မြန်မာနိုင်ငံ၏ ပဋိပက္ခထောင်ချောက် မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ်သမိုင်းကို လေ့လာဆန်းစစ်ထားသည့် Podcasts စီးရီးသစ်များ
Regiones
TNI သည် မြန်မာနိုင်ငံ၏ ပဋိပက္ခသမိုင်းကြောင်းနှင့်ပတ်သက်၍ မာတင်စမစ် (Martin Smith) ကို ပေါ့ဒ် ခတ်စ်(Podcast) အင်တာဗျူးစီးရီးတစ်ခု ပြုလုပ်ခဲ့သည်။ အလွန်ကျယ်ပြန့်နှံ့စပ်သည့် ခရီးသွားအတွေ့ အကြုံများအားဖြင့် မာတင်စမစ်သည် ၁၉၈၀ ပြည့်နှစ်အစောပိုင်းကာလမှစ၍ မီဒီယာပေါင်းစုံ၊ ပညာရပ် ဆိုင်ရာနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းပေါင်းများစွာအတွက် မြန်မာနိုင်ငံနှင့် တိုင်းရင်းသားအမျိုး သားရေးရာ ကိစ္စရပ်များကို သုတေသနပြု သုံးသပ်တင်ပြလာခဲ့သူတစ်ဦးဖြစ်သည်။ ၎င်းပုံနှိပ်ထုတ်ဝေခဲ့ သည့် စာအုပ်များ၌ "မြန်မာနိုင်ငံ - တော်လှန်ရေးနှင့် တိုင်းရင်းသားနိုင်ငံရေး"၊" မြန်မာနိုင်ငံ၏ တိုင်းရင်း သားအင်အားစုများ - ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး"၊" ပဋိပက္ခမြေ - မြန်မာနိုင်ငံ၏ တိုင်းရင်းသားပဋိပက္ခ အလှည့်အပြောင်းများ" ၊ နှင့် " အာရကန်(ရခိုင်ပြည်နယ်) - မြန်မာ့အနောက်တံခါးမှ ပဋိပက္ခမြေ " တို့ပါဝင်လျက်ရှိသည်။ ထို့အပြင် ၎င်းသည် Prospect Burma ပညာရေးရန်ပုံငွေအဖွဲ့၏ ပူး တွဲတည်ထောင်သူ၊ Three Diseases Fund ဘုတ်အဖွဲ့၏ လွတ်လပ်သည့်ပညာရှင်အဖွဲ့ဝင်ဟောင်းနှင့် Transnational Institute ၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။
Martin Smith
လူတွေ ကျနော့်ကို ခဏခဏလာပြောကြတာက ‘နိုင်ငံခြားသားတစ်ယောက်ဖြစ်နေပြီး ဘာ ကြောင့် မြန်မာ့အရေးကို စိတ်ဝင်တစားရှိရတာလဲ။ ဘာကြောင့်မြန်မာ့အရေးကိုမှ ရွေးပြီးရေးသား နေရတာလဲ။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူ့ရဲ့သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကို အရင်ဆုံးစိတ်ဝင်စားမိရာကနေ စ တယ်လို့ပြောရမယ်။ သတင်းစာတွေပေါ်မှာ ရံဖန်ရံခါပေါ်လာတတ်တဲ့ ဇာတ်ကောင်းတွေကလွဲပြီး နှစ်ရှည်လများ ပြည်တွင်းစစ်ဒဏ် အလူးအလဲခံနေရတဲ့ နိုင်ငံတစ်ခုမှန်း ကျနော်လုံးလုံးသတိမထား မိခဲ့ဘူး။ ဘာပြောပြော ကျနော်သတိထားမိတဲ့အချိန်က အတော်စောခဲ့တယ်လို့ ပြောလို့ရပါတယ်။ ကျနော်ခရီးတွေ ထွက်ဖြစ်တဲ့အခါတိုင်း အတိတ်ကာလတုန်းက အရေးပါခဲ့ဖူးကြတဲ့ ရှေ့မျိုးဆက်က သက်ကြီးရွယ်အိုတွေနဲ့ မကြာခဏဆိုသလို တွေ့ဆုံစကားပြောဖြစ်ခဲ့တယ်။ သူတို့တွေထဲမှာ ၁၉၄၆ ခုနှစ်တုန်းက ကရင်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လန်ဒန်ကို ရောက်လာခဲ့တဲ့ စောသာဒင်၊ ပင်လုံအစည်းအဝေးတက်ခဲ့တဲ့ ကချင်အမျိုးသား ဒူဝါဇော်ရစ်နဲ့ မွန်အမျိုးသားခေါင်းဆောင် နိုင်ရွှေကျင်တို့လို လူတွေလည်းပါနေခဲ့တယ်။ သူတို့ရော သူတို့ရဲ့ မိသားစုဝင်တွေရော ကျနော့်အတွက် အချိန်တွေအများကြီး ပေးခဲ့ကြတယ်။ အတော်လည်း ဖော် ရွေခင်မင်တတ်တဲ့ ပုဂ္ဂိုလ်တွေလို့ ပြောရမယ်ဗျ။ သူတို့အားလုံးက နေ့ရောညပါ တစ်ချိန်လုံး လိုလို နိုင်ငံရေးအကြောင်းပဲ ပြောနေခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက သူတို့ပြောပြတဲ့ အဖြစ်အပျက် တွေကို ချရေးနေရင်းကနေ ဘယ်သူမှအခုလောက်ကြီး သူတို့ကို တွေ့ဆုံမေးမြန်းတာမျိုး မလုပ်ခဲ့ဖူးဘူးဆိုတာကို သတိထားမိလိုက်တယ်။ ဒါကြောင့်ပဲ စာအုပ်တစ်အုပ် လောက်တော့ မဖြစ်မနေရေးဖို့ လိုအပ်နေပြီလို့ ကိုယ့်ကိုကိုယ်သတိပေးမိ လိုက်တယ်။
သူတို့ပြောပြခဲ့တဲ့ အကြောင်းအရာတွေက အရမ်းကိုဩချရလောက်တဲ့ ဇာတ်လမ်းတွေ ဖြစ်နေခဲ့တယ်။ ဒီမျိုးဆက်တွေက စိတ်ရင်းနဲ့အဖြေရှာဖို့ တကယ့်ကိုကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။ အဲဒီတုန်းက သူတို့ပြောတဲ့ သူတို့အကြောင်း တွေကို ရေးသားတင်ပြတာက သူတို့ရှာနေကြတဲ့အဖြေတွေရလာအောင် အထောက်အကူပြု နိုင်လိမ့်မယ်လို့ ထင်မိခဲ့တယ်။ အဲဒီနောက်တော့ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပြီး ရုတ်တရက်ဆိုသလိုပဲ မြန်မာနိုင်ငံဟာ နိုင်ငံတကာစင်မြင့်ပေါ် ရောက်လာခဲ့ တယ်။ ကမ္ဘာ့လျစ်လျူရှုအခံရဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်ကနေ စိုးရိမ်စရာ အကောင်းဆုံးနဲ့ အရေးပေါ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကုလသမဂ္ဂရဲ့စားပွဲပေါ် ထိပ်တန်း ဦးစားပေးထားပြီး ဆွေးနွေးရတဲ့အဖြစ်ကို ရောက်သွားတော့တာပေါ့။
အခုကျနော်ကိုယ်တိုင် အိုမင်းလာတဲ့အခါကျတော့မှ သူတို့ရဲ့ပြည်သူတွေ၊ ပဋိပက္ခတွေနဲ့ ပြဿနာ တွေအကြောင်း ကျနော့်ကို ပြန်ပြောင်းပြောပြခဲ့ကြသူတွေစိတ်ထဲမှာ သူတို့အကြောင်း လူပြောသူ ပြောနည်းနေဆဲဖြစ်တယ်လို့ ခံစားနေခဲ့ကြရမှန်း သဘောပေါက်လာတော့တယ်။ သူတို့တွေရဲ့ စိတ် ထဲမှာ ကျနော်ဟာ သူတို့ပြောတဲ့အကြောင်းအရာတွေကို မှတ်မိနေပြီး မှတ်တမ်းတင်ရေးသားပေး မယ့်သူ၊ သူတို့မရှိတော့တဲ့အချိန် သူတို့အကြောင်းကို ဆက်ပြောပေးနေမယ့်သူတစ်ဦးလို့ သတ်မှတ်ခဲ့ ကြပုံပေါ်တယ်။ ကျနော်မြန်မာအကြောင်း ရေးသားတင်ပြတဲ့အခါတိုင်း အမြဲတမ်း လိုလို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးပဋိဉာဉ်မူဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး အခြေခံမူ တွေကို ထည့်ထည့်ရေးဖို့ အာသီသပြင်းပြနေလေ့ရှိတယ်။ လူသားတိုင်းဟာ တန်းတူတန်ဖိုးရှိသလို လူတိုင်းမှာ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းမှုနဲ့ အသက်ရှင်သန်ပိုင်ခွင့် အခွင့်အရေးရှိကြပါတယ်။ ကျနော့်ကို ပြောပြခဲ့ကြတဲ့ အဖြစ်အပျက်တွေက စိတ်နှလုံးကို လှိုက်လှိုက်လှဲလှဲဖမ်းစားနိုင်စွမ်းရှိပြီး အတော့်ကိုဆိုးရွား ပြင်းထန်တဲ့ ကိစ္စရပ်တွေ ဖြစ်နေတဲ့ အတွက် ပြန်စဉ်းစားမိတိုင်း ပူဆွေးဝမ်းနည်းမှုတွေ ထပ်ခါထပ်ခါ ရစ်ဝဲလာ ပြန်တယ်။
အသက်ကြီးလာတာနဲ့အမျှ အနည်းဆုံးကျနော့်အနေနဲ့ လုပ်နိုင်တာတစ်ခုကတော့ ဒီမှတ်ဉာဏ်တွေ ပျောက်ကွယ်မသွားအောင် ကျနော်မြင်တွေ့ကြားသိခဲ့ရတာတွေကို ဆက်ပြီးလက်ဆင့်ကမ်း ပေးခဲ့ရမယ်။ ပြည်တွင်းစစ်ဒဏ်ကြောင့် မွစာကျဲနေပြီး တံခါးပိတ်ထားတဲ့ မြန်မာလိုနိုင်ငံထဲက လူငယ်မျိုး ဆက်တွေအနေနဲ့ ဒီလိုဇာတ်လမ်းတွေ အဖြစ်အပျက်တွေကို ကြားခွင့်မသာခဲ့ကြတာ များပါလိမ့် မယ်။ သူတို့တွေ တစ်နေ့နေ့ နားထောင်ခွင့်ရလာကြလိမ့်မယ်လို မျှော်လင့်နေမိတယ်။ ဒါပေမယ့် စစ်ပွဲဒဏ်သင့်နေပြီး ဆင်ဆာတည်းဖြတ်မှု တင်းကျပ်လွန်းတဲ့ အခြေအနေမျိုးမှာ ဒီအဖြစ်အပျက်တွေ ဇာတ်လမ်းတွေ သူတို့နားထဲရောက်အောင် သယ်ဆောင်သွားနိုင်ဖို့ တယ်မလွယ်လှပါဘူးလေ။ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အနည်းဆုံးတော့ လူငယ်တွေ အတွက် မျက်စိပွင့်နားပွင့်ဖြစ်စေနိုင် လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။”
- အပိုင်း (၁) အက္ခရာဟင်းလေးအိုးကြီး
- အပိုင်း (၂) မဟာဗျူဟာ - ပဋိပက္ခထဲက ဘဝနေနည်း
- အပိုင်း (၃) ပဋိပက္ခထောင်ချောက်
- အပိုင်း (၄) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် - သမိုင်းကို လည်ပြန်ကြည့်ရန် လိုအပ်မှု
- အပိုင်း (၅) ၁၉၈၈ နှင့် ၂၀၂၁ - ဒီနေ့မျိုးဆက်တစ်ခုလုံးရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေက ဘယ်လိုအရေးပါတဲ့ ခြားနားမှုတွေကို ဆောင်ကျဉ်းလာသလဲ။
- အပိုင်း (၆) ၁၉၄၈ မျိုးဆက် - တိုင်းပြည်လွတ်လပ်ရေးနဲ့အတူပါလာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ပျက် ကွက်ခဲ့ခြင်းရဲ့ ဝမ်းနည်းဖွယ်ရာနောက်ဆက်တွဲဂယက်များ
အပိုင်း (၇) ဘာကြောင့် မြန်မာဖြစ်နေရသလဲ။ သမိုင်းထဲက ပဲ့တင်သံ
Buzzsprout: https://www.buzzsprout.com/2243233/episodes
Spotify: https://open.spotify.com/show/5XHZy1LIsGKrOiwpMB6oLL
Podcast Index: https://podcastindex.org/podcast/6599476
Podcast Addict: https://podcastaddict.com/podcast/info-for-ethnic-groups-in-myanmar/4604459
Podchaser: https://www.podchaser.com/podcasts/info-for-ethnic-groups-in-myan-5463739/episodes/recent
Amazon music: https://music.amazon.com/podcasts/70d2f093-3744-4adb-972b-f66bbab51258/info-for-ethnic-groups-in-myanmar
Deezer: https://deezer.page.link/mH1KcnkVSZ7X9iwB6
Listen Notes: https://www.listennotes.com/podcasts/info-for-ethnic-groups-in-myanmar-iegm-YVBp9U6KfZ_/
Player FM: https://player.fm/series/info-for-ethnic-groups-in-myanmar