစလုံးနှင့် တိုက်ရိုက်ဖီလာဆန့်ကျင်ဖြစ်နေပါသည်။

ဥပဒေပြောင်းလဲပြင်ဆင်မှုများကို နှစ်စဉ်နှစ်တိုင်းလုပ်ဆောင်နေသည်မျိုးမဟုတ်ဘဲ ရံဖန်ရံခါသာ လုပ်ဆောင်နေကြပါသည်။ ယခုအခါ မြန်မာအစိုးရအနေဖြင့် အတိတ်က မအောင်မြင်ခဲ့သည်များကို ဘေးဖယ်ထားရန် ထောင်ချီသည့်လူပေါင်းများစွာ၏ ဘဝများကို တိုးတက်စေရန် အချက်အလက် အထောက်အထားအပေါ် အခြေခံသည့် မူဝါဒများကို ချမှတ်နိုင်သည့် အခွင့်ကောင်း တစ်ခုရှိနေပြီ ဖြစ်သည်။ မကြာမီဖြစ်လာမည့် အရေးကြီးသည့် အပြောင်းအလဲများက အဓိကတိုးတက်မှုများကို ဖြစ်စေမည်မှာ သံသယဖြစ်စရာမရှိချေ။ မည်သို့ပင်ဖြစ်စေကာမူ၊ အထက်တွင် အကြံပြုထားချက်များအတိုင်း ဤပြောင်းလဲမှုများတွင် လိုအပ်သည့် အကျိုးရလဒ်ရှိစေရန်အတွက် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးဥပဒေကို ထပ်မံပြင်ဆင်မှုများကို ပြုလုပ်ရန်အတွက် သေချာစွာ စဉ်းစားသင့်ပါသည်။ ထို့အပြင် ထိုဥပဒေဆိုင်ရာ အပြောင်းအလဲများနှင့်အတူ အစိုးရမှ ဦးဆောင်သည့် လေးနက်မှုရှိသည့် ကျန်းမာရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုလုပ်ငန်းများလည်း ပါဝင်ရန် လိုအပ်ပါလိမ့်မည်။

ယခင်က “ထိန်းချုပ်ခဲ့ရသည့်အခြေအနေများကို တုန့်ပြန်မှု” မျိုးလည်း လူအများ၏စိတ်ထဲတွင် ရှိကောင်းရှိနေနိုင်ပါသည်။ သို့ရာတွင် ယင်းအချက်ကို မရှောင်လွှဲနိုင်စရာမရှိချေ။ အမြော်အမြင်ကြီးသည့် ခေါင်းဆောင်များနှင့် အစိုးရများသည် အရေးကြီးသည့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ အရှေ့မှ ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲမျက်နှာစာများတွင် ရှိနေတတ်ကြပါသည်။ မျှော်လင့်ချက် မြင့်မားသည့် ပြုပြင်ပြောင်းလဲမှုများကို ပြတ်သားသည့် ဆုံးဖြတ်ချက် ပြင်းထန်သော နိုင်ငံရေးစိတ်ဆန္ဒတို့နှင့် လုပ်ဆောင်သည့်အခါ လူအများအနေဖြင့် လျင်မြန်စွာ အပြောင်းအလဲကို လက်ခံပြီး ပိမိုတိုးတက်သည့် အမြင်များသို့ များမကြာမီ ပြောင်းလဲ ဖြစ်ထွန်းနိုင်သည်ကို သက်သေသာဓကများက ပြသနေသည်။

မြန်မာနိုင်ငံ အစိုးရအတွက် အမှန်တကယ်အန္တရာယ်ရှိနိုင်သည်မှာ “သိပ်ပြီး ခေတ်မီလွန်းလှသည်” ဟုတွေးထင်လျက် အပြောင်းအလဲများကို ဆန့်ကျင်နေသူများကြောင့် မဟုတ်ဘဲ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးဆက်များမပေးနိုင်ဘဲ နောက်ဆုံးတွင် အတည်ပြုပေးခဲ့သူများကို ပြဿနာဖြစ်စေနိုင်သည့် “တစ်ပိုင်းတစ်စမျှသာ ပြုလုပ်သည့် ပြုပြင်ပြောင်းလဲမှု”သာလျှင် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အရှေ့ တောင်အာရှတွင် မူးယစ်ဆေးဝါး ဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲမှုကို ဦးဆောင်၍ သမိုင်းတွင်စေနိုင်မည့် ထူးခြားသည့် အခွင့်အရေး တစ်ခုရှိနေပြီဖြစ်သည်။ သို့သော် ထို့သို့လုပ်ဆောင်ရန်အတွက် ပြည်သူ့ကျန်းမာရေး သာမက လူ့အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ်ပါ အခြေခံသည့် ဖိနှိပ်မှုမှသည် ပံ့ပိုးကူညီမှုပုံစံသို့ အသွင်ကူးပြောင်းရန် နှောင့်နှေးတွန့်ဆုတ်မနေသင့်ပေ။

၁ မြန်မာ့တိုင်းမ် ၏ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ပါ ဆောင်းပါးတွင် ကြည့်ပါ။ http://www.mmtimes.com/index.php/national-news/yangon/22011-govt-crackdown-prompts-calls-for-reform-as-drug-addicts-suffer.html

၂ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ Eleven သတင်းစာတွင် ဖော်ပြပါရှိသည့် ဆောင်းပါးကို ကြည့်ပါ။ http://www.elevenmyanmar.com/politics/10931

၃ ဇူလိုင်လ ၂၁ရက်နေ့ က ပြည်ထောင်စုလွှတ်တော်တွင် မြန်မာ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒု ဥက္ကဋ္ဌ ဦးစစ်မြိုင် ၏ပြောကြားချက်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ မြန်မာ့တိုင်းမ် ပါ ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြပါရှိသည့်အတိုင်း

၎ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများစွာက သက်ညှာမှုရှိသည့် မူးယစ်ဆေးဝါးဥပဒေတစ်ခပေါ်ထွန်းလာစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် အခြား လုပ်ဆောင်ချက်များစွာကို ပြုလုပ်ကျင်းပ ခဲ့ကြပါသည်။ UNODC နှင့် UNAIDS တို့၏ ပံ့ပိုးကူညီမှုဖြင့် မူးယစ်ဆေး အလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဥပဒေ (မူးယစ်ဥပဒေ) နှင့်ပတ်သက်သည့် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲများတွင်လည်း တက်ရောက်ခဲ့ကြပါသည်။

၅ Degenhardt, L., Chiu, W.T., Sampson, N., Kessler, R.C., Anthony, J.C. et al. (၂၀၀၈) ‘အရက်၊ ဆေးရွက်ကြီး၊ ဆေးခြောက်နှင့် ကုတ်ကင်းအသုံးပြုမှု၏ ကမ္ဘာလုံးဆိုင်ရာ အမြင်တစ်ခုဆီသို့ - WHO ၏ ကမ္ဘာ့ စိတ်ကျန်းမာရေးဆိုင်ရာ စစ်တမ်းမှ တွေ့ရှိချက်များ’ ၊ PLoSMedicine ၊ အတွဲ - ၅၊ အမှတ် - ၇ www.plosmedicine.org/article/info:doi/10.1371/journal.pmed.0050141 Accessed 11.07.14

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးစွဲမှု ဆိုင်ရာ ဥရောပနိုင်ငံများ စောင့်ကြည့်လေ့လာရေး ဌာန (၂၀၁၁) ပြစ်ဒဏ်များနှင့် ဆေးခြောက်အသုံးပြုမှုအကြား ဆက်စပ်မှုကို ရှာဖွေခြင်း www.emcdda.europa.eu/online/annual-report/2011/boxes/p45 Accessed 08.07.14

Single, E., Christie, P. နှင့် Ali, R. (၂၀၀၀) ‘ဩစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်၏ အကျိုးဆက်များ’ ပြည်သူ့ကျန်းမာရေးမူဝါဒ ဂျာနယ်၊ အတွဲ - ၂၁၊ အမှတ် - ၂၁၊ စာ. ၁၅၇ - ၁၈၆ www.ncbi.nlm.nih.gov/pubmed/10881453 Accessed 08.07.14

၆ မူးယစ်ဆေးသုံးစွဲခြင်း၊ မိမိအသုံးပြုရန်အတွက် ပမာဏအနည်းငယ်လက်ဝယ် ထားရှိခြင်း၊ သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်း လက်ဝယ်ထားရှိခြင်းတို့ကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ခြင်း တို့က ကျန်းမာရေးနှင့် လူမှုရေးပိုင်းဆိုင်ရာ အန္တရာယ်အမျိုးမျိုးကို ဖြစ်စေသည့် အဓိကသော့ချက်တစ်ခု ပင်ဖြစ်သည်။ မူးယစ်ဆေးမူဝါဒဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ကော်မရှင် ဝက်ဘ်ဆိုဒ်မှ အစီရင်ခံစာများ ရယူနိုင်ပါသည်။ www.globalcommissionondrugs.org/reports/

မြန်မာနိုင်ငံရှိ PWID အချက်အလက်များက ရဲများ၏ နှောင့်ယှက်မှုကြောင့် အန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးအကြောတွင်းထိုးသွင်းသည့် အလေ့အကျင့်များကို ဖြစ်စေပြီး အလွန်အကျွံသုံးစွဲမှုကို ကုသခြင်း ကိုလည်း အဟန့်အတားဖြစ်စေသည်ဆိုသည့်အချက်ကို ပြသလျက်ရှိသည်။ အမျိုးသား အိတ်ခ်ျအိုင်ဗွီ ဥပဒေဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ၊ အိတ်ခ်ျအိုင်ဗီပိုးရှိသူများနှင့် အဓိကခံစားနေရသူများအတွက် ကျန်းမာရေးနှင့် အိတ်ခ်ျအိုင်ဗွီဆိုင်ရာ ဝန်ဆောင်မှုများရရှိစေရေးတွင် မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ မူဘောင်နှင့် ယင်း၏ အကျိုးဆက်များကို သုံးသပ်ချက်၊ စက်တင်ဘာ ၂၀၁၄၊ UNDP / UNAIDS / ပျိုးပင်

၇ “တိတ်ဆိတ်စွာ ပြုလုပ်နေသည့် တော်လှန်ရေးတစ်ခု - ကမ္ဘာအဝှမ်း မူးယစ်ဆေး သုံးစွဲသူများကို ရာဇဝတ်မှုအနေဖြင့် မသတ်မှတ်ခြင်း”၊ မတ်လ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် စာရေးသူများ - Niamh Eastwood, Edward Fox, Ary Rosmarin ၏ အစီရင်ခံစာကို ကြည့်ပါ။

၈Domosławski A. ၏ ပေါ်တူဂီနိုင်ငံ၏ မူးယစ်ဆေးမူဝါဒ - မူးယစ်ဆေးသုံးစွဲမှုကို ရာဇဝတ်မှုအဖြစ်မသတ် မှတ်တော့ခြင်း၏ အကျိုးကျေးဇူးများ၊ ဝါဆော၊ Open Society Foundations ၂၀၁၁ (https://www.opensocietyfoundations.org/sites/default/files/drug-policy-i..., accessed 6 April 2016)

၉ ဘန်ကောက်ပို့စ်သတင်းစာမှ ဆောင်းပါးတွင် ကြည့်ပါ။ https://m.bangkokpost.com/learning/advanced/1228730/drug-reform-thailand-harm-reduction-decriminalisation

၁၀၁၀ Juan Fernandez Ochoa နှင့်Marie Nougier တို့ရေးသားသည့် IDPC briefing paper “How to capitalise on progress made in the UNGASS outcome document” တွင်ကြည့်ပါ။ http://fileserver.idpc.net/library/IDPC-briefing-paper_How-to-capitalise-on-UNGASS-O-D.pdf

၁၁၁၁ IDPC, International HIV/AIDS Alliance and ANPUD, “A public health approach to drug use in Asia: principles and practices for decriminalisation”

Release “A quiet revolution: drug decriminalisation across the globe”, authors Niamh Eastwood, Edward Fox, Ary Rosmarin, March 2016 တို့တွင် ကြည့်ပါ။

၁၃၁၃ နိုင်ငံတကာ ဘေးအန္တရာယ်လျော့ချရေး အစီအစဉ် (၂၀၁၁) “ရက်စက်စွာ ကုသခြင်း - မူးယစ်ဆေး စွဲမှု ကို ပြန်လည်ကုသပေးရေးဆိုသည့်အမည်ဖြင့် မတရားနှိပ်စက်မှုများ” (New York: Open Society Foundations)

၁၄၁၄ အသေးစိတ်အချက်အလက်များအတွက် UN joint statement on Compulsory drug detention and rehabilitation centers: http://www.unaids.org/sites/default/files/sub_landing/files/JC2310_Joint%20Statement6March12FINAL_en.pdf တွင်ကြည့်ပါ။

၁၅၁၅ United Nations Office of Drugs and Crime ၊ ၂၀၁၀ “Evidence from compulsory centres for drug users in East and South East Asia”. Background Paper prepared by UNODC RE EAP for the Regional Consultation on Compulsory Centres for Drug Users, 14–16 December, 2010, Bangkok, Thailand; 2010http://www.unaids.org.cn/pics/20130719153407.pdf. (accessed 04.11.14)

Yan et al., 2013

Yan, L., Liu, E., McGoogan, J.M., Duan, S., Wu, L.T., Comulada, S. et al. Referring heroin users from compulsory detoxification centers to community methadone maintenance treatment: A comparison of three models. BMC Public Health. 2013; 13: 747

DOI: http://dx.doi.org/10.1186/1471-2458-13-747

Human Rights Watch (2001), “The rehab archipelago: Forced labour and other abuses in drug detention centres in Southern Vietnam”

၁၆၁၆ Transnational Institute, “Bouncing back, relapse in the Golden Triangle”, June 2014.

UNODC – Southeast Asia Opium Survey 2015.

Statement of 4th Myanmar Opium Farmers Forum (MOFF), https://www.tni.org/en/publication/statement-of-the-4th-myanmar-opium-farmers-forum

၁၆၁၆ Opium cultivation in the Golden Triangle, Lao PDR, Myanmar Thailand – Thailand Opium Survey – 2006 – UNODC

၁၇၁၇ FIDH and World Coalition against the death penalty – The death penalty for drug crimes in Asia report – 2015.

https://www.fidh.org/IMG/pdf/asia_death_penalty_drug_crimes_fidh_wcadp_report_oct_2015_pdf.pdf

၁၉၁၉ မူးယစ်ဆေးအကြောထဲထိုးသွင်းများအနက် HIV ကူးစက်ပြန့်ပွားနှုန်းမှာ ၂၀၁၄ ခုနှစ်တွင် ၂၈.၃% ဟု ခန့်မှန်းပါသည်။ သတင်းအရင်းအမြစ် - Integrated biological and behavioural survey among people who inject drugs, Myanmar, 2014

၂၀၂၀ Both the Global Fund and 3MDG, the two main donors supporting harm reduction programmes in Myanmar, have announced important cuts as early as January 2018

၂၁၂၁ ကချင်မူးယစ်ဆေးသုံးစွဲသူများ၏ ကြေညာချက်ကို ကြည့်ပါ။ https://www.tni.org/en/article/statement-of-kachin-state-drug-users

၂၂၂၂ UNODC – Southeast Asia Opium Survey 2015

၂၃၂၃ ၂၀၀၃ခုနှစ်က ထိုင်းဝန်ကြီးချုပ် သက်ခ်ဆင်ရှင်နာဝပ်သည် “မူးယစ်ဆေးတိုက်ပွဲ”တစ်ခုကို ဆင်နွှဲခဲ့ပြီး မူးယစ်ဆေးသုံးစွဲသူပေါင်း ထောင်ပေါင်းဒါဇင်ချီ၍ု ဖမ်းဆီးခြင်း၊ လူ ၃၀၀၀ ခန့်ကိုသတ်ဖြတ်ခြင်းတို့ကို အဓိကအားဖြင့် ရဲများနှင့် စစ်တပ်မှကျုးလွန်ခဲ့ကြသည်။ Human Rights Watch, Thailand: Not Enough Graves; and Human Rights Watch, “Thailand’s ‘War on Drugs.’” ကိုကြည့်ပါ။

မနှစ်က ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကလည်း “မူးယစ်ဆေးဝါးတိုက်ပွဲ”တစ်ခုကို ပြုလုပ်ခဲ့ပြီး မူးယစ် ဆေးသုံးစွဲသူများနှင့် ရောင်းဝယ်သူများကို သတ်ဖြတ်ရန် ရဲများနှင့် နိုင်ငံသားများကို ဖိတ်ခေါ်ခဲ့သည်။ ယခုအချိန်ထိ လူပေါင်း ၇၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ Wanda Felbab-Brown ဆောင်းပါးကို လင့်ခ်တွင်ကြည့်ပါ။ https://www.brookings.edu/testimonies/the-human-rights-consequences-of-t...

၂၄၂၄ “The human rights consequences of the war on drugs in the Philippines”, by Vanda Felbab-Brown, 8 August 2017. https://www.brookings.edu/testimonies/the-human-rights- ကိုကြည့်ပါ။